• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၁)

သင်တန်းတွေ အမျိုးမျိုးရှိရာမှာ သည်နောက်ပိုင်း မြန်မာနိုင်ငံထဲ တော်တော်လေး အသုံးပြုလာကြတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေ ပေးလာကြတာ တွေ့ရတယ်။ အဲဒီဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေမှာ သင်တန်းပေးပုံကလည်း နည်းတွေအမျိုးမျိုး ရှိပြန်တယ်။ အဲဒီထဲက ဝေါကဖေး World Café ဆိုတဲ့ သင်တန်းပေးနည်းလေး အကြောင်း နည်းနည်းကျဉ်းကျဉ်းပြောပြချင်ပါတယ်။ သည်နည်းက များသောအားဖြင့် အုပ်စုလိုက်ဆွေးနွေးမှုကို ပိုအသားပေးတယ်။ သက်တောင့်သက်သာ အေးအေးလူလူနဲ့ ကိုယ့်အတွေး သူ့အတွေးကို ဝေမျှဖို့လွယ်ကူတယ်။ ဒါကတော့ အခြေခံအချက်ပါ။

၁။ ထိုင်ဖို့အတွက် အဆင်ပြေတဲ့နေရာရှိရမယ်။ ကြမ်းခင်းက အေးနေတာ။ အဆင်မချောတာ။ ကြမ်းရှတာမဟုတ်ရဘူး။ မညီမညာ မဖြစ်ရဘူး။ ပတ်ဝန်းကျင်က လေကလည်း မယုတ်မလွန်ပဲ တိုးဝှေ့စေရမယ်။ စာချရေးဖို့ အဆင်ပြေရမယ်။ နံရံတွေက စာရွက်တွေကပ်ဖို့ မှတ်စုတွေကပ်ဖို့ အဆင်ပြေရမယ်။ ခုံတွေရှိရင်တော့ ခုံတွေနဲ့လည်း အဆင်ပြေတယ်။ ခုံက လေးယောက်ထိုင်လိုက်တာနဲ့ ပြည့်သွားတဲ့ ခုံမျိုးလည်း မဟုတ်ရဘူးပေါ့။ ရွေ့လို့ပြုလို့ အဆင်ပြေတဲ့ အနေအထားမှာလည်း ရှိရမယ်။

၂။ နွေးထွေးစွာ စတင်မိတ်ဆက်ပါ။ သင်တန်း တည်နေရာမှလည်း ကြိုဆိုနေကြောင်းအမှတ်အသားလေးထားပါ။ သင်တန်းပံ့ပိုးသူတွေကလည်း သင်တန်းသား လာနေရင် ကြိုဆိုပါ။ နေရာကို သေချာညွှန်ပြပါ။ နွေးထွေးပါ။

၃။ အုပ်စုခွဲတဲ့အခါ အုပ်စုတွေခွဲနည်းက အမျိုးမျိုးနဲ့ခွဲပါ။ အဲလို အုပ်စုခွဲပြီးတာနဲ့ မိနစ် ၂၀ သို့မဟုတ် ၃၀ ကျော်အထိသာ အများဆုံး ဆွေးနွေးစေပါ။ ပုံတွေဆွဲဖို့ စာတွေရေးဖို့ စာရွက်တွေ မာကာပင်တွေကို တစ်ရောင်တည်းမပေးပါနဲ့။ ညွှန်ကြားချက် သေချာပါစေ။ ပုံစံချပြပါ။ မေးခွန်းတွေသေချာနားထောင်ပါ။ တနေရာတည်း မထိုင်ပါစေနဲ့။ အချင်းချင်း လိုက်နာရမည့် စည်းကမ်းတွေ ထုတ်ပေးပါ။ ဥပမာ မှတ်တမ်းတင်သူ။ လှုံ့ဆော်သူစသည်။

၄။ မေးခွန်း မေးတဲ့အခါ နိဒါန်းသေချာချီပါ။ ပြောရမယ့်မေးခွန်းကို သေချာစီပါ။ ကိုယ်ပေးမယ့် သင်ခန်းစာကို ကျော်ပြီး မေးတာမျိုး မလုပ်နဲ့။ အဓိကအချက်တွေ ပါပါစေ။

၅။ သက်ရောက်မှုကတော့ အုပ်စုလေးတွေပဲ ဆွေးနွေးပေမယ့် တစ်ဦးချင်းစီလည်း သိနေပါစေ။

ဝေါကဖီးမှာ အဓိကကျတာကတော့

၁။ ပြောတဲ့စကားတွေ အဆက်အစပ်ရှိရှိ ရှင်းရှင်းလင်းလင်းဖြစ်ပါစေ။

၂။ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်က နွေးထွေးမှုရှိနေပါစေ။

၃။ မေးခွန်းတွေမှာ အဓိကအချက်ကို ထိထိမိမိ အားပါပါ မေးပါ။

၄။ တစ်ဦးတယောက်မချန် လူတိုင်း ပါဝင်ပါစေ။

၅။ ဒေသမတူ လူမျိုးမတူတဲ့သူတွေပါဝင်ပြီး အတွေးတွေကို ကူးလူးဆက်ဆံစေပါ။

၆။ အားလုံးသဘောတူညီတဲ့ ချမှတ်မှုမျိုးလုပ်ပါ။

၇။ ရလာဒ်တွေက ထင်သာမြင်သာ ရှိပါစေ။

နောက်တမျိုးက ဝေါကဖေးရဲ့ ယဉ်ကျေးမှုလို့ ဆိုရမှာပေါ့ သူလည်း ၇ မျိုးလောက်ရှိလေရဲ့။

၁။ အဓိကအချက်ကို ဦးစားပေးပါ။

၂။ သင့်ရဲ့အတွေးကိုလည်း ပါဝင်ပေးပါ။

၃။ နှလုံးသားကလာတဲ့ စကားကို ပြောပါ။

၄။ နားလည်အောင်နားထောင်ပါ။

၅။ အတွေးအခေါ်တွေ ချိတ်မိနေပါစေ။

၆။ လေးလေးနက်နက်နားထောင်ပါ။

၇။ ပျော်တဲ့အသိုက်အဝန်းလေး ဖြစ်နေပါစေတဲ့။

တကယ့်တကယ် သင်တန်းပေးရင်တော့ ကိုယ့်အရပ် ကိုယ့်ဇာတ်နဲ့ နည်းနည်းလေးတော့ ညှိချင်ညှိပေါ့။ ညှိမှလည်း အဆင်ပြေမပေါ့။ ဒါတွေက World Café ရဲ့ နည်းလေးတွေ ဖြစ်ပေရဲ့။ သူရို့နည်း သူရို့ဟန်ဆိုပါတော့။

Related Posts

  • Enneagram Relationship One and One

  • Enneagram Type One Level

  • ဘဝစက်ဝိုင်း (၂)

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress