• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Category: Learning

18 Articles

Community Organizing Part-2

Analysis ခွဲခြမ်းစိတ်ဖြာခြင်းကို လုပ်မည်ဆိုပါက အောက်ပါအောက်ပါအချက်များအားသိထားရမည်။ What                   ပြဿနာက ဘာလဲ၊ Who                   ဘယ်သူတွေ ပါ၀င်ပတ်သက်နေလဲ Why                   ဘာကြောင့် ဖြစ်ရတာလဲ Whom                ဘယ်သူတွေအတွက် လုပ်မှာလဲ Root Cause         ပြသ၁နာဖြစ်စေသော အကြောင်းအရာက ဘာလဲ Friends               မိတ်ဆွေက ဘယ်သူတွေလဲ Enemy                ရန်သူက ဘယ်သူတွေလဲ Situation             အခြေအနေက ဘာဖြစ်နေပြီလဲ Possibility           ဖြစ်နို်င်ခြေ ရှိတာတွေက ဘာတွေလဲ Connected          ဘာတွေနဲ့ ချိတ်ဆက်နေလဲ When                 ဘယ်အချိန်မှာ လုပ်မှာလဲ Time Frame        အချိန် ဘယ်လောက် ရသလဲ Where/Location   ဘယ်နေရာမှာ လုပ်မှာလဲ How                   ဘယ်လို ဖြေရှင်းမှာလဲ……….   လူထုစည်းရုံးရေးလုပ်ငန်းစဉ် Community Organizing Process လူထုစည်းရုံးရေးလုပ်ငန်းစဉ်တွင် အောက်ပါအချက်များပါ၀င်သည်။ 1။ Target Group   (ဦးတည်အုပ်စု) 2။ Issue                 (ပြဿနာ၊ အခက်အခဲ) 3။ Objectives       (ရည်ရွယ်ချက်) 4။ Strategy          (နည်းဗျူဟာ) 5။ Approach        (ချသ်းကပ်နည်း) 6။ Action               (လုပ်ဆောင်ချက်) 7။ Evaluation        (ပြန်လည်သုံးသပ်ချက်)   1 ။Target Group    (ဦးတည်အုပ်စု) စည်းရုံးရေးမှူးတစ်ဦးတွင် မိမိဦးတည်စည်းရုံးမည့် လူထု ( community ) ရှိရမည်ဖြစ်သည်။ မိမိစည်းရုံးမည့်လူထုမရှိဘဲ စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်နိုင်မည်မဟုတ်ပေ၊ မိမိဦးတည်အုပ်စုသည်လည်း တိကျမှုရှိရမည်ဖြစ်သည်၊ သို့မှသာ မည်သည့်လူတန်းစားအလွှာနှင့်

ဆက်ဖတ်ကြည့်ပေါ့

Community Organizing (Part-1)

Community Organizing ဆိုတာ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု မဟုတ်ပါဘူး။ သင်ဟာ Community Organizer ဖြစ်ချင်ပါသလား။ အစောကြီးကတည်းက ပြောထားချင်တာကတော့ community Organizer ဆိုတဲ့အလုပ်ဟာသင့်ကို သူရဲကောင်း တစ်ယောက်လို နာမည်ကြီးစေမဲ့ အလုပ်မျိုး မဟုတ်ဘူးဆိုတာပါဘဲ။ တကယ်တမ်းပြောရမယ်ဆိုရင် community organizing အလုပ်ဆိုတာဟာ community organizer တစ်ယောက် သူရဲကောင်းဖြစ်ဖို့ ဆိုတာထက် လူထုကိုယ်တိုင််သူရဲကောင်းတွေဖြစ်လာအောင် လုပ်ပေးနိုင်မှသာ အောင်မြင်တယ်လို့ဆိုနိုင်မှာပါ။ Community organizing ဆိုတဲ့အလုပ်ဟာ တစ်နေ့ကို (၈) နာရီ အပြည့်အလုပ်လုပ်ရပြီး ကိုယ့်အထက်လူကြီးက ကိုယ့်ကို အလုပ်ထုတ်ပစ်မှာ စိုးရိမ်ပူပန်နေရတဲ့အလုပ်မျိုးလည်း မဟုတ်ပါဘူး။ တခြားဝါသနာအလုပ်တွေလို စိတ်ကူးတစ်ခုထဲကနေ နောက်တစ်ခုပြောင်းလို့ရတဲ့ ဟာမျိုးမဟုတ်သလို ကိုယ်ပိုင်အလုပ်တစ်ခုလို ကိုယ်တစ်ယောက်ထဲလုပ်လို့လဲ မဖြစ်ပြန်ပါဘူး။ Community organizer CO တစ်ယောက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သင့်ကို ၀ိုင်းဝန်းဝေဖန်မှုတွေ ကြုံရမှာပါ။ အဆိုးဆုံးကတော့ သင့်ရဲ့မိသားစုကပြောဆိုဝေဖန်တာ ဖြစ်ပါလိမ့်မယ်။ (CO) တစ်ယောက်ဖြစ်လာတာနဲ့ နောက်ပိုင်း သင်ဟာ သင့်ရဲ့ မိသားစု တာဝန်အပေါ် တာဝန်ရှိမှုတွေနှင့် သင့်ရပ်ရွာပတ်ဝန်းကျင်အတွင်းမှာ လူမှုဘဝပြုပြင်ပြောင်းလဲရေးဖြစ်စေဖို့ တာဝန်ရှိမှု နှစ်ခုကြားမှာ ဟန်ချက်ညီညီ ထိန်းညှိဖို့ အဆက်မပြတ်ကြိုးပမ်းနေရပါတော့မယ်။ သင့်ကို ရပ်ရွာပတ်ဝန်းကျင်အတွက်တကယ်ကို ထူးခြားအံ့သြဘွယ်ရာတွေကို ဆောင်ရွက်ပေးနိုင်တဲ့ လူတစ်ယောက်လို့ မျှော်လင့်ခံရကောင်း မျှော်လင့်ခံရနိုင်ပါတယ်။ ဒါကလဲ သင့်ကိုယ်သင် ဘယ်လိုမြင်လဲ၊ ကိုယ့်ရဲ့အခန်းကဏ္ဍနဲ့ ရပ်ရွာပတ်ဝန်းကျင် အခန်းကဏ္ဍကို ကိုယ်ဘယ်လောက်နားလည်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ကိုယ့်အပေါ် အာဏာပိုင်တွေနဲ့ အခြားလူတွေ- ဥပမာ – လူထုအသိနိုးကြားပြီး ဆန့်ကျင်လာတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ချင်တိုင်းလုပ်လို့မရတော့တဲ့အတွက်

ဆက်ဖတ်ကြည့်ပေါ့

Forum Theater

ခပ်တည်တည်ပဲ။ ရေးကြည့်ဦးမယ်။ သူတို့ပြောကြတာကတော့ ဒီ ပြဇာတ်ပုံစံမျိုးက မြန်မာနိုင်ငံနဲ့ အများကြီး မသင့်လျော်သေးဘူး ဆိုပဲ။ ဟုတ်မှာပါလေ။ ကျွန်တော် ကြည့်ဖူးတဲ့ အနေအထားမှာတုန်းက စင်ပေါ်တက်ချင်နေတဲ့ ကိုယ်မိုက်ခဲတွေတောင် ငြိမ်နေရတာဆိုတော့။ ဒါပေမယ့် သုံးမယ့်သူများ ရှိရင် သုံးရအောင်လို့ သို့တည်းမဟုတ် ကျွန်တော် မှတ်မိချင်လို့ ရေးကြည့်မယ်လေ။ ကျွန်တော် ကြည့်လိုက်ရတဲ့ ပုံစံကို အရင်ရေးပြမယ်။ မြန်မာဇာတ်လမ်းတွေအတိုင်းပါပဲ။ မြန်မာဇာတ်လမ်းတွေမှ ထူးထူးခြားခြား သရုပ်မဆောင်ပြတော့ ကြည့်တဲ့သူတွေလည်း ထူးထူးခြားခြား မရဘူးပေါ့ဗျာ။ ဆို တော့ စပါပြီ။ ဇာတ်လမ်းအစမှာ . . . ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ အမေအိုတယောက်ကို သားက နှုတ်ဆက်စကားပြောတယ်။ “အမေ သားအလုပ်သွားတော့မယ်” သားက ကျောပိုးအိတ်လေးကိုင်ပြီး ထွက်သွားတော့မယ့်ဟန်နဲ့ ပြောတာ။ “အင်း အဟွတ် အဟွတ်၊ သားဂရုစိုက်သွားနော် သား၊ အလုပ်လည်း ကြိုးစား၊ သူဌေးမငြိုင်ငြင်အောင်လည်းနေ အရင်လကလို မဖြစ်စေနဲ့” “အေးပါ အမေရ၊ သားသည်းခံပါတယ်” တခုခု ဖြစ်နေတဲ့ပုံစံကို ပြောနေပုံက ဒိုင်ယာလောခ့်မှာတင် ကြွေလောက်တယ်။ ဒီလိုနဲ့ အလုပ်ရောက်သွားရော။ သူဌေးနဲ့တွေ့တာပေါ့။ ကွန်ပျူတာကိုင်လို့။ ကျွန်တော်တွေ့ဖူးတဲ့ သူဌေးတွေတော့ ဖုန်းတောင် မကိုင်ဘူး။ ထားပါ။ သူဌေးသဏ္ဍာန်လုပ်တော့ သရုပ်တူရတာပေါ့ညယ်။ အလုပ်လုပ်ရင်း အချိန်ပြည့်သွားတယ်။ “ညနေ ၅ နာရီတောင် ထိုးပါပေါ့၊ ပြန်လိုက်ဦးမှ” အတွေးထဲ ပြောတယ်။ ပြန်ခါနီး သူဌေးရောက်လာတယ်။ “မင်း အလုပ်တွေလည်း မပြီးပါလား၊ အမြဲတန်း တိုးလိုးတန်းလန်း ကျန်နေတော့တာပဲ၊ အလုပ်ကို ပြီးအောင်

ဆက်ဖတ်ကြည့်ပေါ့

3 Box Analysis

သင်တန်းတွေမှာ အသုံးပြုတဲ့ Tool လေးတစ်ခု ရေးကြည့်ပါရစေဦး။ ဒီ tool ကိုတော့ ငြိမ်းချမ်းရေး သင်တန်းတွေမှာ သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကလျာဏမိတ္တ ဖောင်ဒေးရှင်းရဲ့ ၂၀၁၇-၂၀၁၉ ခုနှစ်အတွက် Stragetic Plan ဆွဲတဲ့ နေရာမှာ သိလာခဲ့ရတာပါ။ အသုံးပြုပုံပြုနည်းကို Stragetic Plan ဆွဲနေပုံနှင့်ပဲ ရေးပြသွားပါ့မယ်။ ပထမဦးဆုံး မြန်မာနိုင်ငံ တဝန်းလုံးရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာများကို ဖော်ထုတ်ပါတယ်။ ဖော်ထုတ်ပုံကတော့ Column ၃ ခုပါတဲ့ ဇယားလေးတခု ဆွဲချလိုက်ပါတယ်။ အဲဒီကော်လံ သုံးခုထဲက ပထမတခုမှာ Factor of peace ဒုတိယတခုမှာ Factor of conflict တတိယတခုမှာ Actor ဆိုပြီး ပါပါတယ်။ Factor of peace မှာ တကယ့်ကို ငြိမ်းချမ်းစေတဲ့ အချက်အလက်တွေကို ရေးရမှာ ဖြစ်ပါတယ်။ အဲဒီအချက်အတွက် အဓိက ဖန်တီးခဲ့သူ အဖြစ် တတိယအကွက်မှာ ချရေးပေးရပါမယ်။ Factor of conflict မှာလည်း တကယ် ပြဿနာ ဖြစ်စေတဲ့ အချက်အလက်များကို ရေးရပါမယ်။ အဲဒီ ပြဿနာတွေကို ဘယ်သူ ဖန်တီးနေတာလဲ တကယ့်ပြဿနာကို ဖြစ်ပေါ်စေတဲ့ ဖန်တီးသူကို Actor အကွက်မှာ ချရေးရပါမယ်။ Actor တကွက်တည်း ဖြစ်နေတဲ့ ကိစ္စက နောက်ပိုင်းကျရင် ဘယ်သူ့ကို သွားကိုင်တွယ်ရမလဲဆိုတာ အလိုလို ပေါ်လာပါလိမ့်မယ်။ ပြီးတော့ Actor

ဆက်ဖတ်ကြည့်ပေါ့

Posts navigation

← Previous 1 2 3

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress