သင်တန်းပေးတဲ့အခါ ရှေ့က သင်ပေးသူဟာ ဆရာ မဖြစ်ရပါဘူး။ မြန်မာနိုင်ငံက သိတဲ့ ဆရာဆိုတာမျိုးက သူသိ သူတတ်ဖြစ်လွန်းအားကြီးတယ်။ အသိ အတတ်ပညာအားလုံးက ဆရာ့ဆီကလာတာချည်း ဖြစ်အောင် ရှေ့ကနေ ကရားရေလွတ်ပြောတယ်။ တပည့်တွေကို အခွံချည်းသက်သက်ထားလေ့ရှိတယ်။ ပြောသေးတယ်။ အဖြူထည်ကို ဆေးမဆိုးမိစေနဲ့ဆိုပြီး သူရို့ပဲ ခုနှစ်ရောင်ခြယ်တယ်။ ပြီးတော့ ဆရာ့ဂုဏ်ဆိုပြီး ဖြစ်တော့တာပဲ။ သည်တော့ သင်တန်းပေးတဲ့အခါ သင်တန်းသားတွေကို ပံ့ပိုးပေးရုံပဲ လုပ်သင့်တယ်။ တစ်ခုခုသင်တော့မယ်ဆိုတာနဲ့ ကိုယ်သင်မယ့်အရာကို သင်တန်းသားများ စဉ်းစားအောင် တီထွင်ကြံဆအောင် ဘယ်လိုနည်းနဲ့ သင်မလဲလို့ ကိုယ်က အရင် စစဉ်းစားရတာပါပဲ။ သင်သမျှသည် သင်တန်းသားများ တီထွင်ကြံဆတတ်အောင် ဖြစ်နေရမယ်။ တီထွင်ကြံဆတတ်အောင် ဘယ်လိုသင်မလဲ။ ဦးနှောက်ကို နှစ်ခန်းတွဲသုံးခြင်းပါပဲ။ ညာဘက်ခြမ်းကချည်း မှတ်ခိုင်းနေရင် မှတ်မိဖို့မလွယ်သလို ဘယ်ဘက်ကချည်း ခံစားခိုင်းနေရင်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်တွေ ဇွတ်သွင်းနေတာနဲ့တူတယ်။ အထူးသဖြင့် ဘယ်ဘက်ချည်း အသင်လွန်ရင် အကြောက်တရားပဲ ဖြစ်လာတာမျိုးများတယ်။ ညာဘက်ချည်းဆိုရင် လက်တွေ့မှာ ဝေဝါးတယ်။ တစ်ခုခုဆို ပုံသေမှတ်လိုက်တတ်တယ်။ ဘဝက ပုံစံခွက်မဟုတ်ဘူး။ ဒီတော့ သင်တန်းပေးရင် သို့မဟုတ် သင်တန်းပေးခါနီးရင် သင်တန်းသားရဲ့ ဦးနှောက်နှစ်ခြမ်းဆီရောက်အောင် ဘယ်လိုစာသင်နည်းနဲ့ သင်မလဲဆိုတာ အရင်စစဉ်းစားရမှာပဲ။ နောက်တစ်ခုက စိတ်ကြည်လင်ခြင်းပါ။ စဉ်းစားကြံစည်အောင်ကတော့ စိတ်က ကြည်လင်နေရမယ်။ စိတ်ကြည်လင်ဖို့ တရားထိုင်တာမျိုး စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့နေရာမှာ သင်တာမျိုးလုပ်သင့်ပါတယ်။ ပြီးတော့ အဟန့်အတားများကို စွန့်လွတ်ခြင်းဖြစ်ပါတယ်။ သင်တန်းပံ့ပိုးသူက သည်နေရာမှာ ပိုင်ရပါမယ်။ တစ်ခုခု ဟန့်တားနေတဲ့ အတွေးမျို အဖြစ်အပျက်မျိုး မရှိစေရပါဘူး။ အဲဒီအတွက်
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၆)
သင်တန်းပေးရာမှာ တချို့ကိစ္စတွေ (တချို့သင်ခန်းစာတွေ) ကို ကိုယ်တိုင်ကိုယ်ကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မြင်နေရတာက praxis (အတွေ့အကြုံအားဖြင့် သင်ယူခြင်း) ကိုပေးတယ်။ ကိုယ်တိုင်ကျတော့ praxis (အတွေ့အကြုံအားဖြင့် သင်ယူခြင်း) မဖြစ်တာမျိုးရှိတယ်။ တခါခါ အလုပ်တစ်ခုအပေါ် ဘယ်လိုခံစားပေးရမလဲ။ ဘယ်ကနေ ခံစားမလဲဆိုတာကိုတောင် မတွေ့တာ မသိတာ မခံစားတာကို တွေ့ရတယ်။ ဝတ်ကျေ တန်းကျေဖြစ်မနေဖို့ အရေးကြီးတာပဲ။ ဒါကို ထပ်ကာ ထပ်ကာ လုပ်နေရင်းကနေ ထပ်ကာထပ်ကာ ပြန်ကြည့်နေရတယ်ဆိုတာ ရင်ထဲတကယ်ရောက်မထားလို့ပါပဲ။ (သင်ခန်းစာအတွက် တင်ကြိုပြင်ဆင်မှုဆိုရင်တော့ စာတွေပြန်တာ ပြန်ကြည့်တာတော့ လုပ်ရမှာပါပဲ။) ရင်ထဲရောက်ပြီးသားဆိုရင် အဲဒီထဲကနေ နည်းလမ်းတွေ တစ်ဆင့်ပြီးတစ်ဆင့် ပွင့်ထွက်နေမှာ ဖြစ်တယ်။ အဲဒါမှ သင်ခန်းစာက ပိုမိုတိုးတက်လာမှာ ဖြစ်တယ်။ ပေးလိုက်တဲ့ စာတွေအတိုင်းလိုက်ပြောနေတာ ဖတ်ထားတာကို ပြောနေတာမျိုး မဖြစ်ရဘူး။ စာတွေကို အလွန်အမင်းအားကိုးအားထားတွေ လုပ်နေကြရသေးရင် လက်တွေ့သာ ကိုယ့်ဘာသာ များများလုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ စာတွေ့ထက် ကိုယ်တွေ့တွေကို ရှင်းပြနိုင်နေရမယ်။ ကိုယ်နားလည်သလို နားလည်နေရင်လည်း သေချာလား မသေချာလား တကယ်အမှန်လား လွဲနေလား စသဖြင့် ဆရာတွေ တတ်သိနားလည်သူတွေ သို့မဟုတ် အချင်းချင်းတွေမှာ ပြောဆိုကြည့်ရမယ်။ အချင်းချင်းပြောဆိုဆွေးနွေးတာ တိုင်ပင်တာမှာ တယောက်ကို တယောက် သေချာနားထောင်ဖို့လိုတယ်။ သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကို ရောက်ရဲ့လားဆိုတာနဲ့ တိုင်းတာရမယ်။ ရည်ရွယ်ချက်ကို ရောက်ရင် လက်ခံရမယ်။ ငါ့ဆရာက ဒီလိုသင်ထားတာ ငါ့ဆရာမက ဟိုလိုသင်ထားတာ လုပ်လို့မရဘူး။ တကယ့် ဆရာ ဆရာမတွေက သူတို့ သင်တန်းပေးနေချိန်
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၅)
သင်တန်းတစ်ခုကောင်းကောင်းပေးချင်တယ်ဆိုရင် ရည်ရွယ်ချက်တစ်ခု ထားရမယ်။ ဒီသင်တန်းသားတွေ ဘာဖြစ်သွားရမယ်။ ဘယ်အဆင့်အထိ ရောက်ရမယ်ဆိုပြီးတော့ပေါ့။ မြန်မာစကားပုံလေးတစ်ခုကိုလည်း နားလည်ထားရမယ်။ ဒူးလောက်မှန်းမှ ရင်လောက်ကျ ဆိုတဲ့စကားပုံ။ (ရင်လောက်မှန်းမှ ဒူးလောက်ကျ မဟုတ်ဘူးနော်၊ အဲဒါ အမြဲမှားကြတယ်။ မှားစရာမရှိ ကြံဖန်မှားချင်နေသူတွေ) တစ်ခါခါကျရင်လည်း ကျော်ချင် ကျော်ပေမပေါ့။ သင်တန်းအစမှာ ပြောနေကျ ပုံပြင်လေးတစ်ခုအတိုင်းပါပဲ။ တနေ့တော့ ဂျပန်လူငယ်လေး တစ်ယောက် (ဒီနေရာမှာ တချို့က ဘရုစလီကို ထည့်လားထည့်ရဲ့၊ တချို့ကျတော့လည်း တရုတ်ဘုန်းကြီးကလေးတစ်ပါး ဖြစ်နေပြန်လေရဲ့၊ ထားပါ သင်ဦးဆောင်ခေါ်လိုရာ ခေါ်ပါ) ဟာ သိစရာမှန်သမျကိုလည်း သိပြီ။ တတ်စရာမှန်သမျကိုလည်း တတ်နေပြီတဲ့။ သူမသိ သူမတတ်တာ မရှိသလောက်ပါပဲ။ သို့ငြား ဟိုဆော့ခရတ္တိရဲ့ စကားကိုလည်း သူသိပုံရတယ်။ ‘ငါသိသလောက် ငါဘာမှ မသိသေးဘူး’ ဆိုတာမျိုးကို။ အဲလိုနဲ့ သူပညာဆက်ရှာတာပေါ့။ တနေ့တော့ တိဗက်ဘုန်းကြီးတစ်ပါးက သူသိလိုသမျ သင်ပေးနိုင်သေးတယ်လို့ သူကြားတယ်။ ဒါနဲ့ အဲဆီသွားတယ်။ ရောက်တယ်။ ရောက်တော့ ဟိုက ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ ဂျပန်လူငယ်လေးကတော့ ပြောပြတယ်။ ဘယ်လိုပညာမျိုးကိုလည်း သူတတ်ပြီ။ ဘယ်ပညာဆိုရင်လည်း သူသိပြီးသားဆိုတာမျိုး ကရားရေလွတ် တတွတ်တွတ်နဲ့ သူပညာသွားသင်ရမယ့် ဆရာဆီကို သူ့တတ်ကြောင်း တော်ကြောင်းတွေနဲ့ အရင်ဖို့တယ်။ ဟိုတိဗက်ဘုန်းကြီးကလည်း ဘာမှ မပြောဘူး။ နားထောင်ပဲ နားထောင်နေတယ်။ နားထောင်ရင်း ရေနွေးကြမ်းသောက်ခိုင်းတယ်။ ရေနွေးခွက်ကို လူငယ်လေးရှေ့ ချပေးထားတယ်။ ပြီးတော့ ရေနွေးကြမ်းကို ငှဲ့ပေးတယ်။ လူငယ် တတွတ်တွတ်ပြောနေသလို သူကလည်း လူငယ်ပြောတာ မရပ်မချင်း တောက်လျောက်ထည့်ပေးနေတယ်။
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၄)
ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းပံ့ပိုးနည်းကို ရေးလာတာ ခုဆို အမှတ်စဉ် (၄) ကိုရောက်လာပါပြီ။ ဒါပေမယ့် အခု ရေးမှာကလည်း ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၂) မှာပါခဲ့တဲ့ SPOT ဆိုတဲ့ နည်းထဲက P ဆိုတဲ့ Process ကိုပဲ ထပ်ပြောသွားပါ့မယ်။ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၃) မှာပြောခဲ့တဲ့ Process ကတော့ Participant Process ဖြစ်ပါတယ်။ အခုပြောမယ့် Process က Transition Process ဖြစ်ပါတယ်။ တချို့ကတော့ သည်ဖြစ်စဉ်ကို နာမည်လှလှလေး ပေးထားတယ်။ ပြောင်းလဲခြင်းပုံပြင် တဲ့။ ပြောင်းလဲခြင်းတစ်ခုဖြစ်လာဖို့ သင်တန်းသားတွေအနေနဲ့ သို့တည်းမဟုတ် သင်တန်းတစ်ခုအနေနဲ့ အဆင့်တွေရှိတယ်။ ဒီအဆင့်မှာက နည်းနည်းရှုပ်ထွေးပါတယ်။ သင်တန်းပံ့ပိုးသူတွေအနေနဲ့ သည်ဖြစ်စဉ်တွေကို နားလည်ထားရပါမယ်။ သင်တန်းသား တစ်ဦးဟာ သင်တန်းကို ရောက်လာတာနဲ့ ပထမဆုံးဝင်တာက စိုးရိမ်မှုပါပဲ။ ငါ့ခမျာ ဘာမှ မသိဘူး။ ငါ ဘာများသိလာနိုင်မလဲ ငါသိလာမယ့် အရာတွေ ရှိနိုင်ပါ့မလား ဆိုပြီး စိုးရိမ်တာပါပဲ။ စိတ်ကလေး စနိုးစနောင့်နဲ့ သင်တန်းလာတက်တဲ့ သင်တန်းသားတွေကို ပထမဆုံးတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီသင်တန်းသားဟာ သင်တန်းတက်ပြီးတာနဲ့ သိပ်မကြာမတင်မှာပဲ ပျော်ရွှင်မှုရသွားပါတော့တယ်။ တစ်ခုခု ပြောင်းလဲသွားပြီလို့လဲ သူ့ကိုယ်သူ ထင်ပါတယ်။ သင်တန်းအရသာကို စပြီးသိသွားတဲ့ အနေအထားမှာပါ။ ပြောင်းလဲတယ်။ ဘာပြောင်းလဲတာလဲလို့ ပြန်မေးမိတဲ့အချိန်မျိုး။ အဲဒီကနေ တစ်ဆင့် သင်တန်းရက်ကလေး သို့မဟုတ် သင်တန်းချိန်ကလေး ရလာတာနဲ့အမျ စိုရိမ်မှုက ပုံစံတမျိုးပြောင်းလာပါတယ်။ ဒီသင်တန်းက ငါ့အတွက် ဘာအကျိုးရှိမှာလဲ။ ငါ့အတွက် ကောင်းနိုင်လို့လား။
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၃)
ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းပေးနည်းဆိုပေမယ့် ဒီတစ်ကြိမ်တော့ သင်တန်းထဲမှာ ဖြစ်ပေါ်တတ်တဲ့ သင်တန်းသား အခြေအနေလေးတွေကို ပြောပြချင်ပါတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၂) မှာ ပါခဲ့တဲ့ SPOT ထဲက P ဆိုတဲ့ စကားလုံးလေးဟာ Process လို့ဖွင့်ဆိုခဲ့တယ်။ အဲဒီမှာတုန်းကလည်း Process နဲ့ပတ်သက်ပြီး တမျိုးတမည် ရှင်းပြခဲ့တယ်။ ခုကတော့ ဖြစ်စဉ်များစွာရှိတဲ့အထဲက သင်တန်းတွေမှာ ကြုံရတဲ့ သင်တန်းသားဖြစ်စဉ်ပေါ့။ ခြောက်ဆင့်ရှိပါမယ်။ ၁။ သဘောမျှ ပူးပေါင်းပါဝင်ခြင်း (Passive Participant) ဆိုတဲ့သင်တန်းသား။ သူကတော့ အဖွဲ့က လွတ်လိုက်တာ။ သို့မဟုတ် သူ့အထက်က လွတ်လိုက်တာမျိုး။ ပြီးတော့ သင်တန်းထဲမှာ ဘာမှ သိပ်စိတ်မဝင်စားပဲ လူပြည့်ရုံသာ ဖြစ်နေတတ်တဲ့ သင်တန်းသားမျိုးပေါ့။ သူ ပြောနေခြင်း မပြောနေခြင်းတွေဟာ သူ့အတွက် ဘာမှ ထူးခြားမှာမဟုတ်ဘဲ သင်တန်းအတွက်လည်း သိပ်ထူးခြားမှု မရှိတတ်ဘူး။ ၂။ သတင်းပေး ပူးပေါင်းပါဝင်ခြင်း (information giving participant) ဆိုတဲ့သင်တန်းသား။ သင်တန်းမှာ သင်ပေးသမျှတော့ သူ့အတွက် ထိရောက်မှာမဟုတ်ပါဘူး။ မေးလာရင် ဖြေမယ်။ ပြောခိုင်းရင် ပြောမယ်။ လုပ်ရမယ်လို့ ပြောရင် လုပ်လိုက်တာပဲ။ စိတ်ကမပါတော့ ရှေ့က ဆရာသင်သမျှ အားလုံးက သူ့အတွက်မဟုတ်ဘူး။ ၃။ အကြံပေးခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း (Consultative Participant) ဆိုတဲ့သင်တန်းသား။ ပြောရ ဆိုရလွယ်တဲ့ သင်တန်းသားမျိုးပါပဲ။ မေးခွန်းတွေ ဖြေမယ်။ အကြံပေးမယ်။ ထိရောက်တဲ့ နည်းလမ်းတွေကို ပြောပြတတ်တယ်။ ဒါပေမယ့် သူက ပြတ်ပြတ်သားသား
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၂)
သင်တန်းတစ်ခုပေးပြီဆိုရင် ပထမဆုံး အရေးကြီးတဲ့ အခြေခံအချက်ကလေးတွေကိုတော့ သိထားသင့်တယ်မဟုတ်ပါလား။ ပထမဆုံးသိထားရမည်က ပံ့ပိုးသူ ဆိုသည့်အပိုင်းဖြစ်သည်။ တရားဟောခိုင်းခြင်းမဟုတ်။ ဆုံးမခိုင်းခြင်းမဟုတ်ကြောင်း ဆိုသည်ကို သိထားရမည်။ ပံ့ပိုးသူ၏ အဓိက လုပ်ရပ်မှာ သင်တန်းသားများ မိမိကိုယ်ကို မိမိ ပြန်လည်ရှာဖွေ သင်ယူတတ်မြောက်တတ်ဖို့ ဖြစ်သည်။ ပံ့ပိုးမည့်အစီအစဉ်တွင် သတိထားရမည့်အချက်ကလေး လေးချက်ရှိသည်။ အင်္ဂလိပ်လို အတိုကော spot ဟုခေါ်သည်။ S = Save or Space သင်တန်းခန်းမနေရာသည် လုံခြုံစိတ်ချရသည့် အနေအထားတွင် ရှိနေရမည်။ လုံခြုံစိတ်ချဆိုသည့်အဆိုကို အနည်းငယ်ဖွင့်ပါမည်။ သင်တန်းခန်းတွင်းသို့ ဝင်လိုက်သည်နှင့် နွေးထွေးသည်ဆိုသည့် ခံစားချက်မျိုးကို သင်တန်းသားများအား ရရှိစေနိုင်ရမည်။ မှက်ခြင်ယင်လေ စသည့်အနှောက်အယှက်အပြင် သောက်ရေ မုန့် အပျင်းပြေကစားစရာများ အသင့်ရှိနေရမည်။ အဝင်အထွက် အသွားအလာ လွယ်ကူရမည်။ ဤသည်မှာ အရေးကြီးသည့် အချက်များ ဖြစ်ပေသည်။ P = Process ဖြစ်စဉ်ဟု အတိုချုံးခေါ်သည်။ ဋီကာရလျင် မိမိသင်တန်းအတွင်း မည်ကဲ့သို့ အဆင့်ဆင့်ပြုလုပ်သွားမည်ဆိုသည့် အဆင့်ကို ပံ့ပိုးသူက အစီအစဉ်တကျ သိနေရမည်။ ဖြစ်နေရမည်။ မိမိနည်းလမ်းကိုသာ မိမိသိသည်မဟုတ်ဘဲ သင်တန်းသားတို့၏ အခြေအနေကိုလည်း သိနေရမည်။ သင်တန်းသားအခြေအနေဆိုသည်မှာ သူတို့အချင်းချင်း ဆက်ဆံရေး သူတို့၏ တိုးတက်လာမှု သူတို့၏ နောက်ခံအနေအထားစသည်တို့အားလုံးဖြစ်သည်။ ထို့နောက် မိမိသင်တန်း၏ သတ်မှတ်ထားမှု စံကိုလည်း သိထားရမည်။ သင်တန်းအတွင်းရှိ လူအားလုံးတို့၏ စိတ်ခံစားမှုကို အကဲခတ်တတ်နေရမည်။ O= Outcome သင်တန်းပေးတော့မည်ဆိုကတည်းက ရလာဒ်တစ်ခုခုကို လိုချင်၍ ပေးသည်မှန်သော်လည်း
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၁)
သင်တန်းတွေ အမျိုးမျိုးရှိရာမှာ သည်နောက်ပိုင်း မြန်မာနိုင်ငံထဲ တော်တော်လေး အသုံးပြုလာကြတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေ ပေးလာကြတာ တွေ့ရတယ်။ အဲဒီဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေမှာ သင်တန်းပေးပုံကလည်း နည်းတွေအမျိုးမျိုး ရှိပြန်တယ်။ အဲဒီထဲက ဝေါကဖေး World Café ဆိုတဲ့ သင်တန်းပေးနည်းလေး အကြောင်း နည်းနည်းကျဉ်းကျဉ်းပြောပြချင်ပါတယ်။ သည်နည်းက များသောအားဖြင့် အုပ်စုလိုက်ဆွေးနွေးမှုကို ပိုအသားပေးတယ်။ သက်တောင့်သက်သာ အေးအေးလူလူနဲ့ ကိုယ့်အတွေး သူ့အတွေးကို ဝေမျှဖို့လွယ်ကူတယ်။ ဒါကတော့ အခြေခံအချက်ပါ။ ၁။ ထိုင်ဖို့အတွက် အဆင်ပြေတဲ့နေရာရှိရမယ်။ ကြမ်းခင်းက အေးနေတာ။ အဆင်မချောတာ။ ကြမ်းရှတာမဟုတ်ရဘူး။ မညီမညာ မဖြစ်ရဘူး။ ပတ်ဝန်းကျင်က လေကလည်း မယုတ်မလွန်ပဲ တိုးဝှေ့စေရမယ်။ စာချရေးဖို့ အဆင်ပြေရမယ်။ နံရံတွေက စာရွက်တွေကပ်ဖို့ မှတ်စုတွေကပ်ဖို့ အဆင်ပြေရမယ်။ ခုံတွေရှိရင်တော့ ခုံတွေနဲ့လည်း အဆင်ပြေတယ်။ ခုံက လေးယောက်ထိုင်လိုက်တာနဲ့ ပြည့်သွားတဲ့ ခုံမျိုးလည်း မဟုတ်ရဘူးပေါ့။ ရွေ့လို့ပြုလို့ အဆင်ပြေတဲ့ အနေအထားမှာလည်း ရှိရမယ်။ ၂။ နွေးထွေးစွာ စတင်မိတ်ဆက်ပါ။ သင်တန်း တည်နေရာမှလည်း ကြိုဆိုနေကြောင်းအမှတ်အသားလေးထားပါ။ သင်တန်းပံ့ပိုးသူတွေကလည်း သင်တန်းသား လာနေရင် ကြိုဆိုပါ။ နေရာကို သေချာညွှန်ပြပါ။ နွေးထွေးပါ။ ၃။ အုပ်စုခွဲတဲ့အခါ အုပ်စုတွေခွဲနည်းက အမျိုးမျိုးနဲ့ခွဲပါ။ အဲလို အုပ်စုခွဲပြီးတာနဲ့ မိနစ် ၂၀ သို့မဟုတ် ၃၀ ကျော်အထိသာ အများဆုံး ဆွေးနွေးစေပါ။ ပုံတွေဆွဲဖို့ စာတွေရေးဖို့ စာရွက်တွေ မာကာပင်တွေကို တစ်ရောင်တည်းမပေးပါနဲ့။ ညွှန်ကြားချက် သေချာပါစေ။ ပုံစံချပြပါ။ မေးခွန်းတွေသေချာနားထောင်ပါ။