• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Before I fall

သည် Before I fall ဇာတ်ကားလေး အကြောင်း မရေးရ မနေနိုင်လို့ ရေးကြည့်လိုက်တာပါခင်ဗျား။ ကောင်းတယ် မကောင်းဘူးက တကယ်တမ်းတော့ ကြည့်တဲ့သူနဲ့သာ ဆိုင်သလို သူ့ရဲ့ ခံစားချက်အခံနဲ့လည်း ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပထမ ကျွန်တော် review ကလေးရေးခဲ့တဲ့ What happened Monday ရုပ်ရှင်တုန်းက ပြောခဲ့သလိုပဲ ကျွန်တော်ကြိုက်မိတဲ့ ရုပ်ရှင်တော်တော်များများဟာ အမျိုးသမီးဇာတ်ဆောင် ဖြစ်နေတာတော့ မပြောတတ်ဘူး ခင်ဗျ။ ရုပ်ရှင်ကိုလည်း ကိုယ်ကိုယ်တိုင်က ဘိုလိုမတတ် နားမလည်တော့ www.goldchannelmovies.org က ဘာသာြပန်ပေးတဲ့ ကျေးဇူးနဲ့ ကြည့်ရတာမို့ ဘာသာပြန်သလောက်ပဲ နားလည်တာလည်း ပါရင်ပါမပေါ့။
သည်ရုပ်ရှင်ကို ရိုက်ကူးတဲ့သူကလည်း အမျိုးသမီးတစ်ယောက်ပဲ။ အသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်။ နာမည်ကလည်း ဖတ်ရခက်ခက်ပဲ။ Ry Russo- Young တဲ့။ သူ ရိုက်ထားတဲ့ ဇာတ်ကားတွေက နည်းတယ်။ ဒါပေမယ့် သည်လို စိတ္တဇဆန်ဆန်တွေ ဖြစ်လိမ့်မယ်ထင်တယ်။ သူရိုက်ထားတဲ့ ရုပ်ရှင်တွေက You won’t miss me, Nobody Walks စသဖြင့်တွေ့ရတယ်။ Before I fall ထဲမှာ အဓိကပါတဲ့ မင်းသမီးကတော့ Zoey Deutch တဲ့။ အသက်ကဖြင့် ၂၂ ပဲ ရှိသေးတယ်။ ဇာတ်ကားသုံးကားနဲ့ ဆုရထားတယ်။ ဒီဇာတ်ကားမှာလည်း ဆယ်ကျော်သက်ရွေးချယ်မှုဆုကို ယာထားခံရတဲ့သူ။ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲပေါင်း ၇ ကား။ ရုပ်ရှင်ပေါင်း ၁၇ ကားပဲ ရှိသေးတယ်။ ဒါတော့ သူတို့ အနောက်နိုင်ငံအနေနဲ့ သင့်တော်တဲ့ အနေအထားမှာပဲ။ ဇာတ်ကားကို အများကြီး မရိုက်ဘူး။ ရိုက်ရင်လည်း ပီပီပြင်ပြင် ရိုက်တတ်တဲ့ ဝသီတွေပေါ့။ ဒီ Before I fall မှာတော့ Zoey Deutch က Samantha Kingston အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်။ တက်တက်ကြွကြွ ပွေပွေလီလီနဲ့ နေတတ်တဲ့ သူငယ်ချင်းများကြားထဲက အေးအေးတည်တည်နေတဲ့ မိန်းကလေးတယောက် အဖြစ်ပါဝင်ထားတယ်။

[metaslider id=752]သည် ဇာတ်လမ်းအဖွင့်မှာ ထူးဆန်းတဲ့ စကားတွေပြောတယ်။ “ရှင်တို့အတွက် မနက်ဖန်ဆိုတာ ရှိရင် ရှိမယ်။ မနက်ဖန်ပေါင်း တစ်ထောင် သုံးထောင် ဒါမှမဟုတ် သောင်းနဲ့ချီပြီး ရှိရင် ရှိလိမ့်မယ်။ အချိန်ပေါင်းများစွာ သုံးစွဲလို့ရတယ်။ ဖြုန်းပစ်လို့ရတယ်။ ဒါပေမယ့် ကျွန်မတို့လို လူတချို့အတွက်တော့ ဒီနေ့တရက်ပဲရှိတယ်” ဆိုပြီး စကားလုံးတွေနဲ့အတူ လမ်းမီးကလေးတွေ ပိတ်။ အာရုံကလေးသန်းလာ။ မနက်မှာ ထွက်တတ်တဲ့ ကားလေး မှုန်ရီဝိုးတဝါးနဲ့ထွက်လာ။ တောင်စွန်းတနေရာမှာ နေရောင်ခြည်လေးသန်းလာပြီးနောက် ကျောင်းတက်ဖို့ ပြင်ဆင်ကြတဲ့ တက္ကသိုလ်ကျောင်းသားလေးတွေ ပြင်ဆင်နေပုံကလေးနဲ့ ဇာတ်လမ်းကို ဖွင့်လိုက်တယ်။ အဖွင့်မှာပဲ မထင်မရှားနဲ့ ကားခေါင်မိုးပေါ်မှာ ကြောက်နေတဲ့ မိန်းကလေးတယောက်ကို ခဏလေး ပြလိုက်တယ်။
သည်နေ့က ချစ်သူများနေ့ အကြိုနေ့။ သူမဟာ ထူးထူးခြားခြားမဟုတ်ပဲ အားလုံး ပုံမှန် အိပ်ယာက နိုးလာသူလို နိုးလာပြီးနောက် သူငယ်ချင်းလေးယောက်နဲ့ ကျောင်းတက်တယ်။ Sam ဟာ သူ့ချစ်သူကောင်လေးနဲ့ ဒီညချိန်းထားတယ်။ ကျောင်းရောက်တော့ ချစ်သူများနေ့ အကြိုနေ့အဖြစ် နှင်းဆီပန်းလေးတွေ လက်ဆောင် ရကြတယ်။ အဲဒီညမှာပဲ သူမကို ချစ်နေတဲ့ တယောက်က သူ့အိမ်မှာ ဒီညပါတီလုပ်မယ့်အကြောင်းပြောရင်း လာခဲ့ဖို့ ဖိတ်တယ်။ သူငယ်ချင်းတွေ အားလုံးသွားတော့ သူမလည်း ပါလာတယ်။ ပါတီမှာ ပျော်နေတဲ့အချိန်မှာပဲ သူတို့ကျောင်းက အရူးမလို့ သမုတ်ခံရတဲ့ Juliet Sykes ဆိုတဲ့ ကောင်မလေး ထူးထူးဆန်းဆန်း ရောက်လာတယ်။ သူတို့ထဲက ခပ်စွာစွာ Lindsay Edgecomb ဆိုသူလေးကို ပြဿနာ လာရှာတယ်။ နောက်ဆုံး ဂျူးလီးယက်ပဲ အရှက်ကွဲတယ်။ သူတို့ စိတ်အဆင်မပြေစွာ အိမ်ပြန်လာတယ်။ ၁၂ နာရီ ၃၉ မိနစ်မှာ သူတို့ ကားမှောက်တယ်။
သည်လိုအဖြစ်မျိုးနဲ့ ကြုံလိုက်ရတဲ့ Sam ဟာ နောက်တနေ့မနက်မှာ ပုံမှန်ပဲ အိပ်ယာနိုးလာတယ်။ သူကြည့်လိုက်တော့ ဖေဖော်ဝါရီလ ၁၃ ရက်။ ချစ်သူများနေ့ အကြိုနေ့။ မနေ့ညက အဖြစ်အပျက်က သူမအတွက် အိပ်မက်လိုလို ဖြစ်နေတယ်။ အဲဒီနေ့ကို ဆက်ဖြတ်သန်းတော့ မနေ့ညက ကြုံခဲ့တဲ့ အဖြစ်အပျက်နဲ့ တစ်ပုံစံတည်း ထပ်ဖြစ်တယ်။
သည်လို အဖြစ်တွေက Sam အတွက် တစ်ရက်ပြီး တစ်ရက် ဖြစ်နေတယ်။ သူ အိပ်ယာက နိုးလာတိုင်း ဖေဖော်ဝါရီ ၁၃ မြားနတ်မောင်နေ့ချည်းပဲ။ သူမရဲ့ ညီမလေးအပေါ် ခါတိုင်းဆို သူခပ်ကြမ်းကြမ်းဆက်ဆံတယ်။ နေ့တိုင်း ဖြစ်လာတော့ သူ့ဆက်ဆံရေးတွေ ပြောင်းလာတယ်။ သူမကို ချစ်နေတဲ့ Kent McFuller ကို သူခါတိုင်း ပုံမှန်ဆက်ဆံရာကနေ နည်းနည်းနွေးနွေးထွေးထွေး ဆက်ဆံမိတယ်။ ရည်းစားကို ဖြတ်လိုက်တယ်။ မိဘအပေါ် ဆက်ဆံရေးတွေ ပြောင်းသွားတယ်။ သည်လို ဖြစ်နေရခြင်းအပေါ် အဖြေရှာတယ်။ သူမတို့ ဂျူးလီးယက်အပေါ် ပစ်ပစ်ခါခါ ဆက်ဆံနေတာတွေ မှားနေကြောင်း သူမ သတိထားမိလာတယ်။ သူမ ပါတီမသွားတဲ့ညမှာ ဂျူးလီးယက်က ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။ နောက်ဆုံး သူမ ဂျူးလီးယက်ကို ရအောင်ပေါင်းတယ်။ အဲဒီမှာ ဂျူးလီးယက်နဲ့ လင်ဆေးတို့ဟာ ငယ်ငယ်တုန်းက ပြဿနာ ဖြစ်ဖူးတာ ပေါ်လာတယ်။ ပြဿနာကလည်း လင်ဆေးအမှား။ ဂျူးလီးယက်က ကားနဲ့ အတိုက်မခံခင် သူမက ဂျူးလီးယက်ကို တွန်းထုတ်ပြီး ကယ်လိုက်တယ်။ ဂျူးလီးယက်က သူမကို ပြောတယ်။
“နင်ငါ့ကို ကယ်လိုက်တယ်”
ဆမ်က ပြန်ပြောတယ်။
“တကယ်တမ်းတော့ နင်က ငါ့ကို ကယ်လိုက်တာပါဟာ”
ဇာတ်လမ်းက သည်မှာ ဆုံးသွားတယ်။[yikes-mailchimp form=”1″ submit=”Submit”]
သည်မှာ ပြောကြည့်ချင်တာက ငါတို့အားလုံးဟာ တကယ်တမ်းတော့ မနက်ဖန်ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြတယ်။ မနက်ဖြန်ဆိုတာ မရှိပါဘူး။ မနက်ဖန်ဆိုတာ သည်နေ့ပါပဲ။ သည်နေ့မှာ သည်လူကို ဒေါသတွေထွက် ဆဲဆို ကြိမ်းမောင်း စိတ်တိုလည်း သည်နေ့ပဲ။ သည်လူကို နွေးနွေးထွေးထွေး ကောင်းကောင်းမွန်မွန်ဆက်ဆံလည်း သည်နေ့ပါပဲ။ မကောင်းတာကို မကောင်းမှန်း သိလျက်နဲ့ မရှောင်နိုင်လည်း သည်နေ့ပါပဲ။ ကျွန်တော်တို့အားလုံးအတွက် သည်နေ့တစ်နေ့ပဲ ရှိတယ်။
သည်ဇာတ်ကားမှာတော့ အပြင်မှာလည်း တကယ်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို လင်ဆေးနဲ့ ဂျူးလီးယက်တို့က သရုပ်ပြသွားတယ်။ တကယ်တမ်း အိပ်ယာထဲမှာ သေးပေါက်ချတာက လင်ဆေး။ မနက်နိုးလာတော့ လင်ဆေးဟာ အသံကျယ်ကျယ်နဲ့ ဒါဂျူးလီးယက်လုပ်တာဆိုပြီး အပြစ်ပုံချလိုက်တယ်။ အားလုံးက ဂျူးလီးယက်လို့ ထင်သွားတယ်။ လူတွေဟာ ကိုယ်လုပ်တဲ့ အပြစ်ကို ကိုယ်တိုင် ပြန်မဝန်ခံချင်ကြတာ ဓမ္မတာပဲ။ နောက်တခုကတော့ ဆင်ရဲ့ ရည်းစားနဲ့ ချစ်နေသူ။ နောက်ဆုံး Sam ဟာ ကောင်းကောင်းလေး နေလိုက်တယ်။ သူမ လိမ္မာလိုက်တယ်။ ပြီးတော့ ဂျူးလီးယက်ကို ကယ်လိုက်တယ်။
သည်လိုပဲ။ ကျွန်တော်တို့လည်း မရှိတဲ့ မနက်ဖန်မှ တခုခုလုပ်မယ်။ ပြောင်းလဲမယ်လုပ်နေမယ့်အစား သည်နေ့ သည်အချိန်ကိုပဲ ကောင်းကောင်းလေး သုံးလိုက်ကြစို့ရဲ။ အော် စကားမစပ်။ Juliet Sykes အဖြစ်သရုပ်ဆောင်တဲ့ Elena Kampouris က အပြင်မှာလည်း တကယ်ချောတယ်ထင်တယ်ဗျ။

တိုက်တိုက်ဆိုင်ဆိုင် လင်္ကာလေးတစ်ပုဒ်သွားတွေ့တယ်။

တစ်ညအိပ်သော တစ်ရက်ကြီးလို့

သေမည့်ဘက်သို့ နီးလာပြီ။

ထမင်းစားကာ စောင့်နေကြလို့

သေမင်းတမန်က မှာလိုက်သည်။

အချိန်ကျလျှင် လာခေါ်မည်တဲ့

နာရီကာလ သူ မပြောပြီ။

ကုသိုလ်လေးတွေ နည်းနည်းလောက်တော့

မောင်တို့ မယ်တို့ ပြုရမည်။

ရှေးကလူတွေ ကွယ်လွန်သွားလို့

ယခုဘယ်များရောက်နေသည်။

ဟိုလူသည်လူ မေးမကြည့်နဲ့

ဘယ်သူတစ်ယောက် မသိနိုင်ပြီ။

အမှောင်ထဲမှာ လျှောက်နေရလို့

သံသရာခရီး ကြာခဲ့ပြီ။

အရိုးတွေမှာ တောင်လိုပုံလို့

ဖုံဖုံဘဝ ရောက်ခဲ့ပြီ။

ဆွေမျိုးမတော်သူ မရှိဘူးတဲ့

တို့ဘုရားက ဟောခဲ့သည်။

ချစ်ချစ်ခင်ခင် နေထိုင်ကြကွဲ့

တစ်ခဏလေး ဤလူ့ပြည်။

ဓာတ်မှန်ပေါ်မှာ ပေါ်ကာ ပျောက်သလို

လျှောက်နေရတဲ့ ဘုံလောကီ။

ထက်, အောက်, စုန်, ဆန် ဘုံမှန်သမျှကို

သွားရဦးမယ် ခရီးသည်။

Post navigation

နောက်ဘဝမှာ သင်ဘာလူမျိုး ဘယ်ဘာသာဝင်ဖြစ်ချင်လဲ
သင်ဘယ်သူလဲ

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress