အမေက ဘုန်းကြီးတွေကို ကြည့်မရတာနဲ့ သားမွေးနေ့မှာ သားအတွက် ဘုရားသွားပြီး ဆွမ်းကပ်ခဲ့ပါသေးတယ်
ရုရှားတွင် ပညာသင်သွားနေသော အနာဂတ်မြန်မာနိုင်ငံသားကောင်းသို့ မြန်မာမိခင်တစ်ဦး၏ G-talk ဖုန်းမှ ပြောလိုက်သော အသံ
ခင်ဗျားကောပဲလား။ ဘုန်းကြီးတွေကို ကြည့်လို့မရတော့ဘူးလား။ ခင်ဗျားတို့ ဦးနှောက်ထဲကို ဘယ်လို ရိုက်ချက်တွေ ဘယ်လို အသံတွေ ဘယ်လို စကားတွေ ၀င်သွားပြီလဲ။ ကျွန်တော် စိတ်ကူးကြည့်တယ်။ တရားဟော ပလ္လင်ပေါ်ထိုင်နေတော်မူတဲ့ သီတဂူဆရာတော် ။ စာအုပ်တွေ ထုတ်။ တရားစခန်းတွေဖွင့်နေတဲ့ အရှင်ဆန္ဒာဓိက ။ ဒီသံဃာတော်တွေကို ခင်ဗျားတို့ ကြည့်လို့ မရတော့ဘူးပေါ့။ ကျွန်တော်ကကော ဘာလို့ အဲဒီအသံကိုမှ သွားပြီး ကြားမိသလဲ။ အဲဒီစကားပြောနေတဲ့ မိန်းမကြီး (အသက် ၅၅ နှစ်ခန့်ရှိ) ရဲ့ သားကိုချစ်တဲ့ စိတ်က သူ့သားရဲ့ ရန်သူဖြစ်တဲ့ ဘုန်းကြီးတွေကိုပါ သူလည်း ရန်သူလို့ သတ်မှတ်လိုက်ပြီပေါ့။
ကျွန်တော် အရမ်းဝမ်းနည်းတယ်ဗျာ။ မြန်မာနိုင်ငံသာသနာအရေးကိုလည်း ရင်လေးမိပါတယ်။ မြန်မာနိုင်ငံထဲမှာ ဗုဒ္ဓဘာသာအမည်ခံပြီး ဗုဒ္ဓဘာသာကိုဖျက်ဆီးနေတဲ့ ဂိုဏ်းဂဏတွေ ပေါ်နေတာကတစ်မျိုး သူတို့က တစ်မျိုးဆိုတော့ ဗုဒ္ဓရဲ့ ကျမ်းဂန်ကို မပြုမပြင်ဘဲ ထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ ထေရ၀ါဒတစ်နိုင်ငံသည် သိပ်မကြာသော တစ်နေ့တွင် မြန်မာနိုင်ငံမှ စတင်ပျောက်ကွယ်သွားဖွယ်ရှိခဲ့လေပြီ။
ဘုန်းကြီးတွေကို အမေကြည့်လို့ မရတာနဲ့
ဘုန်းကြီးတွေကို အမေကြည့်လို့ မရတာနဲ့
ဘုန်းကြီးတွေကို အမေကြည့်လို့ မရတာနဲ့