• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

5 Minute Lecture

JQY
ကျွန်တော် ငါးမိနစ်ပို့ချချက်ကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အရင်တုန်းကဆို အရမ်းကြောက်တတ်တယ်။ ငါးမိနစ်ပို့ချတဲ့အချိန်ကစပြီး ကျွန်တော် ကြောက်တတ်တဲ့ စိတ်နည်းသွားတယ်။
ပိုမိုယုံကြည်မှုရှိပြီး ပြောရဲဆိုရဲ ရှိလာပါတယ်။
ရဲရင့်မှု ရှိလာတယ်။ ကြောက်စိတ်နည်းလာ၊ ပြောရဲ ဆိုရဲရှိလာ၊ လူကြီးရှေ့မှာ ပြောရဲ ဆိုရဲ ရှိလာတယ်။
ကျွန်တော်ရွာထဲကစပြီး နောင်တောင်းကို ရောက်တဲ့အခါ သင်တန်းထဲတွင် အရမ်းကြိုက်တယ်။ ဘာလို့လဲဆိုတော့ သင်တန်းထဲက ကျွန်တော့်ကို အားပေးပါတယ်။ ကြိုးစားပါ သူငယ်ချင်းလို့ပြောပါတယ်။
ငါးမိနစ်ပို့ချချက်ကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်ကို မြင့်တင်စေတယ်။ နောက်ပြီးတော့ ရဲလာတယ်။
ကျွန်တော်ကတော့ ဘာကြောင့် ငါးမိနစ်ပို့ချချက်ကို ကြိုက်သလဲဆိုရင် အရင်တုန်းက အများရှေ့မှာ မထွက်ရဲပါဘူး။ ငါးမိနစ်ပို့ချချက် သင်ရပြီးမှ ပြောရဲပါတယ်။
ဘာကြောင့် ငါးမိနစ်ပို့ချချက်ကို ကြိုက်သလဲဆိုတော့ ကျွန်တော် အစကတော့ လူကြားထဲမှာ ထမပြောရဲပါဘူး။ အခုမှ လူကြားထဲ ရဲရဲတင်းတင်းပြောရဲလာပါတယ်။
ကျွန်မ ငါးမိနစ်ပို့ိချချက်ကို ကြိုက်ပါတယ်။ ငါးမိနစ်ပို့ချချက်ကြောင့် စကားပြောရဲရင့်လာပါတယ်။ အရင်ထက် စာရင် အများကြီး သာလာခဲ့ပါတယ်။ အခုဆို ကျွန်မ လူကြီးတွေနဲ့ စကားပြောရဲပါပြီ။


ငါးမိနစ်ပို့ချချက်ကို ကျွန်မ အရမ်းနှစ်သက်ပါတယ်။ ဒါဟာ ကျွန်မအတွက် ပထမဆုံး အတွေ့အကြုံဖြစ်ပါတယ်။ အများရှေ့ထွက်ပြီး ကိုယ့်ရဲ့ ခံစားချက်ကို ပြောပြတာဟာ ကျွန်မအတွက် သင်ခန်းစာ အကြီးကြီး တစ်ခု ဖြစ်ပါတယ်။ အခု ပြောရဲ ဆိုရဲလာတယ်။ ကြောက်စိတ်တွေလည်း လျော့လာတယ်။
ကျွန်မကတော့ ငါးမိနစ်ပို့ချချက်ကို ဘာကြောင့်ကြိုက်တာလဲဆိုရင် အရင်တုန်းက လူရှေ့သူရှေ့ မထွက်ရဲပါဘူး။ တခါတလေ ထွက်ရင်လည်း မပြောရဲဘူး။ အဲလို ခုံမြင့်ပေါ်မှာ တက်ပြောရလို့ နောင်ဆိုလည်း ပြောရဲမယ်လို့ ကိုယ်ကို အားအပြည့်နဲ့ ယုံကြည်ထားပါတယ်။
ငါးမိနစ်ပို့ခချက်ကို ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က လူအများတော မတိုးရဲပါဘူး။ အခုဆိုရင် ပြောရဲ ဆိုရဲ နည်းနည်းရှိလာပါပြီ။
အစတုန်းက လူရှေ့သူရှေ့ထွက်ပြီး ပြောဆိုမှု အားနည်းခဲ့တယ်။ နောက်ပိုင်း ရောက်လာတဲ့အခါကျတော့ ပြောရဲလာတယ်။
အရင်တုန်းက သူများတွေရှေ့မှာ ထွက်ရမယ်ဆိုရင် အရမ်းကြောက်တယ်။ ပြောလည်း မပြောရဲဘူး။ အခုဆို အရင်ကထက်စာရင် အများရှေ့ထွက်ရဲလာတယ်။ ပြောရဲဆိုရဲလာတယ်။ ကြောက်စိတ်တွေ မရှိတော့ပါဘူး။
ငါးမိနစ်ပို့ချချက်ကြောင့် အရင်တုန်းက မပြောရဲဘူး။ အခုပြောရဲလာပြီလို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။
ကျွန်မ ငါးမိနစ်ပို့ချချက်ကို အစက ခုံပေါ်တက်ပြီး ပြောခဲ့တယ်။ နောက်ထပ်တစ်ခေါက် ထပ်ပြီး ပြောချင်သေးတယ်။ အရင်တစ်ခေါက်က ဒူးနည်းနည်းတုန်နေတယ်။ စကားပြောတော့ ရဲရင့်လာတယ်။
အရမ်းကြိုက်ပါတယ်။ ကြောက်ရွံ့မှုတွေ ဖယ်ရှားပြိး ရဲရင့်မှုကို တိုးပွားစေလို့ပါ။ ပြောရဲဆိုရဲ ရှိလာပြီး ရင်ဆိုင်ရဲ လာလို့ပါတယ်။
ငါးမိနစ်ပို့ချချက်ကြောင့် ကျွန်တော် သတ္တိရှိ ရဲရင့်လာတယ်။ အားနည်းချက်တွေ လျော့ကျပြီး ကိုယ်အမူအရာကောင်းများ ရရှိစေပါတယ်။
ငါးမိနစ်ပို့ချချက်သာ မရှိရင် ကျွန်မအတွက်တော့ ရဲရင့်လာမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ငါးမိနစ်ပို့ချချက်ကို ကြိုက်ခဲ့ပါတယ်။ ကြောက်စိတ်လည်း မရှိတော့ဘူး။ ရဲရင့်လာတယ်။ မတုန်လှုပ်တော့ဘူး။ လူအများရှေ့ ထွက်ရဲလာပါတယ်။
ကျွန်မသင်တန်းကို မတက်ခင် အများရှေ့ကို သွားရမှာကြောက်တယ်။ ဒီသင်တန်းလာတက်တော့ ကျွန်မ ပြောဆို ရဲရင့်လာခဲ့ပါတယ်။ ဒါကြောင့် ငါးမိနစ်ပို့ချချက်ကို ပိုကြိုက်တယ်။


ငါးမိနစ်ပို့ချချက်ကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အများရှေ့မှာ မပြောရဲ မဆိုရဲဘူး။ ငါးမိနစ်ပို့ချချက်မှာ ကိုယ့်ဘဝအကြောင်းကိုလည်း ဖွင့်ပြောတယ်။ ကိုအတွက် ရဲရင့်စေပါတယ်။ ဒါကြောင့် ကြိုက်တယ်။
ကျွန်မက ငါးမိနစ်ပို့ချချက်ကို ကြိုက်ပါတယ်။ ပြောရဲဆိုရဲတယ်။ အများကြားမှာလည်း စကားထွက်ပြောရဲတယ်။
အရမ်းကောင်းပါတယ်။ လူအများရှေ့မှာလည်း ပြောရဲဆိုရဲရှိလာတယ်။ သတ္တိရှိတယ်။ ခေါင်းဆောင်ဖြစ်ရင်လည်း စိုးရိမ်စိတ် မရှိတော့ဘူး။ အများနှင့်လည်း စကားပြောတတ်လာတယ်။ အရမ်းကြိုက်ပါတယ်။
ငါးမိနစ်ပို့ချချက်ကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်တာလဲဆိုတော့ အရင်က သူများရှေ့မှာ မပြောရဲ မဆိုရဲဘူး။ ငါးမိနစ်ပို့ချချက်ကို ထပြောပြီးနောက် ပြောရဲဆိုရဲ ရှိလာပြီ။ နည်းနည်းရဲရင့်လာပြီ။
ကျွန်တော် ရဲရင့်လာတယ်။ ပြောရဲဆိုရဲလာတယ်။ ကြောက်စိတ်မရှိ။
ဘာဖြစ်လို့ ကျွန်မသဘောကျသလဲဆိုတော့ အစတုန်းက လူကြီးသူကြီးရှေ့မှာ မသွားရဲဘူး။ အခုဆို လူကြီးသူကြီးရှေ့မှာ သွားရဲပြီ။ ရဲလည်း ရဲရင့်လာတယ်။ နောက်ဆိုရင်လည်း အများကြီး ပြောရဲဆိုရဲ ရှိလာတယ်။

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress