• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ပိဿာလေး

တင်လိုက်တဲ့ status တစ်ခုကြောင့်လို့ပဲ ဆိုကြပါစို့ရဲ့။ ဒီကနေ့ မြန်မာနိုင်ငံမှာ အသုံးအများဆုံး လူမှုကွန်ယက်တစ်ခုကနေ Covid-19 Positive ရယ်လို့ ဘယ်သတင်းဌာန သို့မဟုတ် ဘယ်ယုံကြည်ရတဲ့သူက တင်လိုက်သလဲ မသိပေမယ့် နဂိုရ်ကတည်းက သွေးဆူလွယ်တဲ့ လူမျိုးစုဖြစ်တဲ့ မြန်မာ့လူမျိုးတွေ တော်တော်လေးတော့ ပွဲဆူသွားတာ တွေ့ရတယ်။ pandemic လို့ပဲ တင်လိုက်ပုံလည်း ရပါတယ်။ တချို့ လူတွေရဲ့ စာမျက်နှာမှာသာ positive တဦးလို့တွေ့တယ်။ အဓိကကျတဲ့ ဌာနကတော့ ခုထိ Zero တုန်းဆိုတော့ pandemic ဆိုတဲ့စကားလေး တော်တော်တာသွားခဲ့ပုံရတယ်။ ယုံတယ် မယုံဘူးဆိုတာထက် အတ္တာဟိ အတ္တနော နာထောတွေ တော်တော်လေး ပွဲထွက်လာတယ်။ မြန်မာတွေဟာ ဗုဒ္ဓဘာသာပီပီ ဖြုန်းတီးတဲ့ အလှူအဒါန်းတွေသာလျင် လှူကြမှာမို့ ဝတ်စုံ၊ နှာခေါင်းအုပ်၊ လက်ဆေးဆီ စတာတွေကို ဘယ်သူမှ လာလှူမှာ မဟုတ်ဘူး။ အစိုးရကို အသိပေးပြီး လှူတဲ့ အလှူမဟုတ်တာမျိုးက သိင်္ဂီဘွဲ့မရနိုင်ဘူး။ ဒါကြောင့် ပါရဒိုင်းအရ သို့တည်းမဟုတ် ဂလိုဘယ်လိုက်ဇေးရှင်းအရ ပြောင်းလဲလာတဲ့ လူ့ယဉ်ကျေးမှု ရေစီးကြောင်းထဲက City Mart တွေ လူပြည့်ညှပ်သိပ်သွားတယ်။ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ တခါမှ လူကြီးလူကောင်း မဆန်ဖူးကြတဲ့အတူတူ ယခင့်ယခင်နည်းများအတိုင်း နည်းနည်းတော့ ကလေးဆန်ပြကြတာပေါ့။ ကလေးမဆန်ရင် လူကြီးလူကောင်းမပီသတဲ့ နိုင်ငံမှာမို့လေ။ INGO ရော NGO တွေက လှူတဲ့ ပိုက်ဆံတွေ စာရွက်စာတန်းတွေအကြား ပျောက်ဆုံးသွားမှုမှာသာလျင် အဆုံးသတ်လေ့ရှိတာကြောင့် အထက်ပါ City Mart ထဲ လူတွေ ငွေနဲ့ ဓားပြဝင်တိုက်ခဲ့ကြရတာပေါ့။ ဓားပြမှုအပြီးမှာ တချို့က ယုံပါလို့ ပြောတယ်။ တချို့က ကောလဟာလလို့ ပြောတယ်။ နိုင်ငံတော် အတိုင်ပင်ခံကြီးကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ  ညနေ ၄ နာရီတန်းကျင်မှာ WHO က ထုတ်ပြန်တဲ့အတိုင်း pandemic ပါဆိုပြီး သံယောင်ထလိုက်တယ်။ ည ၁၀ နာရီမှာ ကောလဟာလတွေ မယုံဖို့ သတင်းထပ်ထုတ်ပြန်တယ်။ ယုံရမှာလား။ ကောလဟာလလားတောင် ကိုယ်တိုင်က မသိတော့သလိုပဲ။ ဒါပေတဲ့ ဒီယုံပါ မယုံနဲ့မှာ ကိုယ်အပါအဝင် တိုင်းသူပြည်သားနဲ့တကွ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် အားလုံးမျက်ဖြူဆိုက်ကုန်တော့တာပါပဲ။ ယုံပါ ဆိုတဲ့ status နောက်မှာ လူမှုကွန်ယက်တစ်ခုလုံးကို လိုက်မွှေပြီး လိုက်ယုံနေရပေမယ့် ဒါက နိုင်ငံရေး ပယောဂလားလို့ သံသယဝင်နေသူ ရှိသလို မယုံပါနဲ့လို့ ဆိုပြန်တော့လည်း အီရန်လို ရွေးကောက်ပွဲ မဲမရမှာစိုးလို့လားဆိုပြီး လူမှုကွန်ယက်ကို ပြူးပြဲ အထက်အောက် ဆွဲပွတ်နေရတော့တာပါပဲ။ မြန်မာမှာက ခိုင်မာတဲ့ သတင်းဌာနတွေတောင် မခိုင်မာတဲ့ သတင်းတွေ ခဏခဏ ထုတ်ပြန်နေတော့ ဖြစ်ကာမှ ဖြစ်ရောစိတ်နဲ့ ထမင်းဆာလို့ ကိုယ်ပူချိန်ကျတာ၊ ဗိုက်ပြည့်လို့ ကိုယ်ပူရှိန်တက်တာ၊ အိပ်ချင်လို့ ကိုယ်ပူရှိန်တက်တာ၊ တခုခုလုပ်လို့ ကိုယ်ပူရှိန်တက်တာစတာ အာခေါင်ချောက်လို့ ချောင်းဆိုးတာ၊ ရေသီးလို့ချောင်းဆိုတာတွေကိုယ်တောင် တောင်ပြေးရမလို မြောက်ပြေးရမလို ယားကျိကျိ ခံစားချက်နဲ့ နေရတော့မှာပဲ။ ကိုယ်တင်လိုက်တဲ့ status ကို ကိုယ်တာဝန်ယူနိုင်တယ်ဆိုတဲ့ စိတ်နဲ့ တင်နေကြတာမဟုတ်ဘဲ အမှန်တောင်မှန်းမသိ မြောက်မှန်းမသိ တင်နေကြသူတွေက များတော့ ကျန်းမာရေး အသိရှိသူတွေ ကျန်းမာရေး အသိမရှိသူတွေ နိုင်ငံတကာ အခြေအနေ သိသူတွေ နိုင်ငံတကာ အခြေအနေ မသိသူတွေအကုန် သောကပွေကုန်တော့တာပါပဲ။ တောကြောင်တွေကများ လက်ခမောင်းခတ်ဖို့ တောကို မီးရှို့နေလေသလား ဆိုတဲ့ သံသယတွေ၊ ပွဲလန့်တုန်း ဖြာထခင်းချင်တဲ့ လူတသိုက်ကြောင့်လားဆိုတဲ့ သံသယတွေ၊ ခပ်ဖျင်းဖျင်း ဆရာဝန်တွေရဲ့ မကြောက်ပါနဲ့ ဆိုတဲ့ စာတွေကကော ဒီခပ်ဖျင်းဖျင်းဆရာဝန်တွေက ဘယ်လောက်ထိ သုတေသနတွေ ပြုထားကြလို့ မကြောက်ပါနဲ့လို့ ပြောရဲတာလဲဆိုတဲ့ သံသယတွေ၊ တကယ်တော်တဲ့ ဆရာဝန်တွေကကော ဘာတွေပြင်ဆင်နေကြပြီလဲဆိုတဲ့ သံသယတွေ၊ ရောဂါမဝင်တဲ့ နိုင်ငံတွေက အရှေ့တောင်အာရှမှာ ဘာကြောင့် အဆင်းရဲဆုံး နိုင်ငံမှာမှ လာဖြစ်နေရသလဲ ဒါလျို့ဝှက်ကြံစည်မှုကြီးများလား ဆိုတဲ့ သံသယတွေနဲ့အတူ နောက်နောင်မှ နောင်တတွေ ရကာမှ ရရော ငါ့ status လူတွေ များများ share ပြီး like ဂဏန်းအရေအတွက် တက်ရင်ပြီးရော သားကို ချနင်းပြီး ငတေမာချင်တဲ့ လူတွေကြောင့် လူတွေ အားလုံး မျောက်မီးခဲကိုင်မိသလို ဖြစ်နေကြရပြီ။ ဖိနပ်ကြား ခဲညှပ်သလို ခံစားချက်ကြီးက ဘယ်သူတွေသော မိုက်မိုက်မဲမဲ status ကြောင့် ဖြစ်ရတာလဲ။ ယုံပါဆိုတဲ့ စကားတွေရဲ့ သက်သေသာဓကဖြစ်ဖြစ် မယုံပါနဲ့ဆိုတဲ့ စကားတွေရဲ့ သက်သေသာဓကဖြစ်ဖြစ် ခုထိ ယုတ္တိယုတ္တာမကျနိုင်အောင် ဗြုတ်စဗျင်းတောင်းဖြစ်နေတုန်းပဲ။

ခုချိန်ဖြစ်ဖြစ် နောင်တချိန်ဖြစ်ဖြစ် ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်တင်တဲ့ status တစ်ခုဟာ အခြားသော လူ့အသက်တွေ လူ့တွေရဲ့ ဘဝတွေ လူ့ဂုဏ်သိက္ခာတွေနဲ့ဆိုင်တယ်ဆိုတာ ဘယ်သူမဆို သိထားကြရမှာပေါ့။ လိပ်ပြာတောင်ပံတချက်ခတ်တဲ့ effect လို ငါ့စကော ဆိုတဲ့ စကားလို status တခုဟာလည်း တဖက်မှာ Effect ရှိတယ်ဆိုတာ သိထားကြရမှာပေါ့။ မိရိုးဖလာ လက်ဆင့်ကမ်း နှုတ်ပြောပုံပြင်တွေတောင် အကြမ်းဖက်စိတ် ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုလို့ ဖော်ထုတ်ထားတဲ့ခေတ်မှာ ဘာလို့များ လူ့အန္ဓလုပ်ပြီး ဂုဏ်ယူနေနိုင်ကြရတာလဲ။ “ငါတော့ မသိဘူး။ မှန်တယ်ထင်လို့ Share မိတာ”ဆိုပေမယ့် နှိုင်းနှိုင်းချင့်ချင့်လေးတော့ ရှိသင့်တာပေါ့။ မဟုတ်ရင် ကိုယ့်ဖျင်းတာကို လူတကာသိအောင် လုပ်နေတာနဲ့တူတယ်။ ဒါပေမယ့်လည်း အနူတောမှာ လူချောလုပ်တဲ့ ခေတ်မဟုတ်ဘဲ အနူထဲမှာမှ ဝဲစွဲတဲ့အနူက ပိုကြည့်လို့ကောင်းတဲ့ခေတ်မို့ ဝဲစွဲအောင်ပဲ နေလိုက်ကြပါလေ။

Post navigation

Enneagram Relationship Two and Nine
ဘယ်ဘက်စောင်းအိပ်ရခြင်းအကျိုး

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress