မေး
ဖြေ
ဟုတ်ကဲ့…. ဒါမျိုးက ဗုဒ္ဓစာပေကို တစ်စွန်းတစ်စဖတ်မိသူတွေ ဖြစ်တတ်တဲ့ ရောဂါပါ…
ဒီလိုပါ။ ဗုဒ္ဓက ပဋ္ဌာန်း ၂၄ ပစ္စည်းကိုဟောထားတယ်။ ကြားဖူးချင် ကြားဖူးမယ်။ ကြားဖူးသော်လည်း သိချင်မှသိမယ်။ အဲဒီထဲမှာ ဟေတုပစ္စယောကက စလို့ ဆက်သွားလိုက်ရင်…. အနန္တရပစ္စယော နဲ့ ဥပနိဿယ ပစ္စယော ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အနန္တရပစ္စယောဆိုတာ ဖြစ်ပြီး မှတ်ပြီးနောက်ပိုင်းကြာမှ သို့မဟုတ် ဒီတစ်ခု ဖြစ်ပျက်ပြီးမှ နောက်တစ်ခုကို အရင်အတိုင်းဖြစ်ခွင့်ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဥပနိဿယပစ္စယောကတော့ ရှေ့က အကြောင်းကို မှီပြီးမှ နောက်က အကျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။