• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဘဝစက်ဝိုင်း (၁)

လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ပဲခူး မေတ္တာခြံမှာ မိမိကိုယ်ကို သိရှိခြင်းသင်တန်းဆရာဖြစ် သင်တန်းကို တမူထူးခြားစွာ ပြန်လည်ဆန်းစစ်ခြင်း အဆင့်နဲ့ တက်ခဲ့ရတယ်။ အဲဒီမှာ ဆရာနတ္ထနဲ့ ဆရာမ ဂျတို့သင်တဲ့ အပိုင်းမှာ ဘဝစက်ဝိုင်းဆိုတဲ့ အပိုင်းလေးပါတယ်။ ဘဝကို သူက ရှစ်ပိုင်းခွဲခြားတယ်။ မေ့တေ့တေ့ ဖြစ်နေပြီ။ ဒါကို တလောက စာအုပ်တစ်အုပ်ဖတ်ရတယ်။ အဲဒီစာအုပ်က အဲဒီအကြောင်းကို အကျယ်ချဲ့ရေးထားတာ သွားတွေ့ရတယ်။ သူကတော့ စာအုပ်ဆိုတော့ စာအုပ်နဲ့တူအောင် ရေးရတယ်ထင်ပါတယ်။ စာအုပ်ထူရင် စျေးကောင်းလည်းရမှာမို့ နည်းနည်းထူထူလည်း ထုတ်ထားတယ်။ သတိရလို့ သင်တန်းပေးနေကြတဲ့ သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များရှိပြီး ဒါလေးပေးချင်ရင်ဖြင့် ပေးလို့ရအောင် အနှစ်ချုပ်လေး မှတ်တမ်းတင်ပြပါရစေ။

ဆရာန သင်တုန်းကတော့ အဝိုင်းလေးတဝိုင်းဆွဲတယ်။ စက္ကူကို ရှစ်မြောင့်လေးပေါ်လာအောင် ခေါက်တယ်။ ပြီးရင် လိုင်းဆွဲတယ်။ လိုင်းရဲ့အစွန်မှာ စာလေးတွေရေးတယ်။ စာလေးတွေရေးပြီး ကိုယ့်ဘဝမှာ အဲဒီအရာက ဘယ်အဆင့်ရောက်နေပြီလဲလို့ အရောင်လေးခြယ်ပြီး ပြောခိုင်းတယ်။ နည်းနည်းလေးဆိုရင် အရောင်က အလယ်နားလောက်မှာ ကပ်နေပြီး ပြည့်ဝတယ်ဆိုရင်တော့ တကွက်လုံးဖြည့်ပေါ့။

သင်တန်းတုန်းက ဆွဲခဲ့တဲ့ပုံ
သင်တန်းတုန်းက ဆွဲခဲ့တဲ့ပုံ

အကန့် ရှစ်ကန့်မှာ ရေးရတဲ့ စာတွေကတော့

  1. Work and Career
  2. Social and Relationship
  3. Income and Business
  4. Success and Development
  5. Knowledge and Spiritual
  6. Love and Family
  7. Health and Physical
  8. Recreation and Happiness

တို့ဖြစ်ပါတယ်။ နံပါတ်ခြောက်မှာ အွယ်ပီးက လှမ်းနောက်ပြောသေးတယ်။

“အရှင်ဘုရားက နံပါတ်ခြောက် ဖြည့်စရာမလိုဘူးဘုရား”

ဆိုပြီးတော့ပေါ့လေ။ ဆိုတော့ သင်တန်းတွေမှာက သင်တုန်းကတော့ မှတ်မိလိုက်တာပါပဲ။ ပြီးရင်လည်း မေ့သွားတယ်။ မမေ့အောင်တော့ နည်းနည်းပြန်ပြောကြည့်မယ်လေ။ အရောင်လေးခြယ်ပြီးရင် ပြီးရော့လားပေါ့။ ဒီနောက်ပိုင်း သင်တန်းပေးရင်း သတိထားမိလာတာ တစ်ခုရှိလာတယ်။ ပြောင်းလဲအောင်ဆိုတာထက် ပြောင်းလဲပြတာရယ် ပြောင်းလဲနည်းပေးတာရယ်ပေါ့။ ပြောင်းလဲနည်းလေးလည်း ရေးပေးကြည့်မယ်လေ။ ဆက်ဖတ်မယ်ဆိုရင် စာရွက်လေးတစ်ရွက်ယူ။ စက်ဝိုင်းလေးဆွဲ။ အလယ်ကနေ အခန်းရှစ်ခန်းလေးကို အမြောင့်လိုက်ဆွဲပြီး တစ်ကန့်စီမှာ ကိုယ်ဘယ်လောက်အထိ ကျေနပ်မှုရထားလဲဆိုတာ အရောင်လေး ခြယ်ထားကြည့်ပေါ့။ ဒါမှမဟုတ် အဆင့်ခွဲထား။ တစ်ကနေ တစ်ဆယ်ဆိုတာမျိုး။

နံပါတ်တစ်ဖြစ်တဲ့ ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ ကိုယ့်အသက်မွေးဝမ်းကျောင်း အကြောင်းပေါ့။ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းကို လုပ်တော့မယ်ဆိုရင်တော့ ပထမသတိထားရမှာက Do and Don’t ပါပဲ။ ရှောင်ရန် ဆောင်ရန်တွေကို သတိထားရမယ်။ ဘာတွေဆောင်လို့ ဘာတွေရှောင်မလဲ သင်တန်းသားတွေနဲ့ Brain storming လုပ်ကြည့်ပေါ့။ နောက်တချက်က အလုပ်တွေလုပ်ရင်း သတိထားရမယ့် ABCDE အချက်လေးကိုလည်း ရှင်းပြနိုင်တယ်။ A က Absolutely, B က better, C က can do, D က delegate, E က eliminate ပါ။ နောက်တစ်ခုက Time Management သင်ခန်းစာ။ (အရေးကြီး အရေးမကြီး၊ အလျင်လို အလျင်မလို ဆိုတဲ့ သင်ခန်းစာ)။ နောက်တစ်ခုက သင်တန်းပေးတိုင်း လုပ်နေကျ မဖြစ်မနေ သင်ပေးရတဲ့ SMART ပါ။ နောက်ဆုံးသင်ရမှာကတော့ သမ္မာဝါစာ၊ သမ္မကမ္မန္တနှင့် သမ္မာအာဇီဝ။ ပြီးတော့ Quotient လေးမျိုးထဲက I နှင့် E ကိုပေါ့။ ဒါဆိုရင် ပထမအကန့်ကို ကောင်းကောင်းသင်ပေးနိုင်ပါပြီ။

ဒုတိယအကန့်ဖြစ်တဲ့ Social နှင့် Relationship မှာကော ဘာတွေနဲ့ ထပ်ဖြည့်မလဲ။ လူတယောက်ဟာ ဆိုရှယ်မကောင်းတော့ရင် ရင်းနှီးမှုအပိုင်းမှာ အားနည်းလာပြီး သီးသန့်ဆန်လာရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေ ပြောကြည့်မယ်။ အဲဒါတွေကို ပိုမိုကောင်းမွန်လာအောင် ဘာလုပ်သင့်သလဲ။ နားထောင်ခြင်း သင်ခန်းစာ၊ မေးခွန်းမေးခြင်း သင်ခန်းစာ၊ ကွန်ယက်ချိတ်ဆက်ခြင်းသင်ခန်းစာ၊ ငါးမိနစ် Mini Lecture သင်ခန်းစာ၊ Power သင်ခန်းစာတို့နှင့် ချိတ်ဆက်ပြီး သုံးသပ်ပြနိုင်ပါတယ်။ ဒီသင်ခန်းစာတွေက ပေါင်းသင်းဆက်ဆံရေးတိုးတက်အောင် လုပ်ပေးတဲ့ သင်ခန်းစာတွေပါပဲ။

တတိယအကန့်မှာကျတော့ Business နှင့် Income အပိုင်းပါ။  ဒီအပိုင်းမှာတော့ စာလေးနည်းနည်းပါးပါး ဖတ်ထားရပါမယ်။ ဂျက်မားအကြောင်းတို့ ဘီလ်ဂိတ်အကြောင်းတို့ ပြောတတ်ရပါမယ်။ သုညဘဝမှ မီလျံနာဘဝသို့ စတာတွေ တိုးတက်လာသူတွေအကြောင်းတွေ အရင်ပြောမယ်။ ပြီးတော့ ဟိုးအရင်တုန်းက သင်ပေးဖြစ်ကြတဲ့ “အိုး” သင်ခန်းစာ၊ ငွေကြေးစီမံခန့်ခွဲနည်းသင်ခန်းစာ၊ စားသုံးသူ သင်ခန်းစာ၊ Need and Want သင်ခန်းစာများကို သင်ကြားဆွေးနွေးနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

Related Posts

  • Enneagram Relationship One and One

  • Enneagram Type One Level

  • ဘဝစက်ဝိုင်း (၂)

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress