• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဘယ်ဘက်စောင်းအိပ်ရခြင်းအကျိုး

ညစဉ် ကိုယ်အိပ်တဲ့ ပုံစံက ကိုယ့်ကျန်းမာရေးကို အကျိုးများစွာ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ကိုယ်အိပ်နေတဲ့ ပုံစံမမှန်ပါက အောက်ပါ အကျိုးဆက်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

၁။ လည်ပင်းနှင့် ကျောရိုးနာခြင်း

၂။ အိပ်ပျော်နေစဉ် အသက်ရှုကြပ်ခြင်း

၃။ မောပန်စေခြင်း

၄။ အိပ်ရေးမဝခြင်း

၅။ ကြွက်တက်ခြင်း

၆။ အစာမကြေသဖြင့် ခေါင်းကိုက်ခြင်း

၇။ အစာအိမ်ပြဿနာတက်ခြင်း

၈။ အရွယ်နှင့် မလိုက်ဖက်သော မျက်နှာမှာ အရေးအကြောင်းများပေါ်ခြင်း

စတာတွေ ဖြစ်တတ်ပါတယ်။ လူတွေကတော့ များသောအားဖြင့် ပုံစံအမျိုးမျိုးနှင့် အိပ်တတ်ကြပါတယ်။ ကျွမ်းကျင် ပညာရှင်တွေကတော့ အဓိကအားဖြင့် အိပ်ပုံအိပ်နည်းက သုံးနည်းရှိပါသတဲ့။ ပက်လက်ရယ်၊ တစောင်းရယ်နှင့် မှောက်အိပ်တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီထက်များတဲ့ အိပ်နည်းတွေလည်း ရှိသေးကြောင်းလည်း ပြောကြပြန်ပါတယ်။

သင်အိပ်တဲ့ ပုံစံက သင့်ကို သက်တောင့်သက်သာ အပမ်းဖြေတာမျိုး ဖြစ်စေနိုင်သလို သင့်ကို ပိုပြီး ဆိုးကျိုးတွေ ဖြစ်စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီစာဖတ်ပြီးတဲ့အခါကျရင်တော့ ဘယ်ဘက်စောင်းပြီး အိပ်ဖို့ ကြိုးစားကြည့်ပါ။ မြန်မာမှာတော့ ငမိုးရိပ်မိကျောင်းပုံပြင်နဲ့ လင်ယောက်ျားရဲ့ ဘယ်ဘက်မှာ မိန်းမက အိပ်ရတယ်လို့ ဆိုပါတယ်။ ဒီအတိုင်းသာ အိပ်ရမယ်ဆို မဖြစ်မနေ ဇနီးဖြစ်သူက ညာဘက်စောင်းအိပ်ကို အိပ်ရပါမယ်။ ဒီ ၃၂ ကောဋ္ဌာသပဲ ရှိတဲ့ခန္ဓာကိုယ် တစ်ခုတည်းကနေ ဘာလို့များ ညာဘက်က မြတ်တယ်၊ ဘယ်ဘက်က ယုတ်နိမ့်တယ် ဖြစ်သွားရတယ် မသိပါဘူး။ ထားပါတော့လေ။ မြန်မာမှာက လင်္ကာလိုက်ဖက်အောင် ရေးစပ်ထးတဲ့ ဈေးသုံးလည်း မလွယ်နဲ့လို့ ရှိထားလေတော့ ရှေးထုံးလည်း ပယ်လို့မဖြစ်ဘူးကိုး။ အကျိုးအကြောင်း မညီရင်တော့ တချို့ရှေးထုံးလည်း ပယ်သင့်တယ်ထင်ရဲ့။

ဘယ်ဘက်စောင်းအိပ်ရတဲ့ ပထမဆုံးသော အကြောင်းက နှလုံးကို ဖိထားသလို ဖြစ်ပြီး နှလုံးမှာ သွေးအိုင်မနေတော့ဘဲ သွေးတွေ ခန္ဓာကိုယ်အနှံ့ ပြန့်လို့ဖြစ်ပါတယ်။ ဒီတချက်တည်းနဲ့တင် ဘယ်ဘက်စောင်းအိပ်ဖို့ လုံလောက်ပါတယ်။ ဒီလိုအိပ်မှလည်း နှလုံးရဲ့ လုပ်ဆောင်ချက်တွေ အလုပ်ဆက်လက်လုပ်ဆောင်နေစေမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများကျတော့ တခါတလေ ညာဘက်စောင်းအိပ်တတ်ကြပါတယ်။ မှားတော့ မမှားပါဘူး။ ဘယ်လိုဖြစ်ဖြစ် သူတို့ ဘယ်ဘက်ကို စောင်းအိပ်သင့်တယ်ဆိုတာလေးကိုတော့ သိထားသင့်ကြပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း သိထားသင့်တယ်။ အထူးသဖြင့် မွေးခါနီး သုံးလအလိုမှာပေါ့။ ဒါမှ မွေးတဲ့အခါ သွေးအလွန်အကျွံမထွက်တာမျိုး ဖြစ်မယ်။ မွေးပြီးနောက် မလိုလားအပ်တဲ့ ဝိတ်တက်တာမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားပါတယ်။

ဘယ်ဘက်စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ နေ့စဉ် ရှူမိသည့်လေမှ ပါဝင်လာတဲ့ အညစ်အကြေးများ အရေပြားနဲ့ ထိတွေ့လို့ ဝင်လာတဲ့ အဆိပ်စတာတွေကို  သွေးထဲကနေတဆင့် တစ်ရှူးများဆီ ပြန်ထုတ်ပေးစနစ် ဖြစ်တဲ့ Lymphatic System လည်း ကောင်းကောင်း အလုပ်လုပ်ပေးတယ်။ ဘယ်ဘက် စောင်းအိပ်ခြင်းက ဒီစနစ်ကို ပိုပြီး သက်ဝင်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘယ်ဘက်ကို စောင်းအိပ်ပါ။ ဒါက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။ အဲဒီအပြင် ခန္ဓာကိုယ်ကနေ မလိုအပ်ပဲ ဆုံးရှုံးရမယ့် ပရိုတိန်းဓာတ်တွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါသတဲ့။ ဘယ်ဘက်စောင်းအိပ်ခြင်းဟာ မိမိခန္ဓာကိုယ်ရဲ့ နဂိုလုပ်ဆောင်ချက်ဖြစ်တဲ့ အဆိပ်ထုတ် စနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ညာဘက်ကိုချည်း စောင်းအိပ်နေမယ်ဆိုရင် ညာဘက်မှာ ရှိတဲ့ အသည်းကို ဖိထားသလို ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ အသည်းမှာ စုလေ့စုထရှိတဲ့ အဆိပ်တွေဟာ ဘယ်မှ မသွားနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်ဘက်စောင်းအိပ်လိုက်ပါ။ ဒါမှ သင့်အသည်းမှာ စုနေတတ်တဲ့ အဆီတွေ အဆိပ်တွေကို ချေဖျက်မဲ့နေရာကို ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ သရက်ရွက်ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်မှာ ရှိပါတယ်။ ဒါကြောင့် ဘယ်ဘက်စောင်းအိပ်လိုက်ပါ။ ဒါက သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ်ချေဖျက်နိုင်စွမ်းအားကြီးတဲ့ သရက်ရွက်ကို အကောင်းဆုံး ကူညီရာ ရောက်ပါတယ်။ မြေကြီးရဲ့ ဆွဲအားနဲ့ ညာဘက်မှာ ရှိတဲ့ သွေးတွေဟာ အောက်ကို ကျလာပြီး သင့်ရဲ့ သရက်ရွက်က သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်တချက်က သင်ဘယ်ဘက်စောင်းအိပ်မှ သင့်အစာအိပ်မှာ ရှိတဲ့ အစာချေတဲ့ အက်စစ်က အနေအထားမှန်မှာ ဖြစ်ပါတယ်။ အဲလိုအိပ်မှလည်း အစာပြွန်တွေမှာ ရှိတဲ့ အစာတွေဟာ အစာအိမ်ထဲ ဝင်လာမှာ ဖြစ်ပါတယ်။ ဘယ်ဘက်စောင်းအိပ်မှ အစာပြွန်ကြောထဲမှာ ရှိတဲ့ အစာတွေဟာ အစာအိမ်ထဲ ဝင်လာပြီး အက်စစ်နဲ့တွေ့ကာ အစာကြေမှာ ဖြစ်ပါတယ်။

အူမကြီးနှင့် အူသိမ်တွေကို ဆက်သွယ်ပေးတဲ့ အဆို့ရှင်က ညာဘက်မှာ ရှိပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ မလိုလားအပ်တဲ့ အညစ်အကြေးကို မြန်မြန်ထွက်စေချင်သပဆိုရင် ဘယ်ဘက်ကိုသာ စောင်းအိပ်လိုက်ပါ။ ဒါမှ မြေဆွဲအားအကူအညီနဲ့ သင့်အညစ်အကြေးတွေဟာ လိုအပ်တဲ့နေရာကို မြန်မြန်ရောက်မှာ ဖြစ်ပါတယ်။ ဒါတွေကို သိပြီဆိုရင်လည်း သူငယ်ချင်းတွေကိုလည်း ပြောပြ သင်ကိုယ်တိုင်လည်း ဒီအကျိုးကို ခံစားချင်တယ်ဆိုရင် ဘယ်ဘက်ကိုသာ စောင်းအိပ်လိုက်ပါ။ ကြိုးစားကြည့်ပါ။ Lifeinsider ဆိုတဲ့ ဝက်ဆိုက်ကနေ တွေ့လို့ တတ်သလောက် မှတ်သလောက် ရေးတင်လိုက်တာပါ။

Post navigation

ပိဿာလေး
Enneagram Relationship Three and Three

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress