လွန်ခဲ့ သော နှစ်ပေါင်း ၂၆၃၀ ကျော်ကပေါ့။ တုသိတာ နတ်ပြည်မှာ နတ်တွေက သေတကေတု အမည်ရှိတဲ့ နတ်ဆီ ကို သွားပြီး “အသင်နတ်သား လူပြည်ဆင်းပြီး ဘုရားဖြစ်ချိန်တန်ပါပြီ” ဝိုင်းဝန်းတောင်ပန်ကြတယ်။ သေတကေတု နတ်သားက လူ့ပြည်ကို လှမ်းကြည့်လိုက်တယ်။ ဘုရား ဖြစ်ဖို့အတွက် ကျိုးကြောင်း သင့်မသင့် ကြည့်လိုက်ပါတယ်။ လူ့သက်တမ်းက ဘယ်လိုလဲ။ တိုလာပြီ။ တဖြည်းဖြည်းတိုလာလိုက်တာ ၁၀၀ သက်တမ်းရောက်နေပြီ။ ဆုတ်ကပ်-။ ကျွန်း ဘယ်ကျွန်းမှာ ပွင့်ရမလဲ။ အရှေ့ကျွန်းသားရဲ့ အသက်က (၇၀၀) အနောက်ကျွန်းသား အသက်က (၅၀၀) မြောက်ကျွန်းသားအသက်က (၁၀၀၀) ကွက်တိ။ မပို မလိုဘူး။ သူတို့က ငါးပါးသီလကို လုံးဝလုံခြုံနေတယ်။ ရောဂါဘယလုံးဝမဖြစ်ဘူး။ တောင်ကျွန်းက မဟုတ်ဘူး။ အသက်က ရှည်လိုက်။ တိုလိုက်။ ဟုတ်ပြီ။ တောင်ကျွန်း။ နောက်တစ်မျိုးက ဘယ်လိုနေရာမျိုးမှာလဲ။ အချက်အချာကျသောနေရာ ကမ္ဘာစတည်စဉ်က သို့မဟုတ် လွန်ခဲ့သော အန္တရကပ် ၁၃ ကပ်မြောက်က ဇမ္ဗုသပြေပင်ပေါက်ခဲ့သောနေရာ။ မျိုးရိုး ဘယ်လိုမျိုးရိုးမှာဖြစ်ရင် လူတွေကို ဆုံးမရ ပိုလွယ်ကူမလဲ ကြည့်လိုက်တော့ တွေ့လိုက်တယ် မင်းမျိုး။ နောက်ဆုံး အမိ ဝမ်းသန့်စင်မသန့်စင်။ အမိ၏ သက်တမ်း မည်မျှရှိနေပြီလဲ။ အားလုံးက ဘုရားလာဖြစ်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်တဲ့အတွက် သေတကေတုနတ်သားက သူ့ကို လာတောင်းပန်ကြတဲ့ နတ်သား အပေါင်းကို ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီည သုဒ္ဓေါဒန မင်းကြီးရဲ့ တောင်ညာစံ မာယာမိဖုရား အိပ်မက် မက်ပါတယ်။