• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၂)

 

သင်တန်းတစ်ခုပေးပြီဆိုရင် ပထမဆုံး အရေးကြီးတဲ့ အခြေခံအချက်ကလေးတွေကိုတော့ သိထားသင့်တယ်မဟုတ်ပါလား။ ပထမဆုံးသိထားရမည်က ပံ့ပိုးသူ ဆိုသည့်အပိုင်းဖြစ်သည်။ တရားဟောခိုင်းခြင်းမဟုတ်။ ဆုံးမခိုင်းခြင်းမဟုတ်ကြောင်း ဆိုသည်ကို သိထားရမည်။ ပံ့ပိုးသူ၏ အဓိက လုပ်ရပ်မှာ သင်တန်းသားများ မိမိကိုယ်ကို မိမိ ပြန်လည်ရှာဖွေ သင်ယူတတ်မြောက်တတ်ဖို့ ဖြစ်သည်။

ပံ့ပိုးမည့်အစီအစဉ်တွင် သတိထားရမည့်အချက်ကလေး လေးချက်ရှိသည်။ အင်္ဂလိပ်လို အတိုကော spot ဟုခေါ်သည်။

S = Save or Space

သင်တန်းခန်းမနေရာသည် လုံခြုံစိတ်ချရသည့် အနေအထားတွင် ရှိနေရမည်။ လုံခြုံစိတ်ချဆိုသည့်အဆိုကို အနည်းငယ်ဖွင့်ပါမည်။ သင်တန်းခန်းတွင်းသို့ ဝင်လိုက်သည်နှင့် နွေးထွေးသည်ဆိုသည့် ခံစားချက်မျိုးကို သင်တန်းသားများအား ရရှိစေနိုင်ရမည်။ မှက်ခြင်ယင်လေ စသည့်အနှောက်အယှက်အပြင် သောက်ရေ မုန့် အပျင်းပြေကစားစရာများ အသင့်ရှိနေရမည်။ အဝင်အထွက် အသွားအလာ လွယ်ကူရမည်။ ဤသည်မှာ အရေးကြီးသည့် အချက်များ ဖြစ်ပေသည်။

P = Process

ဖြစ်စဉ်ဟု အတိုချုံးခေါ်သည်။ ဋီကာရလျင် မိမိသင်တန်းအတွင်း မည်ကဲ့သို့ အဆင့်ဆင့်ပြုလုပ်သွားမည်ဆိုသည့် အဆင့်ကို ပံ့ပိုးသူက အစီအစဉ်တကျ သိနေရမည်။ ဖြစ်နေရမည်။ မိမိနည်းလမ်းကိုသာ မိမိသိသည်မဟုတ်ဘဲ သင်တန်းသားတို့၏ အခြေအနေကိုလည်း သိနေရမည်။ သင်တန်းသားအခြေအနေဆိုသည်မှာ သူတို့အချင်းချင်း ဆက်ဆံရေး သူတို့၏ တိုးတက်လာမှု သူတို့၏ နောက်ခံအနေအထားစသည်တို့အားလုံးဖြစ်သည်။ ထို့နောက် မိမိသင်တန်း၏ သတ်မှတ်ထားမှု စံကိုလည်း သိထားရမည်။ သင်တန်းအတွင်းရှိ လူအားလုံးတို့၏ စိတ်ခံစားမှုကို အကဲခတ်တတ်နေရမည်။

O= Outcome

သင်တန်းပေးတော့မည်ဆိုကတည်းက ရလာဒ်တစ်ခုခုကို လိုချင်၍ ပေးသည်မှန်သော်လည်း မိမိသင်တန်းသားတို့၏ မျှော်လင့်ချက်ကို သေချာလေ့လာထားရမည်။ မိမိကိုယ်တိုင် မကြာခဏ ဖတ်ကြည့်ရမည်။ မိမိပေးသည့် သင်ခန်းစာသည် မိမိရည်ရွယ်ချက်နဲ့ မည်ကဲ့သို့ ကိုက်ညီအောင် သွားနေသနည်းကို အမြဲစနည်းနာရမည်။ ထို့အတူ မိမိမမျှော်လင့်ထားသော ရလာဒ်များအတွက်လည်း ကြိုတင် တွက်ဆ ပြင်ဆင်ထားရမည်။

T = Time

အချိန်ကို တိကျသင့်သည်။ အခြေခံ သဘောတူညီချက်တို့တွင် အချိန်တိကျရမည်ဆိုသည့် အချက်မျိုးပါနေပါက ပို၍ သတိထားရမည်။ မိမိရသည့်အချိန်ကိုလည်း အကျိုးရှိစွာ အသုံးချတတ်ရမည်။ အချိန်စီမံခန့်ခွဲမှု ကောင်းရမည်။

ဤလေးချက်ကို လိုက်နာသင့်ပါသည်။ ထို့အတူ မိမိပံ့ပိုးနေချိန်တွင် သင်တန်းသား/သူတို့၏ အတွေးအခေါ်များသာ ဖြစ်သင့်သည်။ မိမိက လိုအပ်သည့်အချိန်တွင် ပံ့ပိုးနေဖို့သာလိုသည်။ မိမိ၏ဆန္ဒ မိမိ၏ သဘောထားနှင့် ချိန်ညှိပြနေဖို့မလိုပေ။ အထူးသတိကြီးစွာ ထားရမည်မှာ မိမိအတွေးများ မထည့်သွင်းမိကြစေဖို့ ဖြစ်ပါသည်။

Post navigation

ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၁)
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၃)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၁)

  • Enneagram Relationship One and One

  • Enneagram Type One Level

  • ဘဝစက်ဝိုင်း (၂)

  • ဘဝစက်ဝိုင်း (၁)

  • ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၉)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress