• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၇)

သင်တန်းပေးတဲ့အခါ ရှေ့က သင်ပေးသူဟာ ဆရာ မဖြစ်ရပါဘူး။ မြန်မာနိုင်ငံက သိတဲ့ ဆရာဆိုတာမျိုးက သူသိ သူတတ်ဖြစ်လွန်းအားကြီးတယ်။ အသိ အတတ်ပညာအားလုံးက ဆရာ့ဆီကလာတာချည်း ဖြစ်အောင် ရှေ့ကနေ ကရားရေလွတ်ပြောတယ်။ တပည့်တွေကို အခွံချည်းသက်သက်ထားလေ့ရှိတယ်။ ပြောသေးတယ်။ အဖြူထည်ကို ဆေးမဆိုးမိစေနဲ့ဆိုပြီး သူရို့ပဲ ခုနှစ်ရောင်ခြယ်တယ်။ ပြီးတော့ ဆရာ့ဂုဏ်ဆိုပြီး ဖြစ်တော့တာပဲ။ သည်တော့ သင်တန်းပေးတဲ့အခါ သင်တန်းသားတွေကို ပံ့ပိုးပေးရုံပဲ လုပ်သင့်တယ်။

တစ်ခုခုသင်တော့မယ်ဆိုတာနဲ့ ကိုယ်သင်မယ့်အရာကို သင်တန်းသားများ စဉ်းစားအောင် တီထွင်ကြံဆအောင် ဘယ်လိုနည်းနဲ့ သင်မလဲလို့ ကိုယ်က အရင် စစဉ်းစားရတာပါပဲ။ သင်သမျှသည် သင်တန်းသားများ တီထွင်ကြံဆတတ်အောင် ဖြစ်နေရမယ်။ တီထွင်ကြံဆတတ်အောင် ဘယ်လိုသင်မလဲ။ ဦးနှောက်ကို နှစ်ခန်းတွဲသုံးခြင်းပါပဲ။ ညာဘက်ခြမ်းကချည်း မှတ်ခိုင်းနေရင် မှတ်မိဖို့မလွယ်သလို ဘယ်ဘက်ကချည်း ခံစားခိုင်းနေရင်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်တွေ ဇွတ်သွင်းနေတာနဲ့တူတယ်။ အထူးသဖြင့် ဘယ်ဘက်ချည်း အသင်လွန်ရင် အကြောက်တရားပဲ ဖြစ်လာတာမျိုးများတယ်။ ညာဘက်ချည်းဆိုရင် လက်တွေ့မှာ ဝေဝါးတယ်။ တစ်ခုခုဆို ပုံသေမှတ်လိုက်တတ်တယ်။ ဘဝက ပုံစံခွက်မဟုတ်ဘူး။ ဒီတော့ သင်တန်းပေးရင် သို့မဟုတ် သင်တန်းပေးခါနီးရင် သင်တန်းသားရဲ့ ဦးနှောက်နှစ်ခြမ်းဆီရောက်အောင် ဘယ်လိုစာသင်နည်းနဲ့ သင်မလဲဆိုတာ အရင်စစဉ်းစားရမှာပဲ။

နောက်တစ်ခုက စိတ်ကြည်လင်ခြင်းပါ။ စဉ်းစားကြံစည်အောင်ကတော့ စိတ်က ကြည်လင်နေရမယ်။ စိတ်ကြည်လင်ဖို့ တရားထိုင်တာမျိုး စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့နေရာမှာ သင်တာမျိုးလုပ်သင့်ပါတယ်။ ပြီးတော့ အဟန့်အတားများကို စွန့်လွတ်ခြင်းဖြစ်ပါတယ်။ သင်တန်းပံ့ပိုးသူက သည်နေရာမှာ ပိုင်ရပါမယ်။ တစ်ခုခု ဟန့်တားနေတဲ့ အတွေးမျို အဖြစ်အပျက်မျိုး မရှိစေရပါဘူး။ အဲဒီအတွက် သင်တန်းဆရာဟာ မမှန်တဲ့ အပိုင်းကို မမှန်သည့်အလိုက် ပြောဆိုရဲရမယ်။ အမှန်တရားအတွက် အပြောအဆို အနွံအတာခံနိုင်ရမယ်။ စူးစမ်းလိုစိတ် ရှိရမယ်။ အဲဒီစူးစမ်းလိုစိတ်က ကလေးလို ဖြစ်နေရမယ်။ အများလက်ခံထားတဲ့ အမှန်တရားကို မေးခွန်းထုတ်ရဲရမယ်။

နောက်တပိုင်းကတော့ သင်တန်းသားတွေကို မျှော်လင့်ချက်တွေမေးပြီး မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးခြင်းပါပဲ။ သင်တန်းဗဟိုပြုသင်တန်းပေးနည်းကို သုံးသွားရင် အဆင်ပြေနိုင်ပါတယ်။ အစကတည်းက သင်တန်းရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောထားရမယ်ပေါ့။

နောက်တမျိုးကတော့ သင်တန်းတွေမှာ မိသားစုဆိုပြီး အုပ်စုလေးတွေ ဖွဲ့လေ့ဖွဲ့ထရှိတယ်။ အဲဒီထဲမှာ လူရွှင်တော်၊ Funny စသဖြင့်လည်းကောင်း Energizer အဖွဲ့အဖြစ်လည်းကောင်း ထည့်ထားတဲ့အဖွဲ့ ရှိပါတယ်။ ဂိမ်းကစားတာ Brain gym ကစားတာ သို့တည်းမဟုတ် ရယ်စရာပြောတာ သီချင်းဆိုတာမျိုးထည့်ထားရပါမယ်။ ပျော်ရွှင်ပေါ့ပါးပြီး ဉာဏ်ကစားတဲ့ကစားနည်းများဆိုရင်တော့ ပိုကောင်းတာပေါ့။

သင်တန်းပံ့ပိုးသူတော်တော်များများလုပ်လေ့ရှိပေမယ့် တချို့သင်တန်းပံ့ပိုးသူတွေကျတော့ မလုပ်တဲ့အချက် တစ်ခုရှိတယ်။ အဲဒါကတော့ သင်တန်းသားတွေရဲ့ နောက်ခံကို လေ့လာခြင်းပဲ။ အဲဒီအတွက် တချို့ ပံ့ပိုးသူများတော့ Barometer တိုင်းလေ့ရှိတယ်။ မဟုတ်လည်း သင်တန်းစီစဉ်သူဆီကနေ မေးမြန်းထားလေ့ ရှိတယ်။ တချို့ကျတော့ မလုပ်ပဲ သူသင်ရမယ့် သင်ခန်းစာကိုပဲ ဝင်သင်သွားတာမျိုး တွေ့ရတတ်တယ်။ အဲဒီအခါမျိုးမှာ ကိုယ့်သင်ရိုးကို သင်တန်းသားများ နဝေတိမ်တောင် ဖြစ်ရပါတယ်။ အဲလို နဝေတိမ်တောင် ဖြစ်ရခြင်း နောက်တမျိုးက သင်တန်းပံ့ပိုးသူဟာ သင်ရိုးကို အပြင်ပန်းအနေနဲ့ သိထားခြင်းပဲ။ သင်တန်းပံ့ပိုးသူဟာ သူသင်မယ့် အကြောင်းအရာကို ဂဃနဏသိနေရပါမယ်။ အဲဒီထက် မိမိသင်တဲ့ ဘာသာရပ်ကို မိမိကိုယ်တိုင်က မြတ်နိုးနေရပါမယ်။

 

ဆက်လက်၍ သင်တန်းနဲ့ပတ်သက်သည်များကိုတင်ပေးသွားပါဦးမယ်။

Related Posts

  • Enneagram Relationship One and One

  • Enneagram Type One Level

  • ဘဝစက်ဝိုင်း (၂)

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress