• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၃)

 

ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းပေးနည်းဆိုပေမယ့် ဒီတစ်ကြိမ်တော့ သင်တန်းထဲမှာ ဖြစ်ပေါ်တတ်တဲ့ သင်တန်းသား အခြေအနေလေးတွေကို ပြောပြချင်ပါတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၂) မှာ ပါခဲ့တဲ့ SPOT ထဲက P ဆိုတဲ့ စကားလုံးလေးဟာ Process လို့ဖွင့်ဆိုခဲ့တယ်။ အဲဒီမှာတုန်းကလည်း Process နဲ့ပတ်သက်ပြီး တမျိုးတမည် ရှင်းပြခဲ့တယ်။ ခုကတော့

ဖြစ်စဉ်များစွာရှိတဲ့အထဲက သင်တန်းတွေမှာ ကြုံရတဲ့ သင်တန်းသားဖြစ်စဉ်ပေါ့။ ခြောက်ဆင့်ရှိပါမယ်။

၁။ သဘောမျှ ပူးပေါင်းပါဝင်ခြင်း (Passive Participant) ဆိုတဲ့သင်တန်းသား။ သူကတော့ အဖွဲ့က လွတ်လိုက်တာ။ သို့မဟုတ် သူ့အထက်က လွတ်လိုက်တာမျိုး။ ပြီးတော့ သင်တန်းထဲမှာ ဘာမှ သိပ်စိတ်မဝင်စားပဲ လူပြည့်ရုံသာ ဖြစ်နေတတ်တဲ့ သင်တန်းသားမျိုးပေါ့။ သူ ပြောနေခြင်း မပြောနေခြင်းတွေဟာ သူ့အတွက် ဘာမှ ထူးခြားမှာမဟုတ်ဘဲ သင်တန်းအတွက်လည်း သိပ်ထူးခြားမှု မရှိတတ်ဘူး။

၂။ သတင်းပေး ပူးပေါင်းပါဝင်ခြင်း (information giving participant) ဆိုတဲ့သင်တန်းသား။ သင်တန်းမှာ သင်ပေးသမျှတော့ သူ့အတွက် ထိရောက်မှာမဟုတ်ပါဘူး။ မေးလာရင် ဖြေမယ်။ ပြောခိုင်းရင် ပြောမယ်။ လုပ်ရမယ်လို့ ပြောရင် လုပ်လိုက်တာပဲ။ စိတ်ကမပါတော့ ရှေ့က ဆရာသင်သမျှ အားလုံးက သူ့အတွက်မဟုတ်ဘူး။

၃။ အကြံပေးခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း (Consultative Participant) ဆိုတဲ့သင်တန်းသား။ ပြောရ ဆိုရလွယ်တဲ့ သင်တန်းသားမျိုးပါပဲ။ မေးခွန်းတွေ ဖြေမယ်။ အကြံပေးမယ်။ ထိရောက်တဲ့ နည်းလမ်းတွေကို ပြောပြတတ်တယ်။ ဒါပေမယ့် သူက ပြတ်ပြတ်သားသား လက်ခံတဲ့ သင်တန်းသားမျိုးမဟုတ်ပါဘူး။ သူ့အစွဲကလေးနဲ့ သူဖြေရှင်းပြတာ။ သူ့အတွက် ဟုတ်ချင်မှ ဟုတ်မှာ။ ခေတ်စကားနဲ့ ပြောရရင် စဆရက သင်တန်းသားမျိုးဖြစ်မလားပဲ။

၄။ မိမိဆန္ဒအလိုက် ပူးပေါင်းပါဝင်ခြင်း (Functional Participant) ဆိုတဲ့ သင်တန်းသား။ အတော်လေးတော့ တိုးတက်လာတဲ့ သင်တန်းသားပေါ့။ သည်သင်တန်းသားက တစ်ခုခု ပြောင်းလဲဖို့ လမ်းစပေါ် ရောက်လာတဲ့ သင်တန်းသားမျိုးတဲ့။ အလုပ်ကိုလည်း စိတ်ဝင်စားတဲ့သူမျိုး။ အပြင်မှာလည်း တကယ်လုပ်နေတဲ့အခါ ဖြစ်စဉ်တွေကို သဘောပေါက်နေတဲ့ သင်တန်းသား။ ကိုယ့်အားကိုယ်ကိုးတဲ့ သင်တန်းသားပါ။သူလုပ်နေတဲ့ အလုပ်မျိုးနဲ့ ခုပေးနေတဲ့ သင်တန်းထဲက သင်ခန်းစာတွေ ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ပြီး စစ်ယူတတ်တဲ့ သင်တန်းသားအဆင့်မှာပါ။

၅။ အပြန်အလှန် ပူးပေါင်းပါဝင်ခြင်း (Interactive Participant) ဆိုတဲ့သင်တန်းသား။ ဒီသင်တန်းသားက သူ့ကိုယ်သူ ပြန်ဆန်းစစ်တတ်ပြီ။ 3 zone လိုသင်တန်းထဲက Learning Zone (သို့) Uncomfortable zone ဆီကို တကယ် ခြေလှမ်း လှမ်းပါပြီ။ ဘယ်မှာ ဘယ်လိုလုပ်မယ် စသဖြင့် ကိုယ့်ဘဝကို ပြန်ပြီး ဦးစီးဦးဆောင်လုပ်ဖို့ တာစူသွားတဲ့ သင်တန်းသား ဖြစ်ပါတယ်။ သင်ပေးသမျှ သင်ခန်းစာတွေ တော်တော်လေးလည်း ရတဲ့ သင်တန်းသားပါ။

၆။ မိမိကိုယ်ကို မိမိသိရှိသည့် ပူးပေါင်းပါဝင်ခြင်း (Self Mobilization Participant) ဆိုတဲ့ သင်တန်းသား။ လွတ်လပ်သွားတာ။ ဘာလုပ်ရမယ်ကို ရှင်းရှင်းလင်းလင်း နားလည်သွားတာ။ သူ့ရဲ့ အသိပညာကို ဘယ်လို ကြွယ်ဝအောင် လုပ်ရမယ်။ ဘယ်သူ့အတွက် ဆက်လက်ပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ သင်တန်းသားမျိုးပါ။ ဘယ်သူတွေဟာ အသိပညာ လိုအပ်နေတယ်။ ဒီအသိပညာကို ပြန့်ပွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်သွားတဲ့ သင်တန်းသားမျိုးဖြစ်ပါတယ်။ အထူးသဖြင့် အများအကျိုးသယ်ပိုး ချင်စိတ်ပေါက်သွားတဲ့ သင်တန်းသားပေါ့။

သင်တန်းသား အမျိုးအစားက ဒီခြောက်မျိုးပါ။ ၁ ကနေ ၆ အထိ တဖြည်းဖြည်း တိုးတက်လာပါတယ်။ သင့်ရဲ့ သင်တန်းထဲမှာ ဟိုးအပေါ်ဆုံး ၁ က သင်တန်းသားမျိုးပါနိုင်သလို အောက်ဆုံးက ၆ အဆင့်သင်တန်းသားမျိုးလည်း ပါနိုင်ပါတယ်။ အဆင့်ခြောက်က သင်တန်းသားမျိုး များများပေါ်ပေါက်နိုင်ပါစေ။

 

Related Posts

  • Enneagram Relationship One and One

  • Enneagram Type One Level

  • ဘဝစက်ဝိုင်း (၂)

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress