• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ပါဝါ

မိမိကိုယ်ကို သိရှိခြင်း သင်တန်းမှာ ပါဝါဆိုတဲ့ သင်ခန်းစာလေးတစ်ခုပါတယ်။ ပါဝါက သုံးမျိုးပါ။ Power over, Power sharing & Power within ဆိုပြီး ဖြစ်ပါတယ်။ တချို့ကျတော့လည်း Power ကို အာဏာလို့ဘာသာပြန်ကြသလို တချို့ကျပြန်တော့လည်း စွမ်းအားလို့ ဘာသာပြန်ကြတယ်။ ကျွန်တော်ကျပြန်တော့ ကိုယ် Participants တွေပြောသလိုပဲ အလျဉ်းသင့်သလိုပြောလိုက်တာပါပဲ။ စွမ်းအား ဖြစ်ချင်ဖြစ်။ အာဏာဖြစ်ချင်ဖြစ်။ ဒါက ကျနော့်ထုံးစံ။ အကျင့်။ ဆာကြီးမြင့်သန်းကတော့ဖြင့် အာဏာလို့ဘာသာပြန်တာ Influence နဲ့သွားတူတယ်လို့ဆိုတယ်။ သင်တန်းသဘောတရားအရဆိုပြန်ရင်တော့ အာဏာက သင့်တော်ပြန်တယ်။ ဒါမဲ့ သင်တန်းထဲမှာ ဒီသင်ခန်းစာကြီးက တော်တော်သင်ခန်းစာပေးတဲ့ သင်ခန်းစာလို့ ဆိုချင်တယ်။ တော်တော်သင်ခန်းစာ ရချင်စရာကောင်းတဲ့ အဖြစ်အပျက်တွေလည်း ပေးခြင်းခံခဲ့ရပါတယ်။ အဲဒါကတော့ ပထမဦးဆုံးဖြစ်တဲ့ Power Over ဆိုတာလေးပါ။ Over ဆိုတာလေးကို အွယ်ပီးက သနားသဖြင့် ဝယ်ပေးထားတဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန်စာအုပ်ထဲမှာတော့ ကျော်လျက် ပိုလွန်လျက် ဆိုတဲ့အဖွင့်မျိုးက မပါဘူး။ ဒါကြောင့်ထင်ပါရဲ့။ စာထဲအတိုင်း နေလို့မရဘူးလို့ပြောတာ။ စာအုပ်ထဲကအတိုင်းဆိုရင်ဖြင့် အာဏာအောက်သို့၊ အာဏာငိုက်လျက်၊ အာဏာစိုက်လျက်၊ အာဏာတဖက်မှ တဖက်သို့၊ အာဏာဘက်သို့၊ အာဏာဘက်မှ၊ အာဏာဆီကို၊ အာဏာဆီမှာ၊ အာဏာလုံးလုံး၊ အာဏာအလုံးစုံ၊ အာဏာကျန်လျက်၊ အာဏာအထက်၊ အဲပါလာသားပဲ။ အာဏာအထက်၊ အာဏာပို၍ တဲ့။

ခဏခဏ သင်ကြတာက အာဏာကို အလွန်အကျွံသုံးစွဲပုံပဲ။ အာဏာကို အလွန်အကျွံသုံးစွဲတာကို ဘယ်လောက်ပဲ နားလည်ကြသလဲဆိုရင် ဟိန်းတာ ဟောက်တာ အထက်စီးဆန်တာ အမိန့်နဲ့ခိုင်းတာ အဓမ္မစေခိုင်းတာ အော်တာ ငေါက်တာလောက်ပဲ ပိုပိုစီးစီးပြောကြတယ်။ တကယ်တမ်းကျတော့ Power over ဖြစ်ရင် ဖျူးစ် ပြတ်ပါပြီ။ ဘရေကာက ဖြတ်ချတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထားပါ။ ဘယ်လိုဖြစ်ဖြစ် Power over ဖြစ်ရင်တော့ မီးပြတ်မှာပဲ။ ပြတ်ရင် ပျက်မယ်။ ပျက်ရင် မလာတော့ဘူး။ အဲဒါဆို မှောင်ပြီ။ အဲချိန်ဆို ဘယ်သူက ဘယ်သူ့ကိုမှ မမြင်တော့ဘူးလေ။ မမြင်ရင် ဘာဖြစ်လဲ။ လုပ်ချင်တာ လုပ်လာတာ။ ဘယ်သူ့ကိုမှ သိပ်ပြီး ဂရုမစိုက်တော့တာ ဖြစ်လာတော့တာပေါ့ဗျာ။ Power over ကို ကျနော် ခဏခဏ မြင်နေရတဲ့ပုံစံက အာဏာကို အလွဲသုံးစားလုပ်တဲ့ ကဏ္ဍပါပဲ။ ငါက လူကြီးဆိုတော့ အိပ်ချိန်နည်းနည်းပိုယူမယ်။ ထချင်တဲ့အချိန်မှ ထမယ်။ ငါသွားစရာရှိတာ ငါသွားရမှာပဲ။ စားချင်တဲ့အချိန်မှ စားမယ်။ ဘယ်သူမှ မထိခိုက်ဘူးလို့ ထင်ရပေမယ့် ထိခိုက်မှုတွေ မဖြစ်မနေ ဖြစ်နေတဲ့ အမှုကိစ္စတွေပဲ။ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တာတွေ စာသင်ခန်းတွင်း အကြမ်းဖက်မှုဖြစ်တာတွေက သေချာတယ်။ Power over ကြောင့်ပဲ။ ကိုယ့်လူမျိုးအပေါ် အကြမ်းဖက်တာလည်း ပါပါတယ်လေ။

ဒီမှာက Power သုံးမျိုးသင်တယ်။ တလောက်တုန်းက ရေးဖြစ်တဲ့ ဘဝစက်ဝိုင်းဆိုတဲ့ အပိုင်းထဲက နှစ်ပိုင်းမြောက် Social & relationship မှာ power ကို ငါးမျိုးပြောတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေ ချောမွေ့စေဖို့ Popular ဆိုတဲ့ power ရှိရမယ်။ မင်းကို လူတွေခင်ဖို့ မင်းဆိုတဲ့ အမှတ်တံဆိပ်တစ်ခုခုပေါ့။ ဘယ်နေရာမှာ တော်တယ်၊ ဘယ်နေရာမှာ တတ်တယ်၊ ဘာလုပ်တတ်တယ်။ ဘာဘွဲ့တွေရထားတယ်။ စသဖြင့် ထင်ရှားတဲ့ ဂုဏ်ထူးတစ်ခု ဘွဲ့ထူးတစ်ခုပိုင်ဆိုင်ထားရပါမယ်။ Money ဆိုတဲ့ power လည်းရှိရမယ်။ ပိုက်ဆံ မရှိတဲ့သူကို သူများတကာ သိပ်အပေါင်းအသင်း မလုပ်ချင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ စကားပုံတောင် ရှိတယ်။ မရှိခိုးနိုး မလှစုန်းယိုးလို့လေ။ ဒါအမှန်တရားပဲ။ နောက်တစ်ခုက Authority power။ မင်းဝင်ဆန့်တဲ့ အသိုင်းအဝိုင်းမှာ မင်းဟာ တစ်ခုခုကိုတော့ လုပ်ပိုင်ခွင့်ရှိနေရမယ်။ ရှိမနေရင် အဲဒီအသိုင်းအဝိုင်းကနေ ထွက်ခဲ့တော့။ Authority မရှိတော့ရင် မင်းကို လူမလေးခွေးမခန့် လုပ်မှာပဲ။ နောက်တစ်ခုက Expert power ။ မင်းဘယ်နေရာမှာ ကျွမ်းကျင်သလဲ။ မင်းကျွမ်းကျင်မှုကို မင်းကောင်းကောင်း အသုံးချ။ အဲဒီကနေ မင်းအာဏာတွေ ရှိလာမယ်။ နောက်တစ်ခုက တစ်ကိုယ်ရည်အာဏာ။

နောက်တခုက Social အတွက် Power ခြောက်မျိုးဆိုပြီးရှိသေးတယ်။ ပထမတမျိုးက Reward Power တဲ့။ ဆုပေးစွမ်းအားလို့ ပြောရမလား။ မိမိက ပေးနိုင်တဲ့ အရာလေးတွေ ရှိရင် ပေးပေးရတယ်။ ဥပမာ ဘယ်သူ့ကိုမဆို ပြုံးပြပေးခြင်းမျိုး။ ကိုယ့်လက်အောက်ငယ်သားနဲ့ အကျွမ်းတဝင် တရင်းတနှီးနေတာမျိုး။ ဒုတိယတမျိုးက Coercive Power။ ဒဏ်ပေးစွမ်းအားပေါ့။ ဆုချည်းပေးနေရင် လူမလေး ခွေးမခန့်ဖြစ်သွားမှာစိုးလို့ထင်တယ်။ တတိယက Referent power။ တယောက်ယောက် ကိုယ့်ကို အားကျစေနိုင်တဲ့ အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားရမယ်လို့ဆိုတယ်။ အညွန်းခံအာဏာပေါ့။ ဘယ်သူကဖြင့် ဘာဘွဲ့ရလို့ ဘာလုပ်နိုင်နေတယ်ဆိုတာမျိုး။ နောက် စတုတ္ထက Legitimate power ။ သင်နဲ့ သင့်လျှော်လျောက်ပတ်တဲ့ စွမ်းအားမျိုး သင့်ဆီမှာ ရှိနေရမယ်လို့ဆိုတယ်။ ကျန်တာတွေက အပေါ်ကနဲ့ တူတယ်။ Expert power နဲ့ Personal power တဲ့။ ဒါပေမယ့် နောက်ဆုံးပါဝါကို တနေရာမှာ Informational Power လို့တွေ့ပြန်တယ်။ ဒီ power သမိုင်းကိုကြည့်လိုက်တော့ ကျနော်မမွေးခင်ကတည်းက ဒိတ်ကုန်နေပြီဆိုတာ သိလိုက်ရပြန်ပါတယ်။ ဆိုတော့ ဒီခေတ်က ဘယ်လိုမျိုးတွေ ခေတ်စားလည်း မသိဘူး။

တောက်တဲ့ကျင်းဖြစ်လိုဖြစ် တာအိုဖြစ်လိုဖြစ်ပုဂ္ဂိုလ်ကြီး ပြောတာကတော့ သူတပါးအပေါ် လွမ်းမိုးချင်ရင် မိမိအပေါ်မိမိ လွမ်းမိုးနိုင်အောင် အရင်လုပ်ရတယ်ဆိုပဲ။ ဘယ်လိုဆိုဆို အာဏာဆိုတာ လူတစ်ယောက် စိတ်ရင်းအမှန်ကို ဖော်ပြတတ်တဲ့ အရာတစ်ခုပါပဲ။ဆိုတော့ ကိုယ်ပိုင်တဲ့နေရာမှာ ကိုယ်လုပ်ချင်သလိုလုပ်တော့တာပါပဲ။ အောက်မှာဖတ်ကြည့်လိုက် သူများကို စောင်းရေးပြလိုက်ဦးမယ်။ ကိုယ့်နေရာ ကိုယ့်အာဏာလေဗျာ။

(ဒီပိုစ့်မှာ ဘွဲ့ရတယ် ဘွဲ့ ဘွဲ့ ဆိုတဲ့ စကားလုံးကို သေချာသုံးနှုန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ၁၂ ရာခိုင်နှုန်းကိုသာ ဂရုစိုက်နေတဲ့လူတွေကြောင့်ရယ် လောလောဆယ် ဘွဲ့မရရင် အရာမဝင်ဘူးလို့ထင်တဲ့ အသိုင်းအဝိုင်းတစ်ခုကြောင့်ရယ် ဘွဲ့လို့သေချာရေးလိုက်တာပါ။ တကယ်တမ်း ပညာရေးသမားတွေဆိုတာ နောက်ဆုံးတော့ ပညာရေးပဲ ဂရုစိုက်တတ်ပါတယ်။ပညာရေးဆိုတာ ဘွဲ့ရရေးပဲ မဟုတ်လား)

Post navigation

ကျေးဇူး
စည်း

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress