ပြန်လည်အမှတ်ရပြီး ပြန်လည်ကြည်နူးကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်စေဖို့ ပထမအကြိမ် သူငယ်ချင်းများနေ့အလှူက လှူဒါန်းခဲ့တာတွေကို ပြန်လည်တင်ပြလိုက်ပါတယ်။
ကျွန်တော်တို့ http://www.myanmarfriendsday.com (မြန်မာသူငယ်ချင်းများနေ့) အဖွဲ့မှ အလှူခံရငွေပေါင်း ၃၅၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ကွန်ပျူတာ အခမဲ့သင်တန်းကျောင်း(စစ်ကိုင်း)မှ အောက်ပါပစ္စည်းများ လှူဒါန်းစေခဲ့တဲ့အတွက် ကျွန်တော်တို့မှ
သင်တန်းကျောင်းတွင် လိုအပ်သည့် အရာများကို အက်ဒမင် နီကိုနဲ့ အက်ဒမင် မေနွယ်သိန်းနှင့် သူငယ်ချင်းတစ်ဦးမှ သွားရောက် မေးမြန်းခဲ့ပုံ
၁။ ပန်ကာ
၂။ DVD Writer
၃။ UPS
၎။ စာအုပ်စင်
၅။ သင်တန်းသားကိုင်စာအုပ်
၆။ အနားယူရန်ခုံတန်း
၇။ နည်းပညာဆိုင်ရာစာအုပ်များ
၈။ ရေအိုးစင်နှစ်ခု
တို့လှူဒါန်းခဲ့ပါတယ်။ UPS ကို အပြင်ကွန်ပျူတာ ဆိုင်မှ လှူဒါန်းခဲ့တာ ဖြစ်ပေမယ့်လည်း အလှူရှင်က သူ့စာရင်းကို Myanmar Friends Day ထဲသို့သာ ထည့်ပေးပါလို့ ပြောလာလို့ စာရင်းထဲ ထည့်လိုက်ပါတယ်။ ပိုငွေ ပေါင်း ၁၉၀၀၀၀ ကျပ်ဖြစ်ပါတယ်။ အဲဒီငွေများကို ကျွန်တော်တို့မှ ကွန်ပျူတာ အခမဲ့ သင်တန်းကျောင်း (စစ်ကိုင်း)အတွက် အထွေထွေအသုံးစရိတ်အဖြစ်ဖြင့်သာ လှူဒါန်းခဲ့ပါတယ်။
ရေစက်ချပွဲသို့ မမေနွယ်သိန်း တစ်ဦးတည်းသာ တက်ရောက်ခဲ့ပါတယ်။ မတက်ရောက်ကြသော ဆေးကျောင်းအဖွဲ့ အတွက်လည်း မမေနွယ်သိန်းကပဲ ရေစက်ချပေး သွားခဲ့ပါတယ်။
1. Admin မှ မ,တည်ငွေ – ၅၀၀၀၀ (ငါးသောင်းကျပ်)
2. ဇော်ရဲသွင် (ချောကလက်မြို့တော်) ထိုင်ဝမ်တိုင်ပေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
3. မစိုးစိုးလွင် (ရန်ကုန်) ၂၀၀၀၀ (နှစ်သောင်းကျပ်)
4. Blogger ယမင်း (ရွှေမြန်မာ) ၁၀၀၀၀ (တစ်သောင်းကျပ်)
5. မြတ်နိုးငယ် (ဥရောပ) ၃၅၀၀၀ ကျပ် (သုံးသောင်းငါးထောင်ကျပ်)
6. ကျော်ဇေယျာဝင်း . . ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
7. သိန်းကျော်အေး (မုံရွာ) . . ၂၅၀၀၀ ကျပ် (နှစ်သောင်းငါးထောင်ကျပ်)
8. ဟော်တွန် (အနီ). . ၁၀၀၀၀ ကျပ် (တစ်သောင်းကျပ်)
9. Peace&Rose . . ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
ကောက်ခံရရှိငွေနဲ့ လှူဒါန်းခဲ့သူတို့ရဲ့ စာရင်းဖြစ်ပါတယ်။
ပုံများက hostname အပြောင်းအလဲကြောင့် အကုန်လုံး ပျက်သွားပါတယ်။ အဲဒီအတွက် အတော် စိတ်မကောင်း ဖြစ်ရပါတယ်။ အထက်ပါ အလှူလုပ်စဉ်က တင်ခဲ့တဲ့ ပုံတွေကို ဒေါင်းထားတဲ့သူရှိရင် ပြန်လည်ပို့ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။ ပိုစ့်ကို အောက်ပါ လိပ်စာလေးမှာ သိမ်းထားခဲ့ပါတယ်။
URL: http://www.jjqqyy.com/archives/252