• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

နားထောင်ခြင်း

သင်တန်းတွေပေးတော့ သင်တန်းမှာ သင်သင်ပေးဖြစ်တာက နားထောင်ခြင်းဆိုတဲ့ ပြဿနာပဲ။ နားထောင်ခြင်းကိစ္စ သို့မဟုတ် နားထောင်ရန် အရေးကြီးတယ်ဆိုတာထက် နားထောင်ခြင်းဟာ ပြဿနာပဲ။ ဘာလို့ဆို နားမထောင်ချင်လို့ပါပဲ။ နားထောင်တဲ့ကိစ္စက တော်တော်ခက်တဲ့ ကိစ္စကိုး။ ဒါကို နားထောင်ဖို့ နားထောင်ဖို့ နားထောင်ရမယ် နားထောင်တာဟာ အခရာပဲဆိုတဲ့ စကားကို ခဏခဏပြောပြီး သင်ကြားကြတာကိုး။ ရှင်းရှင်းပဲ ပြောရရင် ကျွန်တော်ကတော့ နားထောင်ခြင်းကိစ္စကို သိပ်မလုပ်ပါဘူး။ ဘယ်လိုပြောပြော ဘယ်လိုဖိအားပေးပေး နားထောင်ခြင်းကို ကျွန်တော် စိတ်မဝင်စားဘူး။ တချို့သင်တန်းမှာဆို ပြောဖြစ်တဲ့ စကားရှိတယ်။ “ဒီမိုကရေစီဆိုတာ နားထောင်ခြင်း” ပဲတဲ့။ လက်ရှိ ဒီမိုကရေစီခေါင်းဆောင်တွေကတော့ နာမထောင်ဘူးလို့တောင် ပြောလိုက်သေးတယ်။ နားထောင်ခြင်းအကြောင်းကို ချီးမွှမ်းခန်းလေး ဖွင့်ပြီး နားထောင်ခြင်းအကြောင်းကို သင်တာပေါ့။ SEMS မှာတော့ နားထောင်ခြင်းကို လေးမျိုးသင်တယ်။

၁။ Download Listen  ဆွဲချနားထောင်ခြင်း

၂။ Data Collection Listen အချက်အလက်ကောက်နားထောင်ခြင်း

၃။ Empathic Listen ဂရုဏာနှင့်နားထောင်ခြင်း

၄။ Generate Listen ခြုံငုံနားထောင်ခြင်းဆိုပြီး နားထောင်နည်း လေးမျိုးသင်တယ်။ အဲလိုနဲ့ ဒါကိုပဲ ထပ်ခါတလဲလဲ သင်လာပြီးနောက်ပိုင်း

နှစ်သိမ့်ဆွေးနွေးနည်း (Coaching) သင်တန်းမှာကျတော့ နားထောင်နည်းက သုံးနည်းဖြစ်သွားတယ်။

၁။ Internal Listen အတွင်းကို နားထောင်ခြင်း။

၂။ Focus Listen စူးစိုက်နားထောင်ခြင်း။

၃။ Global Listen နားထောင်ခြင်းဆိုပြီး ထပ်တွေ့ ထပ်လေ့လာခဲ့ရတယ်။

အဲလိုနဲ့ စီးပွားရေးသင်တန်း တစ်ခုဘက်ရောက်သွားခဲ့တယ်။ အဲဒီမှာလည်း နားထောင်နည်းပါတာပဲ။ သူက 4H နားထောင်နည်းလို့တောင် နာမည်ပေးပြီး သင်တယ်။

၁။ Heart Listen နှလုံးသားဖြင့် နားထောင်ခြင်း

၂။ Hope Listen မျှော်လင့်ချက်ဖြင့် နားထောင်ခြင်း။

၃။ Hurt Listen စိတ်ဖြင့်နားထောင်ခြင်း

၄။ Help Listen ကူညီလိုစိတ်ဖြင့်နားထောင်ခြင်းဆိုပြီး လေးမျိုးထပ်သင်ပေးပြန်တယ်။

များလိုက်တဲ့ နားထောင်နည်းတွေပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ် ဖွင့်ဆိုချင်သလို ဖွင့်ဆိုကြလို့ ရပါတယ်။ Googling လုပ်ကြည့်မိတဲ့ Listen Skill ကလည်း များမှများပဲ။ အဲထဲက အကြိုက်ဆုံးစကားကတော့ Listening is not the same as hearing ဆိုတဲ့ စကားပါပဲ။ နံပါတ်စဉ်လေးတွေနဲ့ တပ်လို့ရတဲ့ Forbes ဆိုတဲ့ ဝက်ဆိုက်က ဖော်ပြထားတာလေးကို နံပါတ်စဉ်လေးနဲ့ ရေးပြပါရစေ။

၁။ ပြောသူနှင့် မျက်နှာချင်းဆိုင် နားထောင်ပါ။

၂။ အာရုံစိုက်ပါ။ သက်တောင့်သက်သာလေး ဖြစ်ပါစေ။

၃။ စိတ်ကို ဖွင့်ထားပါ။

၄။ စကားလုံးကို နားထောင်ပေမယ့် ပြောသူက ဘာကိုဆိုလိုတာလဲ ဆိုတာကို မိမိဘာသာ ပုံရိပ်ဖော်ကြည့်ပါ။

၅။ အဆက်မပြတ်သာ နားထောင်ပါ။ ကောက်ချက်လုံးဝမချမိစေနဲ့။

၆။ နားမလည်တဲ့အကြောင်းအရာများပါခဲ့ရင် ပြန်မေးပါ။

၇။ မေးတဲ့အခါမှာလည်း တကယ်နားမလည်တာကိုသာ မေးပါ။

၈။ ပြောသူနဲ့အတူ လိုက်၍ ခံစားပါ။

၉။ ပြောသူကို ပုံမှန်လေး ပြန်ပြီးတုန့်ပြန်ပေးပါ။

၁၀။ အချိတ်အဆက်မရှိတဲ့ အပြုအမူမျိုး စကားမျိုးပြန်မပြောမိပါစေနဲ့။

ဒါတွေကတော့ Forbes မှာပါတဲ့ နားထောင်နည်း။ အထက်ပါ နည်းအားလုံးရဲ့ အကျယ် အကျယ်တွေကတော့ ပေါမှပေါပါပဲ။ ကျွန်တော်လည်း နားထောင်ခြင်းအကျိုးကို ပြောချင်ပါသေးတယ်။ ကျွန်တော်ပြောမှာကတော့ ပျားသကာလို ချိုမှာမဟုတ်ဘူး။ ဒါပေမယ့် ငါပြောမယ် “နားထောင်စမ်း”။ ဒါပါပဲ။ တကယ်တော့ နားထောင်ဖို့ဆိုတာ ဘယ်လိုပြောလဲပေါ်မှာ အများကြီးမူတည်ပါတယ်။ ပြောသမျှစကားက တရားမှမဖြစ်ရင် ခင်ဗျားစကားကို ဘာလို့ နားထောင်နေရမှာလဲ။ နားထောင်အောင် ပြောရင် ဘယ်သူမဆို နားထောင်ပါတယ်။ ဘာတဲ့။ ပုဂ္ဂိုလ်ကိုခင်တော့ တရားမင်တယ်ဆိုတာရှိသလို။ ပြောကြတာပါပဲ။ မုန်းတော့အပြစ် ချစ်တော့အကျိုး ပုံစံမျိုးနဲ့ ပြောနေကြတာကလည်း ဒုနဲ့ဒေးဆိုတော့ကာ။ ဘာနားထောင်နည်းနဲ့ပဲ နားထောင်ထောင် အလကားပဲ။ ဒီတော့ ဘယ်တော့မှ နားမထောင်နဲ့။ အကျိုးမရှိတာတွေပဲ ခင်ဗျားကြားနေရမှာ။

Post navigation

ကံဆိုးနေတယ်လို့ ပြောရင် ယုံလိုက်ပါ
ဒါမျိုးတွေကျတော့ ခက်တယ် (၁)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress