အတ္ထိ – ရှိတယ်။ နတ္ထိ – မရှိဘူး။ ဗလာ၊ သုည။ တာရာမင်းဝေ ကဗျာလေးကို ရွတ်ပြရမလိုလို ဖြစ်နေတယ်။ “မီးတွေ ရုတ်တရက် ငြိမ်းသွားတော့ သူတို့က ပြောတယ်၊ ဘာမှ မမြင်ရတော့ဘူး တဲ့။ ဟင့်အင်း မဟုတ်ပါဘူး။ တကယ်တော့ အမှောင်ကို မြင်ကြရတာပါ” ဆိုတာလေ။ အလင်း မရှိရင် အမှောင် ရောက်လာတယ်။ အလင်း မရှိခြင်း ကျေးဇူးကြောင့် အမှောင်ကို မြင်ရခြင်း အကျိုးဖြစ်တယ်။ ဒါဟာ နတ္ထိပစ္စယောပဲ။ အဘိဓမ္မာနဲ့ ပြောရရင် ရှေးရှေးစိတ် ချုပ်မှ နောက်နောက် စိတ်ဖြစ်တာပေါ့ဗျာ။ အနန္တရနှင့်
တူနေတယ်။ ဘယ်လို တူတာလဲဆိုတော့ အနန္တရကလည်း အခြားမဲ့လေ။ ငါ ပြီးနောက် မင်းဖြစ်အဲလိုပဲ။ နည်းနည်းပဲ ထူးခြားတယ်။ ဒီထူးခြားမှုကို တရားထိုင်ဖူးမှ သိမယ်။ အနန္တရရဲ့ ဒီစိတ်ဖြစ်ပြီးမှ ဒီစိတ်ဖြစ်တယ်ဆိုတာက တစ်စိတ်နဲ့ တစ်စိတ် ကြားမလပ်ဘူး။ ဆက်နေတယ်။ နတ္ထိ ကျတော့ ကြားမှာ ပြတ်သွားတယ်။ ပထမစိတ်ရဲ့ ဖြစ် တည် ပျက် သုံးပါးလုံးကို ကျော်ပြီးမှ နောက် စိတ် ဖြစ် တည် ပျက် ဖြစ်တာမျိုးကို နတ္ထိလို့ ဘုရားရှင်က ဟောတော်မူပါတယ်။ ရှေးစိတ် ရှိနေသေးရင် အစွမ်းကျန်နေသေးရင် ကျေးဇူးမပြုနိုင်ဘူး။ ရှေးစိတ် မရှိကို မရှိတော့မှ လုံးဝပြတ်သွားမှ ကျေးဇူးပြုတာကို နတ္ထိပစ္စယောလို့ ခေါ်ပါတယ်။
နတ္ထိပစ္စယော
Subscribe
0 Comments