• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၉)

မိမိကိုယ်ကို တိုးတက်ဖို့ လုပ်တဲ့နေရာမှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အခုရေးနေတာကလည်း တနည်းပေါ့။ အခြားသော အခြားနည်းတွေလည်း အများကြီးရှိပါတယ်။ ဒီလိုကျင့်မှ အောင်မြင်မှာ ဆိုတာထက် ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းလေးတွေ မှတ်ထားပြီး ကျင့်ကြည့်ပေါ့။ ဖတ်ရုံတင်မဟုတ်ဘူးနော်။ မှတ်ထားရမှာ။ စာဖတ်နည်းအမျိုးမျိုးရှိတယ်။ အဲဒီထဲက မျဉ်းသားပြီးဖတ်တဲ့နည်း သို့တည်းမဟုတ် မှတ်စုထုတ်ဖတ်တဲ့နည်းက တော်တော်လေး ထိရောက်တယ်။ ကျွန်တော်ဆို ဟိုးငယ်ငယ်ကတည်းက မှတ်စုတွေ ထုတ်ခဲ့တယ်။ သူငယ်ချင်းတွေက ပြောကြတယ်။ စာအုပ်ကို ဝယ်ထားလိုက်ပါကွာ။ မင်းကြည့်ရတာ ပင်ပန်းထှာတဲ့။ မဟုတ်ပါဘူး။ ဒါက ပိုမှတ်မိတဲ့နည်းပါ။ သို့ငြားကိုယ်နဲ့ ကိုက်ညီမှသာ မှတ်ပါ။ ကဲ နံပါတ်စဉ်လေး တပ်နေကျမို့ နံပါတ်စဉ်လေး တပ်ပြီး ပြောပါရစေ။

၁။ မိမိကိုယ်ကို တပါးသူနှင့် မနှိုင်းယှဉ်ပါနဲ့။ လူတော်တော်များများက သူကျတော့ ဘယ်လိုဖုန်းကိုင်နိုင်တာ။ ငါ့ကျ ဒီလိုဖုန်းနားကိုတောင် မသီနိုင်ဘူး။ သူ့ကျတော့ စာမေးပွဲကို အမှတ်ကောင်းနဲ့ချည်း အမြဲအောင်တာ။ ငါလည်း ကြိုးစားတာပဲ။ ငါ့ကျ ဘာလို့ အမှတ်နည်းရတာလဲ။ သူ့နေထိုင်မှုက ဇိမ်ကျလိုက်တာ။ ငါ့မှာသာ ဖတ်ဖတ်ကိုမောလို့။ စသဖြင့် မိမိကိုယ်ကို တပါးသူနှင့် နှိုင်းယှဉ်နေသမျှ ဘယ်တော့မှ စိတ်ချမ်းသာမှုရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကိုယ်ကို တပါးသူနှင့် မနှိုင်းယဉ်ပါနဲ့။ မိမိက မိမိသာလျင် ဖြစ်တယ်။

၂။ မိမိအားနည်းချက်ကို မိမိကိုယ်တိုင် သိပါ။ SWOT ဆိုတဲ့ စမ်းသပ်နည်း။ 3 Box analysis စမ်းသပ်နည်း။ Ice berg စမ်းသပ်နည်း စတဲ့ စမ်းသပ်နည်းပေါင်း မြောက်များစွာ ပေါများနေချိန်မှာ မိမိအားချက်ကို မိမိ အမြဲတမ်း ဆန်းစစ်ပါ။ ပြီးတော့ အဲဒါကို ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။ မိမိမလှမ်းနိုင်တဲ့ အတိုင်းအတာတွေဆိုတာ အမြဲတမ်းရှိနေတယ်။ မြန်မာစကားပုံလို အလှမ်းကျယ် အလယ်လပ် ဖြစ်သွားတတ်တဲ့ သတိပေးချက် ဖြစ်ပါတယ်။ မိမိအားနည်းချက်ကို မိမိမသိရင် မိမိခြေလှမ်းကြောင့် မိမိကိုယ်တိုင် စိတ်သောက ရောက်ရတတ်ပါတယ်။

၃။ ကိုယ့်အမည်းစက်များကို သေချာမှတ်သားပါ။ လူတိုင်း အတိတ်မှာ တစ်ခုခု ရှိခဲ့တတ်ပါတယ်။ ခြောက်ပစ်ကင်း သဲလဲစင်ဆိုတာ ရှားပါတယ်။ လူမသိ သူမသိရယ် လူသိသူသိရယ် ကမ္ဘာကျော် မကျော်ရယ်ပဲ ကွာပါတယ်။ ဒါက နာမ်ပိုင်းဆိုင်ရာ ကိစ္စပါ။ မိမိမှာ အမည်းစက်ရှိပြီဆိုရင် မိမိလုပ်တဲ့ကိစ္စက အဲဒီအမည်းစက်ကို သွားဖော်နေသလို ဖြစ်တတ်တာမျိုး ရှိပါတယ်။

၄။ သက်တောင့်သက်သာဇုန်က ထွက်ပါ။ ဒါက နောက်ပိုင်း လူပြော သူပြောများလာတဲ့ ကိစ္စပါ။ ဆယ်တန်း ကျောင်းသားတစ်ယောက် ၁၀ တန်းမှာ အရမ်းပျော်တာပဲ။ မအောင်ချင်ဘူး။ ဒါကြောင့် စာမကျက်တော့ဘူး အဲလို နေလို့မရဘူး။ မိမိလက်ရှိ ရုံးဝန်ထမ်းဘဝမှာ အရမ်းပျော်တာပဲ။ ငွေကလေးကလည်း အဝင်ဖြောင့် လူကြီးနဲ့လည်း ဆက်ဆံရေးအဆင်ပြေနေတော့ ဟန်ကိုကျနေတာပဲလို့ တသက်လုံးနေလို့ မရပါဘူး။ သက်တောင့် သက်သာဇုန်ကနေ ထွက်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တစ်နေ့ကို ဘယ်လောက် ကြိုးစားမယ်။ ရချင်သော်ငြား စိတ်လေးနေတဲ့ ကိစ္စတွေကို ပေါ့ပါးအောင် လုပ်မယ်။

၅။ သင့်လူမှုအသိုင်းအဝိုင်းကနေ ထွက်ပါ။ သင့်အသိုင်းအဝိုင်းမှာတော့ သင်က အကြီးအကဲ ဖြစ်ချင် ဖြစ်မယ်။ သင်က သင့်အသိုင်းအဝိုင်းမှာ အများလေးစားရတဲ့ သူဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့် အပြင်ကနေ ကိုယ့်ကိုယ်ကို လှမ်းကြည့်ကြည့်ပါ။ ကိုယ် ဘယ်လောက်နားရောက်နေလဲလို့။ တော်တော်များများက ကိုယ့်အသိုင်းအဝိုင်းမှာတော့ ကိုယ်ကိုယ့်ကို ဟုတ်နေပြီထင်နေတယ်။ မြန်မာတွေ ပြောကြတဲ့ ရေအိုင်ထဲက ဖားသူငယ်က မိမိကို ရည်ညွှန်းနေသလားဆိုတာ ပြန်ကြည့်ရမယ်။

၆။ အခွင့်အလမ်းနဲ့အတူ ကျရှုံးနိုင်စွမ်းကိုလည်း ကြည့်ပါ။ အခွင့်အလမ်းချည်းပဲ ရှာမနေပါနဲ့။ အဲဒါနဲ့အတူ ရှုံးနိုင်တဲ့ အနေအထားကိုလည်း ရှာထားပါ။ အစာကိုသာ မြင်တယ်။ တုတ်ကို မမြင်ဘူး (အဲ သည်စကးပုံတော့ နည်းနည်းရိုင်းတယ်) ဆိုသလို ဖြစ်နေမယ်။

၇။ မိမိအသိုင်းအဝိုင်းကို ကျယ်နိုင်သလောက် ကျယ်အောင် ချဲ့ထွင်ပါ။ တချို့က သိပြီးသားသူနဲ့တောင် စိမ်းအောင် နေတတ်ကြသလို နည်းနည်းသိတဲ့သူတွေနဲ့လည်း ပြန်မိတ်ဖွဲ့ရမှာ ဝန်လေးပြီး ဟန်တခွဲသားနဲ့ နေထိုင်တတ်ကြပါတယ်။ သည်လိုမလုပ်ပါနဲ့။ မိတ်ဆွေကိုကို တိုးပွားသထက် တိုးပွားအောင် လုပ်ပါ။ မိတ်ဆွေ တစ်ရာရှိပါသလား။ နည်းပါသေးတယ်။ ရန်သူတယောက် ရှိသလား။ များလွန်းတယ် ဆိုတဲ့ စကားကိုလည်း ကြားဖူးစ မဟုတ်လား။

၈။ အလုပ်မဖြစ်တဲ့ အလုပ်ကို ရပ်ပစ်ပါ။ သို့မဟုတ် အလုပ်မဟုတ်တဲ့ အလုပ်ကို မလုပ်ပါနဲ့။ တစ်ခါခါကျတော့လည်း အလုပ်မဖြစ်မှန်း အလုပ်မဟုတ်မှန်း သိပေမယ့် ဝါသနာကြောင့် ဆက်လုပ်နေမိတဲ့ အလုပ်မျိုး ရှိတတ်တယ်။ အဲလိုဖြစ်နေရင် အဲဒီအလုပ်မဟုတ်တဲ့ အလုပ်ကို တကယ်ဖြစ်မြောက်တဲ့ အလုပ် ဖြစ်အောင် ဘယ်လိုလုပ်မလဲလို့ ကြံဆောင်သင့် ကြံဆောင်ရပါမယ်။ ဆေးလိပ်သောက်တာ စတဲ့ အလုပ်မဟုတ်တဲ့အလုပ်ကျတော့ မပြောတတ်ဘူး။ အကျိုးရှိအောင် လုပ်လို့မရတဲ့ အလုပ်ကို ဆက်လုပ်နေလို့ မဖြစ်တဲ့ အလုပ်တွေလည်း ရှိနေမှာပါ။

၉။ ကိုယ့်အနာဂတ်ဆီကို ကိုယ်ကိုယ်တိုင် စာရေးပါ။ နောက် ၅ နှစ်မှာ ကိုယ့်ဆီကို ဘယ်လို စာမျိုး ရောက်လာ စေချင်သလဲ။ အဲဒီအတိုင်း ရေးပါ။ သို့ ဘော့စ် အဲလိုလား။ သို့ ဟကောင်ကြီး မင်းခုထိ မိုက်တုန်းလားဟ။ အဲလိုလား။ သို့မဟုတ် နောက် ၁၀ နှစ်မှာ ကိုယ့်ဆီလာမယ့်စာပေါ့။ Time Traveler လုပ်ကြည့်ပေါ့ဗျာ။ တလောက ယောမင်းကြီး စကားဝိုင်းမှာ ၂၀၅၀ ကို လှမ်းပြောခဲ့ကြသေးတယ်မဟုတ်လား။ အရင်တုန်းကတော့ နောက်နှစ်တစ်ရာဆီ စာရေးဖို့ ပိုစ့်တစ်ခုတောင် တင်ဖူးသေးတယ်။ ဒီတော့ အခုပဲ သင့်အနာဂတ်ဆီကို သင်ကိုယ်တိုင် စာရေးလိုက်ပါ။

ဒီတစ်ပိုစ့်မှာတော့ ဒီကိုးချက်လောက်နဲ့ပဲ နားပါရစေ။

Post navigation

ဒါမျိုးတွေက လွယ်ပါတယ် (၈)
ဒါမျိုးတွေက လွယ်ပါတယ် (၁၀)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress