• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၇)

လူတိုင်း လူတိုင်းတိုးတက်ချင်ကြတာပါပဲ။ ဘုရားမှာလည်း ကျရှုံးရပါလို၏လို့ တစ်ခါမှ ဆုမတောင်းဖူးကြပါဘူး။ မိဘက အတင်းအလုပ်လျှောက်ခိုင်းတာနဲ့ အလုပ်လျှောက်လိုက်ရပြီးသကာလ အဲဒီအလုပ်ကြီးကို မလုပ်ချင်တဲ့အခါ ဘုရားသွားပြီး ဤအင်တာဗျူး မအောင်ရရပါလို၏ ဤအလုပ်ကို မရရပါလို၏လို့ ဆုတောင်းတာက လွှဲလို့ပေါ့လေ။ အဲလို သွားဆုတောင်းကြရတာကလည်း မိမိကိုယ်ကိုမိမိ အခြားသောကိစ္စရပ်များမှာ တိုးတက်ချင်လို့ပါလေ။ တိုးတက်အောင် ဘယ်လိုများနေထိုင်ရပါ့မလဲ။ နံပါတ်စဉ်လေးတပ်ပြီးပြောပါရစေ။

၁။ နေ့စဉ်နေ့တိုင်း တရားထိုင်တဲ့အချိန် သို့မဟုတ် မိမိကိုယ်ကို ပြန်လည်သုံးသပ်တဲ့ အချိန် သို့မဟုတ် ဆိတ်ငြိမ်စွာ မိမိအသက်ရှုသံကိုပဲ မှတ်နေတဲ့အချိန်တွေ ရှိသင့်ပါတယ်။ ထားသင့်ပါတယ်။ လုပ်လည်း လုပ်ရပါမယ်။ ဒါကို အနောင်တိုင်းတွေမှာတောင် လုပ်လာကြပါပြီ။ တချို့ဆို တစ်နာရီကို ဒေါ်လာ ဘယ်လောက်စသဖြင့် ထိုင်ကြပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဒါမျိုးတွေက ကြားဖူးပြီးသား ထိုင်ဖူးပြီးသား သိနေပြီးသားမို့ လွယ်ပါတယ်။

၂။ နေ့စဉ်နေ့တိုင်း အလုပ်မျိုးစုံလုပ်နေကြရတာရှိပေမယ့် ကိုယ့်ရည်ရွယ်ချက်အတွက် လုပ်တဲ့အချိန် တချိန်သတ်မှတ်ပြီး မဖြစ်မနေလုပ်ပေးရပါမယ်။ ကိုယ်သွားမယ့်ပန်းတိုင်နဲ့ သုံးရက်လောက်ကင်းကွာသွားတာနဲ့ နောက်ရက်တွေလည်း မလုပ်ဖြစ်တော့ပါဘူး။

၃။ နေ့စဉ်နေ့တိုင်း စာကို အမြဲဖတ်ပါ။ ခုခေတ်က စာဖတ်ဖို့နေရာများပါတယ်။ စာအမျိုးမျိုးလည်း ရှိနေပါတယ်။ စာဖတ်ဖို့ မမေ့ပါနဲ့။ မဖြစ်နိုင်ရင်တောင် အနည်းဆုံး ၁၅ မိနစ်လောက်ဖတ်ပါ။ ဒီလိုမျိုးစာတွေကိုလည်း မဖတ်ပါနဲ့။ ဒါမျိုးတွေက စိတ်ဓာတ်ကျဖို့ လွယ်ပါတယ်။ မလုပ်နိုင်တာတွေ မဖြစ်နိုင်တာတွေမို့လို့ပါ။

၄။ ကိုယ့်ကိုယ်ကို နေ့စဉ် ပြန်သုံးသပ်ပါ။ အများကြီးသုံးသပ်စရာမလိုပါဘူး။ နည်းနည်းလေးပဲ သုံးသပ်ပါ။ ငါဒီနေ့ ဘာလုပ်ဖြစ်လိုက်လဲ။ ပိုက်ဆံပိုသုံးမိတယ်။ ဆေးလိပ်သောက်မိတယ်။ အရက်ပိုသောက်မိတယ်။ သို့မဟုတ် စာအုပ်ပိုဖတ်ဖြစ်တယ်။ ကောင်းမှုလေးလုပ်ဖြစ်တယ်။ စသဖြင့် နေ့စဉ်သုံးသပ်ရပါမယ်။

၅။ စားသမျှ အစားအစာတွေက ကျန်းမာရေးအတွက်ပဲ ဖြစ်ပါစေ။ သင်စားသမျ သင်ဖြစ်သည်ဆိုတဲ့ စကားပုံကို နားလည်ပါ။ အမြဲတမ်းစားပြီးတာနဲ့ ဘာကိုမဆို လုပ်နိုင်နေရမယ်။ ဗိုက်ကြီးကယ်ပြီး အင့်နေလို့ မလုပ်နိုင်သေးဘူး ဆိုတဲ့အထိ မစားသင့်သလို ကိုယ်နဲ့မတည့်တဲ့အစားအစာတွေလည်း ရှောင်ရပါမယ်။

၆။ ကိုယ့်ကိုယ်ကို ချစ်ပါ။ လူတွေတော်တော်များများက ကိုယ့်ကိုယ်ကို ချစ်သယောင်နဲ့ မကောင်းတဲ့ဘက်ကို အလိုလိုက်ဖြစ်တာမျိုး ရှိတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ နေ့စဉ်နဲ့အမျှ ကုသိုလ် ပညာ ဥစ္စာတွေထဲက တစ်ခုခုတိုးတက်မှ ကိုယ့်ကိုယ်ကို ချစ်တာပါ။

၇။ မနက်စောစောထပါ။ မနက်စောစောထမှ အိပ်ရေးပိုဝတာပါ။ စောစောထတဲ့အခါ ဉာဏ်ရည်လည်း ပိုကောင်းလာပါတယ်။ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်သလို လုပ်စရာတွေလည်း ပိုလုပ်ဖြစ်တယ်။ ဒီတော့ စောစောထပါ။

၈။ နေ့စဉ်မှတ်တမ်းရေးပါ။ နေ့စဉ်မှတ်တမ်းရေးပြီး ပြန်ဖတ်ပါ။ အဲလိုလုပ်ခြင်းအားဖြင့် ကိုယ်ရောက်နေတဲ့ ခရီးကို ကိုယ်ကိုယ်တိုင် ပြန်မြင်ရပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီး နိုးထစေတယ်။ ဘာသာစကးလည်း ပိုမိုကျွမ်းကျင်လာတယ်။ အနည်းဆုံးတော့ ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းကောင်း တယောက်ရပါတယ်။

၉။ စရိုက်ဆိုးတွေကို စွန့်လွတ်ပါ။ အရမ်းခက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ အဲဒီစရိုက်ဆိုးနဲ့ မွေ့လျော်နေတဲ့ ကိုယ့်ကိုယ်ကို ခဏခဏ ပြန်ကြည့်ပါ။ ဘာက သင့်ကို တွန်းနေသလဲဆိုတာကြည့်ပါ။ ပြောင်းလဲဖို့ နည်းနည်းချင်စီ ကြိုးစားပါ။ အဲဒီစရိုက်ဆိုးကို ပြုလုပ်တော့မည့်အချိန်တိုင်း ဆရာကျော်ဝင်းရေးတဲ့ နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်ထဲကလို Pause “ခဏရပ်” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပါ။

၁၀။ မိမိလုပ်သမျှ သူတပါးသူရဲ့ ဆန်းစစ်ချက်ကို ရယူပါ။ အားလုံးက ကိုယ်လုပ်တာ မှန်တယ်ချည်း ထင်တတ်ကြတယ်။ စာဖတ်တဲ့သူများ လုပ်ရင် ပိုဆိုးပါတယ်။ စာလုံးဝမဖတ်တဲ့သူများလုပ်ရင်လည်း ဆိုးတာပါပဲ။

“စာမတတ်သူ အခေါက်ထူ လူထဲ ရှင်ထဲ သုံးမကျ

စာတတ်ပြန်လျင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ

သို့မဖြစ်အောင် သတိဆောင် အမောင်ခဲပါမှ”လို့ ရွှေကျင်ဆတော်ဖရားကြီးက ဆုံးမထားတော်မူတယ် မဟုတ်ပါလား။

၁၁။ စွမ်းရည်မြှင့်အောင် စွမ်းရည်အသစ်ကို နေ့စဉ်သင်ယူလေ့လာပါ။ ဒီခေတ်မှာ အားလုံးက စွမ်းရည်သစ်တွေနဲ့ အလုပ်အကိုင် နည်းလမ်းအသစ်တွေ တီထွင်ပြီး သွားနေကြတယ်။ လိမ်တာတောင်မှ လိမ်နည်းသစ်တွေနဲ့ လိမ်ကြတာပါ။ ဘယ်နည်းလမ်းမှာမဆို အသစ်ရှိတယ်။ ကိုယ်က ကုန်စုံဆိုင်ဖွင့်လို့ အောင်မြင်တဲ့အခါ ဘေးကလည်း ကုန်စုံဆိုင်လိုက်ဖွင့်လာတတ်ပါတယ်။ အဲဒီအခါ ကိုယ့်ကုန်စုံဆိင်ကို အရင်လို သမားရိုးကျ ထားလို့မရတော့ဘူးဆိုတာမျိုး သိထားရသလို ဘေးကလူတွေအားလုံး နေ့စဉ်နေ့တိုင်းစွမ်းရည်အသစ်တွေ ရှာနေကြတယ်။ ဒါကြောင့် သင်လည်း ပျင်းမနေပါနဲ့။

၁၂။ မိမိကိုယ်ကို ယုံကြည်ပါ။ သူများကိုယုံတာထက် မိမိကိုယ်ကို ယုံပါ။ သူများကိုသာ ယုံတတ်ကြတယ်။ အမေရိကန်သမ္မဟောင်းကြီး အိုဗားမားရဲ့ I can ဆိုတာမျိုးကို အမြဲတမ်း သတိရပါ။ အယုံတော့ မလွန်နဲ့ပေါ့လေ။

ကဲဒီစာတွေဖတ်ပြီးရင် နံပါတ်သုံးကို ပြန်ဖတ်ကြည့်လိုက်ပါဦး။

Post navigation

ပဒ်မန်း
ဒါမျိုးတွေက လွယ်ပါတယ် (၈)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress