• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၄)

လူတွေအားလုံးက ကိုယ့်ကိုယ်ကို ထူးခြားတယ်လို့ ထင်ကြတယ်။ ကိုယ်ဟာ သာမန်မဟုတ်ဘူးလို့လည်း ထင်ကြတယ်။ ပြီးတော့ ကိုယ်ဟာ ကိုယ့်လောကမှ ဇာတ်လိုက်ဖြစ်နေတတ်တယ်။ မှန်ပါတယ်။ လူတွေအားလုံး ဇာတ်လိုက်တွေပါ။ ပြီးတော့ အားလုံးလည်း ဇာတ်ရံတွေပါပဲ။ ကိုယ့်ဘဝကျ သို့မဟုတ် ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ ခံယူပြီး သူများကိုကျ ဇာတ်ရံလို့သတ်မှတ်နေလို့လည်း လူတွေအားလုံးဟာ ဇာတ်လိုက် ဖြစ်မလာကြတာ များပါတယ်။ အားလုံးကို ဇာတ်လိုက်လိုဆက်ဆံမှ ကိုယ်လည်း ဇာတ်လိုက်ဖြစ်မှာပါ။ ဒါပေမယ့် ဇာတ်လိုက်ဖြစ်ပြီဆိုတိုင်း ဇာတ်လိုက်မဟုတ်သေးပါဘူး။ ဇာတ်လိုက်တယောက်ဖြစ်ဖို့ ဇာတ်လိုက်လို လေ့ကျင့် နေထိုင်ရပါမယ်။ ဇာတ်လိုက်တယောက်ဖြစ်အောင် ဘယ်လိုနေထိုင် လေ့ကျင့်မလဲ။

ဒီလိုနေထိုင်သူကတော့ ဇာတ်လိုက်ဖြစ်လာမှာ မဟုတ်တာ သေချာတယ်။ လူတော်တော်များများကလည်း ဒီလိုပဲ နေထိုင်ကြပါတယ်။ ဇာတ်ရံတွေအားလုံးရဲ့ နေထိုင်ပုံနေထိုင်နည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကျောင်းသွားတယ်။

၂။ ကျောင်းကပြဋ္ဌာန်းစာတွေကို ဖတ်တယ်။

၃။ ဝန်ထမ်းလုပ်တယ်။

၄။ ဘဝတလျောက်လုံး တစ်ပတ်မှာ နာရီ ၄၀ အလုပ်လုပ်တယ်။

၅။ လက်ထပ်တယ်။

၆။ အကြွေးတင်တယ်။

၇။ အကြွေးဆပ်ဖို့ အလုပ်ပိုလုပ်တယ်။

၈။ ကလေးရတယ်။

၉။ အသက် ၆၀ ပြည့်တော့ အငြိမ်းစားယူတယ်။

၁၀။ သေတယ်။

ဒါက ပုံမှန်ပဲ။ ဒီလိုနေထိုင်နေသမျှ ဘဝက သူများတွေရဲ့ ဇာတ်ရံပဲ ဖြစ်နေမှာပါ။ အော်လီဂါခ့်တွေရဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးဘဝက ကျွတ်မှာမဟုတ်ဘူး။ ကိုယ့်အလုပ်သခင် ကျေးဇူးရှင်ရဲ့ အလုပ်ကို လုပ်ပေးနေရတာပဲ။ ကိုယ့်အလုပ်ရှင်လက်ကို မကိုက်ကောင်းဘူးဆိုပြီး ကိုယ့်ကိုယ်ကိုတောင် ခွေးနဲ့နှိုင်းချင် နှိုင်းပြီး စကားပြောရင် ပြောနေတတ်မှာ။ ဒီလိုဘဝထဲကနေ ကိုယ့်ကိုယ်ကို ထူးခြားတယ်ထင်ရင်တော့ နည်းနည်းရူးနေလို့နေမှာပဲ။ ပုထုဇနော ဥမ္မတကောလို့ဆိုထားလေတော့ ဒီစကားကိုပဲ လက်ကိုင်တုတ်လုပ်ထားကြပေါ့ဗျာ။

ဒါဆိုဘယ်လိုနေထိုင်ရင် ဇာတ်လိုက်ဖြစ်မလဲ။ လွယ်ပါတယ်။ လိုက်လုပ်ရင် ဘေးက အရူးလို့ပြောမှာပဲ။ အပေါ်က ပြောတဲ့ အရူးမျိုးမဟုတ်တာတော့ သေချာပါတယ်။ ဒီတော့ သူများအရူးပြောမယ့် ဇာတ်လိုက်ဘဝနေထိုင်မှုမျိုးက ဘယ်လိုလဲ။

၁။ လိုအပ်မှ ကျောင်းတက်တယ်။ (လိုအပ်ရင် လိုအပ်တဲ့ကျောင်းကိုတက်တာမျိုးကို ပြောတာ)

၂။ အတ္ထုပ္ပတ္တိစတဲ့ မိမိဘဝကို တိုးတက်စေမယ့် တိုးတက်ရေးစာအုပ်တွေဖတ်တယ်။

၃။ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်လုပ်ကိုင်တယ်။

၄။ လေးငါးနှစ်လောက် တပတ်ကို နာရီပေါင်း ၈၀ ကျော် ကြိုးစားပမ်းစား အလုပ်ကို လုပ်တယ်။

၅။ လက်ထောက်ခန့်တယ်။ အလုပ်သမားတွေ ငှါးတယ်။

၆။ ကမ္ဘာပတ်ပြီး ခရီးထွက်တယ်။

၇။ ချမ်းသာတဲ့သူတွေနဲ့ တွေ့ဆုံတယ်။ ဆွေးနွေးတယ်။ ချမ်းသာတဲ့သူနဲ့ လက်ထပ်တယ်။

၈။ ချမ်းသာတဲ့ ကလေးတွေမွေးတယ်။

၉။ အသက် ၃၅ နှစ်မှာ အလုပ်တွေကို စီမံခန့်ခွဲရုံခန့်ခွဲပြီး အေးဆေးအနားယူတယ်။

၁၀။ ဆက်လက်ရှင်သန်တယ်။

ဒီလိုနေထိုင်ရင်တော့ ဇာတ်လိုက်နေထိုင်မှုမျိုးဘဝကို ရပါမယ်။ အချက်တွေ အများကြီးပေမယ့် ပထမ တချက်မှာကတည်းက စတင်ကွာဟတယ်။ ဒါကြောင့် ဇာတ်လိုက်ဘဝမျိုးနေထိုင်ချင်တယ်ဆိုရင် အပေါ်က နေထိုင်နည်းနဲ့မဟုတ်ဘဲ အောက်ကပြောတဲ့ နေထိုင်နည်းနဲ့ နေထိုင်ရမှာ ဖြစ်ပါတယ်။

ကဲ သင် ဇာတ်ရံလား။ ဇာတ်လိုက်လား။

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress