• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၃)

စဉ်းစားရာမှာ အနှေးစဉ်းစားနည်းရယ် အမြန်စဉ်းစားနည်းရယ် ဆိုပြီး စဉ်းစားနည်း နှစ်မျိုးရှိတယ်။ အဲဒီနှစ်မျိုးထဲမှာ အမြန်စဉ်းစားနည်းတွေနဲ့ စဉ်းစားရင် မှားတတ်ကြတယ်လို့ ဆိုပါတယ်။ မြန်မြန်စဉ်းစားခြင်းဟာ ယုတ္တိဗေဒရှိရှိပေါ်လာတာမဟုတ်ပဲ အလိုအလျောက် သိစိတ်နဲ့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်ခင်ဗျ။ ဒါပေမယ့် သည်ခေတ် သည်ခါမျိုးမှာ ယုတ္တိဗေဒတွေ အချက်အလက်ကျကျတွေ စဉ်းစားနေဖို့ အချိန်မရှိဘူး မဟုတ်ပါလား။ အနှေးစဉ်းစားရမယ့်လမ်းက အချိန်ယူရတယ်။ လေးပင်တယ်။ ကြိုးစားရတယ်လို့လည်းပါပြန်လေတော့ အဲဒီအနှေးစဉ်းစားနည်းကိုပဲ အမြန်နည်းလုပ်လိုက်ရင် မရပါလားခင်ဗျာ။ ကျွန်တော်တို့ အချိန်မရှိဘူးခင်ဗျ။ အမြန်စဉ်းစားမှ ရမယ်။

အမြန်စဉ်းစားနည်းမှာလည်း နည်းလမ်းတွေ ရှိချင်ရှိနေမှာပေါ့။ ကြက်ဥတစ်လုံးကို ပြုတ်ရင် သုံးမိနစ်ကြာတယ်။ ကြက်ဥ (၁၀) လုံးပြုတ်ရင်လည်း သုံးမိနစ်ပဲကြာတာကို အချက်အလက်ကျကျတွက်နေစရာမလိုပါဘူး။ ဒီလိုအဖြေမျိုးရတယ်ဆိုတာကို Intuition ဖြစ်အောင်လုပ်လိုက်ရင် ရပါတယ်။ များများတော့ လေ့ကျင့်ရမယ်။ များများလေ့လာထားရမယ်။ ရှေးလူကြီးတွေ ပြောတဲ့အတိုင်းပြောရရင် စာဖတ်ပေါ့ခင်ဗျာ။ ဒါပေမယ့် ကျွန်တော်အခုပြောမှာက တခြားနည်းတွေခင်ဗျ။ အချက်အလက်တွေ နံပါတ်တွေနဲ့ ပြောမှ အထင်ကြီးမှာမို့ နံပါတ်စဉ်လေး တပ်ပြီးပြောပါရစေ။ ဒီနည်းနဲ့ စဉ်းစားလို့ မှားသွားရင်တော့ ခင်ဗျားစဉ်းစားနည်း မှားနေလို့သာ ဖြစ်နေလိမ့်မယ်။ နည်းကတော့ မှန်တယ်ခင်ဗျ။ အဟဲ စ,တာပါဗျာ။ ကဲ မြန်မြန်စဉ်းစားနည်းလေး စလိုက်ကြရအောင်။ ဘယ်လိုကနေ စမလဲ။

၁။ ရွေးချယ်စရာကို ကန့်သတ်လိုက်ပါ။

 တစ်ခုခုကို အမြန်စဉ်းစားရတော့မယ်ဆိုရင် မလိုအပ်တဲ့အချက်အလက်တွေကို အရင်စစ်ထုတ်ပါ။ သင့်ကို စိုးမိုးထားတဲ့ကိစ္စများကို သာမန်လို့သဘောထားပါ။ စဉ်းစားရမယ့်အရာအားလုံးကို အုပ်စုဖွဲ့ပါ။ အရေးကြီးတာကို ရွေးထုတ်ပါ။ အဲဒါကို လုပ်လိုက်ပါ။

၂။ ဒါက ကောင်းတယ်။ ဒါကညံ့တယ် ဆိုပြီးတော့ ကြားဖြတ်မျဉ်းလေးဆွဲပြီး စဉ်းစားပါ။ အဲဒီထဲက ကောင်းတယ် ပြီးတော့ ကိုယ်လည်း ပျော်ရွှင်ရတယ်။ တပါးသူလည်း ပျော်ရွှင်ရမယ်ဆိုတဲ့ အချက်ကို ရွေးချယ်ပါ။

၃။ မိမိအတွင်းဘက်ကလာတဲ့ အသံကိုနားထောင်ပါ။ ဘယ်သူက ဘာပြောမလဲဆိုတာထက် မိမိအတွင်းဘက်က လာတဲ့အသံအတိုင်း ဆုံးဖြတ်ပါ။ Intuition မဟုတ်ပါဘူး။ Intuition အထင်သဘောမျိုးပိုပါသလို မိမိရဲ့အတွေ့အကြုံက စိုးမိုးထားမှုပါပါတယ်။ အတွင်းဘက်က အသံဆိုတာက တစ်ခါခါ သင်တို့ကိုယ်တိုင် ကြုံဖူးကောင်းကြုံဖူးပါလိမ့်မယ်။

၄။ အချိန်ဟာ ရွှေဖြစ်ပါတယ်။ အဲဒါကြောင့် အကြာကြီး စဉ်းစားတာမျိုး မလုပ်ပါနဲ့။ အကြာကြီးစဉ်းစားရင် အချိန်နဲ့အတူ ကိုယ့်အရည်အချင်းတွေလည်း အလကားကုန်တယ်။ အကြာကြီးစဉ်းစားရမယ့်အရာကိုဆိုရင် ဖျက်လိုက်ပါ။ လျစ်လျူရှုလိုက်ပါ။

၅။ ဒီလိုစဉ်းစားခြင်းအားဖြင့် အခြားသောအရာများလည်း တိုးတက်အောင်မြင်လာလိမ့်မယ်ဆိုရင် အဲဒါကိုပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။ အကျိုးနည်းတာကို မစဉ်းစားမိပါနဲ့။ အကျိုးလည်းရှိ သူများလည်းကြိုက်တာရယ် အကျိုးလည်းရှိ သူများမကြိုက်တာရယ်ဆိုပြီး နှစ်မျိုးရှိတဲ့အထဲ သူများမကြိုက်တာက လုပ်သင့်တဲ့အရာဆို လုပ်ကို လုပ်ရပါမယ်။

၆။ နှေးကွေးစွာဆုံးဖြတ်ချက်ချခြင်းက သင့်ကို သတ်လိမ့်မယ်။ ဒီအချက်က အရေးကြီးတယ်။ ဒီခေတ်က အမြန်ခေတ်ပါ။ အရာအားလုံးဟာ ပြေးသင့်တာထက် ပိုပြီး ပြေးနေပါပြီ။ အဲဒါကို ဟိုလိုလုပ်ရင်ကောင်းမလား ဒီလိုလုပ်ရင်ကောင်းမလားလို့ တွေဝေနေရမယ့်အခါ မဟုတ်ပါဘူး။ အလုပ်လုပ်ချိန်တောင် လုပြီးလုပ်နေရချိန် စဉ်းစားတာကို အချိန်ယူနေရင် သင်သေရုံပဲ ရှိမယ်။ ဒီတော့ မြန်မြန်ဆုံးဖြတ်ချက်ချပါ။

၇။ မိမိပင်ပန်းအောင် ဘယ်တော့မှ မစဉ်းစားနဲ့။ စဉ်းစားပြီးလုပ်လိုက်ရတဲ့အလုပ်က ပိုပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းစေတယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ချက်ချင်းပြန်ပြင်ပါ။

၈။ သင်ဘာကိုလုပ်နိုင်ကိုင်နိုင်လဲ ဆိုတာကိုသာ ထည့်စဉ်းစားပါ။ သင်မလုပ်နိုင်တဲ့အလုပ်မျိုးတွေကို ထည့်မစဉ်းမိစေနဲ့။ မဆုံးဖြတ်မိစေနဲ့။

နှေးကွေးစွာ စဉ်းစားခြင်းဟာ ဒီခေတ်မှာ ခေတ်မမီတော့ပါဘူး။ ဒီခေတ်ဟာ မြန်မြန်စဉ်းစားရမယ့် ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် အမြန်ဆုံးစဉ်းစားပါ။ အမြန်ဆုံး ဆုံးဖြတ်ပါ။ ချက်ချင်းလုပ်ပါ။ မြန်မြန်စဉ်းစားဖို့အတွက် ဘယ်သူမဆို ကိုယ်လျှောက်တဲ့လမ်းက ရှိပြီးသားမို့ ကိုယ်လျှောက်တဲ့လမ်းအတိုင်းသာ ဆုံးဖြတ်ချက်ချပါ။ ဟိုလမ်းလျှောက်လိုက် ဒီပန်းတိုင်သတ်မှတ်လိုက်ဆိုရင်တော့ စဉ်းစားတာက ကြာမှာပဲ။ ကိုယ့်လုပ်ငန်းကို အကွက်ချပြီး ဇယားကျကျလုပ်ပါ။ ဒါဆို စဉ်းစားတာ မြန်ပါတယ်။ အပေါ်က အချက်အလက်တွေကလည်း ကိုယ်လိုတဲ့အခါ လိုအပ်တဲ့အချက်ကို ယူသုံးရုံပါပဲ။ အကုန်လုံး သုံးရမယ်လို့ မဆိုလိုပါဘူး။ အကုန်လုံးလိုက်သုံးနေရင် ဒုက္ခရောက်မှာပေါ့။ ဒါက စာအရ ရေးတာကြီးကိုလေ။

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress