• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၂၀)

ဒါမျိုးတွေက လွယ်ပါတယ်ဆိုတဲ့ စာတွေကို တကယ်တမ်းတော့ Satire စာအဖြစ် ရေးခဲ့တာပါ။ ကိုယ်က စာရေးတာ အရမ်းတော်လေတော့ Satire ကို Satire ဖြစ်အောင် မရေးနိုင်လိုက်တာက အားနည်းချက် ဖြစ်သွားခဲ့တာပေါ့လေ။ ဒီစာမျိုးတွေက လူတွေကို Brain Drain လုပ်တဲ့စာလို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒီစာမျိုးကိုပဲ လူတစ်ရာမှာ ၉၉.၉၉ ယောက်က ဖတ်ကြပါတယ်။ ခုတလော ဒီလိုစာမျိုးတွေ အရမ်းပေါတယ်။ ဥပမာ “သင့်ချစ်သူက သင့်ကို တကယ်ချစ်တယ်ဆိုတာ သိနိုင်တဲ့ အချက် ၁၀ ချက်” ဆိုတာမျိုးပေါ့။ စရေးကတည်းက အပိုင်း ၂၀ ထိရေးပလိုက်မယ်ကွာလို့ စိတ်ကူးထားလေတော့ အပိုင်း ၂၀ ထိရောက်အောင် ရေးပြပါဦးမယ်။ သို့သော် တစ်ခုတော့ ရှိတယ်။ ဒါက Satire အနေနဲ့သာ ရေးတာပါ။ Brain Drain ဖြစ်စေနိုင်တဲ့ စာမျိုးတွေလို့လည်း မှတ်ထားကြပေါ့။ ဇာတ်သိမ်းအနေနဲ့ Drain ကြတဲ့အထဲက Energy Drain ဖြစ်ရခြင်း အကြောင်းကို ရေးပြပါ့မယ်။ နံပါတ်စဉ်လေးနဲ့ပေါ့။

၁။ မိမိသည် မည်ကဲ့သို့သော လူမျိုးဖြစ်သည်ဟု ပုံသေမှတ်ယူခြင်း။

တချို့တွေကို တွေ့ဖူးကြမှာပါ။ ငါက ဘယ်လိုဟင်းဆိုရင် စားတဲ့လူမျိုး မဟုတ်ဘူး။ ငါက ဘယ်လိုဆိုရင် မဝတ်ဘူး။ ဘယ်လိုဆိုရင် မသွားနိုင်ဘူး။ စသဖြင့် စသဖြင့် မိမိကိုယ်ကို မိမိ တစ်ခုခုမှာ ပုံသေမှတ်ယူပြီး တချို့အရာတွေကို မလုပ်တော့တာ။ သည်လူတွေဟာ Energy Drain ဖြစ်တဲ့သူတွေ ဖြစ်တယ်။

၂။ အတိတ်မှာသာ အမြဲနေထိုင်ခြင်း။

ဒါကတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ ထုံးစံပါ။ အနာဂတ်အကြောင်း မပြောနဲ့။ မဖြစ်နိုင်ဘူးတားပြီး ဘယ်လိုမှ မရနိုင်တော့တဲ့ ရွှေထီးဆောင်းဘဝကိုဖြစ်ဖြစ် နွံနစ်ခဲ့တဲ့ဘဝကိုဖြစ်ဖြစ် ပြောပြောကို မပြီးနိုင်တာ။ ဒါလည်း Energy Drain ဖြစ်နေတာပဲ။

၃။ ကိုယ် Facebook ကိုအမြဲစစ်နေခြင်း။

Virtual World ဆိုတာ တော်ရုံသင့်ရုံပဲ ကောင်းပေမယ့် တချို့ကျတော့ ဒုတိယဘဝမှာပဲ ပျော်နေကြတော့တယ်။ ဒါဟာ ငါးပါးသီလထဲက နောက်ဆုံးသီလဖြစ်တဲ့ မေ့လျော့စေတတ်သော အရာကိုစွဲလမ်းခြင်းဆိုတဲ့ သီလနဲ့လည်း ညှိတယ်။ ဒီလို ဒုတိယဘဝမှာ အမြဲနေထိုင်မယ်ဆိုရင် Energy Drain ဖြစ်တာပဲ။

၄။ ဖိစီးမှုများကို အလွန်အကျွံလက်ခံခြင်း။

This too shall pass ဆိုတဲ့ စကားမျိုးကို လက်ခံထားသင့်တယ်။ လောကကြီးမှာ ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်သွားတာတွေ အများကြီးပဲ။ ဒီလိုမဟုတ်ဘဲ ရွာဦးကျောင်းက မနက်တုံးမောင်း မတီးတာကအစ အမေရိကန်နဲ့ တရုတ်တို့ရဲ့ စီးပွားရေးတွေအထိ လိုက်ပါစိတ်ဝင်စားနေမယ်ဆိုရင်တော့ Energy Drain ဖြစ်မှာပဲ။

၅။ နောက်ကျမှအိပ်ခြင်း။

ဒါကတော့ ကျန်းမာရေး ရှုထောင့်ကနေ မဂ္ဂဇင်းမှာ ဂျာနယ်မှာ Facebook ပေါ်က ဆရာကြီးတွေ သမားကြီးတွေ တော်တော်လေးလည်း ပြောထားကြပြီးပါပြီ။ Energy ရှုံးခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်လျင်လည်း ပို၍အိပ်ဖြစ်ခြင်း၊ ကိုယ်လေးချိန် အတက်အကျမြန်ခြင်း၊ ခန္ဓာကိုယ်နာကျင်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အလုပ် ကောင်းကောင်းမွန်မွန်မလုပ်နိုင်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးထိခိုက်ခြင်းနှင့် အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းတတ်ခြင်းစတာတွေဖြစ်တယ်ဆိုမှတော့ Energy Drain ဖြစ်ပြီပေါ့။

၆။ အချိန်တိုင်း ညည်းတွားနေတတ်ခြင်း။

ငါ့မှာ ပိုက်ဆံ သိန်းတစ်ရာလောက်ပဲ ကျန်တော့တယ်ကွာ။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဟင်းကလည်းကွာ တနေ့လာ ကြက်သား။ နှစ်နေ့လာ ကြက်သား။ စားကို မစားချင်တာ တချို့ကျ ဒီလိုကောင်းနေတာကို ညည်းတယ်။ ညူတယ်။ တချို့ကျတော့လည်း မိုးကလည်းကွာ ငါအပြင်ကို ထီးမယူတဲ့နေမှ ရွာရတယ်လို့ ဆိုပြီး ဝေးဝေးမှတခါ ကြုံရတဲ့သနစ်ကို အဖြစ်ကြီးလုပ်တတ်တယ်။ တချို့ကျတော့လည်း ပြောစရာမရှိ ကိုယ့်အထက်လူကြီး မကောင်းကြောင်းထိုင်ပြော ညည်းတယ်။ နောက်ဆုံး ကိုယ့်အသားအရေ နည်းနည်းတွန့်လာတာကို ညည်းတယ်။ ညည်းတတ်တဲ့လူတွေကတော့ ဘယ်လိုအနေအထားမှာဖြစ်ဖြစ် ညည်းနေကြတာပဲ။ ဒါတွေက Energy Darin ဖြစ်စေတယ်။ အကြောင်းမဲ့ ဒူးနန့်တာ။ အကြောင်းမဲ့ လက်သည်းကိုက်တာစသဖြင့် မိမိစိတ်မှ လမ်းညွှန်မှုမရှိဘဲ ကိုယ်လက်က လှုပ်ရှားနေတာကလည်း Energy Drain ဖြစ်စေတယ်။

၇။ အတွေးလွန်ခြင်း။

သည်ကိစ္စက တော်တော့ကို ဆိုးတဲ့ ကိစ္စဖြစ်ပါတယ်။ လူတယောက်က ကိုယ့်ကို သာမန်ကာ လျံကာပြောလိုက်ပေမယ့် ကိုယ်က ဒီလူ ဘာလို့ ဒီစကားပြောတာလဲ။ ဘာကိုဆိုလိုတာလဲ။ ငါ့ရဲ့ အတိတ်က အဖြစ်အပျက်တစ်ခုခုကို ညွှန်းတာပဲ။ ဒါဆို ငါ့ကိုသက်သက်စော်ကားတာ။ စသဖြင့် ကိုယ့်ကို အနာဘက်ရောက်အောင်တွေးတတ်တာတွေက Energy Drain ဖြစ်စေပါတယ်တဲ့ခင်ဗျာ။

၈။ သမ္ပပ္ပလာပစကားများ ပြောဆိုခြင်း။

ကြုံဖူးတဲ့ တနေရာမှာ ဘဏ္ဍာရေးရုံးကို မေတ္တာက စာရင်းကိုင်နည်းပေးတယ်။ အဲဒီမှာ ဘောလ်ပင်တချောင်းဝယ်တာကမှအစ Request နဲ့သွားရမယ့်ပုံစံလေးလည်း ပါတယ်။ Finance နဲ့ Admin တို့က စစ်ကြည့်ပေါ့။ ပေးသင့်တယ်လို့ထင်ရင် ပေးကြ။ မပေးသင့်ထင်ရင် reject လုပ်ပေါ့။ ဒါဟာ လူတွေ အားအားယားယား အကျိုးမရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေတာကို ကာကွယ်ပေးတဲ့ Project လေးတစ်ခုပဲ။ မကျင့်သုံးဖြစ်လေတော့ လူတွေပြောကြတဲ့ အကျိုးမဲ့စကားတွေဟာ အားလုံးအတွက် အကျိုးမဲ့ ထပ်ဖြစ်စေတော့တာပေါ့။ Energy Drain ဆိုတာ ဒီလို အတင်းအဖျင်းပြောတဲ့နေရာကနေလည်း လာတာပဲ။

၉။ တပါးသူ ကျေနပ်အောင်ကြိုးစားခြင်း။

လူတွေက တပါးသူ ကျေနပ်အောင် ကြိုးစားရင်း ကိုယ့်ဘဝမှာ ကိုယ်ဘာဖြစ်ချင်လဲတောင် မသိတော့လောက်အောင် ဖြစ်လာတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ ကျွန်တော် ဒီလိုလူတွေနဲ့သာ ကျွန်တော်တွေ့နေရတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို တပါးသူ ဆန္ဒပြည့်ဖို့အတွက် စွန့်လွတ်လိုက်တယ်။ အနစ်နာခံလိုက်တယ်။ ကာတွန်းလေး တစ်ကွက်ကို သွားသတိရတယ်။ “ဆရာဖြစ်သူက ကားအကောင်းစားကြီး စီးလာတာကို တပည့်က ‘ဟာ ဆရာ့ကားက တော်တော့်ကို အကောင်းစားကြီးပဲ’ လို့ပြောတယ်။ ဆရာက ပြန်ပြောတယ်။ ‘အေးဟုတ်တယ် ငါ့တပည့်ကြီး ကြိုးစားကွာ၊ မင်းကြိုးစားရင် နောက်နှစ်ကျ ငါဒီလို နောက်ထပ် တစ်စီးထပ်ဝယ်နိုင်ပြီ’ တဲ့။ ကျွန်တော် အနောက်ကို မျှော်ကြည့်တော့ စက်ရုံကြီးတွေ့ရတာပဲ။ များလိုက်တဲ့ Energy Drain တွေ။

၁၀။ မပြောင်းလဲရဲခြင်း။

လက်ရှိအလုပ်က ထွက်ချင်ပြီ။ မထွက်ရဲဘူး။ လက်ရှိ ဌာနမှာ ဆက်မလုပ်နိုင်တော့ဘူး။ ဒါပေမယ့် သူဌေးကို မပြောရဲဘူး။ ဒီလိုနဲ့ Energy Drain တွေ များမှများပဲ။

ကဲဟုတ်ပါပြီခင်ဗျာ။ ကျွန်တော် satire အဖြစ်ရေးတဲ့ ဒါမျိုးတွေက လွယ်ပါတယ်ဆိုတဲ့ စာလေးတွေ ဒီမှာတင် နိဋ္ဌိတံပါပြီခင်ဗျာ။ ဒါတွေကို AGrassoBlog ဆိုသူရဲ့ Facebook စာမျက်နှာကနေ ယူခဲ့တာပါခင်ဗျာ။

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress