• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁)

စာကလေးတိုတို နန့်နန့်လေးတွေ ရေးကြည့်ချင်ပါသေးတယ်။ လိုက်လုပ်ဖို့မဟုတ်ပါဘူး။ ဖတ်ကြည့်ဖို့ပါ။ အော် စိတ်ညစ်ချင်ရင်တော့ လိုက်လုပ်ပေါ့ဗျာ။ မဖြစ်နိုင်တာတွေကို ဖြစ်ခိုင်းတဲ့ကိစ္စကို ဖြစ်အောင်လိုက်လုပ်ရင် စိတ်ညစ်တာပဲ။ ကဲ မဖြစ်နိုင်တာတွေဆိုတာက ဘာတွေများလဲ။ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အောင်မြင်ရန်အတွက် လိုက်နာရမည့် အချက် (၁၂) ချက်ဆိုတာမျိုးဗျာ။ တကယ်ပြောတာ။ စပြီ။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အောင်မြင်ရန်အတွက် လိုက်နာရမည့် အချက် (၁၂) ချက်

၁။ မိမိ၏ ရည်မှန်းချက်ကို အမြဲသတိရနေပါ။

ဟုတ်ပါတယ်။ လူတယောက်ဟာ ကိုယ်ရည်မှန်းချက်ကို အမြဲသတိရမနေဘူးဆိုရင် လုပ်နေတဲ့ အလုပ်တွေ လမ်းလွဲကို ရောက်တတ်ပါတယ်။ အဲဒီအခါ ဟိုမရောက် ဒီမရောက်ဖြစ်တတ်တဲ့အတွက် မိမိရည်မှန်းချက် ပန်းတိုင်ကိုသာ အမြဲသတိရနေသင့်ပါတယ်။

၂။ မိမိအောင်မြင်မှုကို မိမိကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ထားပါ။

ကိုယ်ဘယ်အတိုင်းအတာအထိ ရောက်ရမယ်။ မိမိဘယ်လိုဖြစ်ရမယ်ဆိုတာကို သူများက အနက်အဓိပ္ပါယ်လာဖွင့် ပေးတာမဟုတ်ဘဲ မိမိကိုယ်တိုင်က ရှင်းရှင်းလင်းလင်း သိပြီး အဓိပ္ပါယ်ရှိနေစေပါ။

၃။ မိမိနဲ့တွဲလုပ်မည့်သူများ မိမိမိတ်ဖက်များကို နားလည်အောင် ကြိုးစားပါ။

ဘယ်လမ်းကိုမဆို တယောက်တည်းသွားလို့မရပါဘူး။ အလုပ်လုပ်ပြီဆိုရင် ဆက်စပ်ယှက်နွယ်ရမယ့်သူများ ရှိလာပါပြီ။ သူတို့အရည်အချင်း စိတ်နေစိတ်ထားများကို သင်ကတင်ကြိုလေ့လာပြီး နားလည်အောင် လုပ်ထားပါ။

၄။ လမ်းမလွဲပါစေနဲ့။

ဒီအချက်က တစ်အချက်နဲ့တူပေမယ့် ကိုယ်လုပ်တဲ့အလုပ် ကိုယ်ပြောတဲ့စကားက ကိုယ့်ပန်းတိုင်အတွက်ပဲ ဖြစ်နေပါစေလို့ ဒီတချက်က ညွှန်းချင်တာပါ။

၅။ သင်လိုချင်တဲ့ပုံစံများကို တပါးသူအား ရှင်းရှင်းလင်းလင်း ပြောပြပါ။

သင့်လမ်းကြောင်းပေါ် သင်အလုပ်လုပ်ပြီဆိုရင် သင်လိုချင်တဲ့အနေအထားများ ပုံစံများကို သင်နဲ့အတူ တွဲလုပ်မယ့်သူများ မိတ်ဖက်များကို သေချာပြောပြထားပါ။ မဟုတ်ရင် သင်ပြောတာတခြား သူများလုပ်တာ တလွဲဖြစ်တတ်ပါတယ်။

၆။ အဖြေကိုသာ အမြဲအာရုံစိုက်ပါ။

အများနဲ့လုပ်ရတဲ့အခါ အရှုပ်အရှင်းစတဲ့ မလိုလားအပ်တဲ့ အခက်အခဲတွေ ကြုံတတ်ပါတယ်။ အဲဒီအခါ အဖြေကိုသာ အာရုံစိုက်ပါ။ ပိုမိုရှုပ်ထွေးအောင် မစဉ်းစားပါနဲ့။

၇။ ကြီးကြီးကျယ်ကျယ်စိတ်ကူးပါ။

အောင်မြင်သွားတဲ့ လုပ်ငန်းရှင်များ မအောင်မြင်ခင် ပြောတဲ့ စကားတွေဟာ ရယ်စရာြဖစ်နေတတ်ပါတယ်။ ဒါပေမယ့် သင့်စိတ်ကူးက ကြီးကျယ်ပါစေ။

၈။ ကြီးကြီးကျယ်ကျယ်အောင်မြင်ချင်ရင် ကြီးကြီးမားမားလုပ်ရပါမယ်။

အောင်မြင်ချင်တာက ကြီးပြီး လုပ်တာကျ သေးတာမျိုး ဆိုင်းတာမျိုး မနက် သဘက်ရွှေ့တာမျိုး မလုပ်ရပါဘူး။ ဒီနေ့က အကောင်းဆုံးနေ့ဖြစ်တဲ့အတွက် ဒီနေ့လုပ်ပါ။ ဒီအချိန်လုပ်ပါ။ ကြီးကြီးမားမား လုပ်ပါ။

၉။ နည်းပညာအထောက်အပံ့ရယူပါ။

ဒီခေတ်မှာ နှေးနေလို့မရပါဘူး။ ဒီတော့ နည်းပညာကို အသုံးချရပါမယ်။ သင်ကြုံသမျှအခက်အခဲတွေဟာ သူများကြုံပြီးသား ဖြစ်တယ်။ အဲဒီဖြေရှင်းနည်းများကို အွန်လိုင်းပေါ် တင်ထားတတ်ကြပါတယ်။

၁၀။ အဆက်မပြတ်သင်ယူနေပါ။

အလုပ်လုပ်နေရင် နည်းနည်းအောင်မြင်စ ပြုလာရင် တော်တော်များများက သင်ယူတာကို ရပ်လိုက်တတ်ပါတယ်။ အသိပညာတိုးပွားအောင် အမြဲမပြတ်သင်ယူနေပါ။

၁၁။ ဘယ်တော့မှ မပြောင်းလဲပါနဲ့။

ဒီအချက်က အရေးကြီးတယ်။ မအောင်မြင်သူတော်တော်များများကတော့ အခက်အခဲတွေ့တာနဲ့ သို့မဟုတ် အလုပ်တစ်ခု ကြာလာတာနဲ့အမျ ပြောင်းလဲလိုက်တတ်ပါတယ်။ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့။

၁၂။ သင့်အရည်အချင်း အစစ်ကိုသာ အသုံးချပါ။

ဒါကလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ သင့်မှာ မရှိတဲ့ အရည်အချင်းကို ဇွတ်ဇက်ကြိတ်မှိတ် သုံးရင် သင့်လမ်းက ပိုမိုနှောင့်နှေးသွားနိုင်ပါတယ်။ ဒါကြောင့် သင့်အရည်အချင်းအစစ်ကိုသာ သုံးစွဲပါ။

ဟော ၁၂ ချက်ပြည့်ကရောပဲ။ လွယ်တယ်မဟုတ်လား။ ဖတ်ပြီးလိုက်လုပ်ကြည့်လေ။ အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်မလားလို့။ စိတ်ကူးပေါက်ရင် ဆက်ရေးကြည့်ပါဦးမယ်။ တောမရောက် တောင်မရောက် ဂလိုစာလေးတွေကို။

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress