• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁၆)

ဘယ်နေရာ ဘယ်ဒေသကို ကြည့်လိုက် ကြည့်လိုက် ကလေးတွေဟာ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းကို သွားနေကြရတယ်။ တချို့နေရာများဆို ကလေးကို ကျောင်းမထားရင်တောင် ဒဏ်ရိုက်တဲ့အထိ စာသင်ကျောင်းရဲ့ လွှမ်းမိုးမှုအောက်ကို အဆောက်အဦလိုက်ကြီး ရောက်နေတာလည်း ရှိတယ်။ စာသင်ကျောင်းဆိုတာကြီးကလည်း ဆရာ ဆိုတဲ့အောက်မှာ ပြားပြားမှောက်ပြီး ဖွဲ့စည်းပုံတမျိုးတည်းနဲ့ လုပ်ထုံးလုပ်နည်းတွေ တသမတ်တည်းနဲ့ တည်ဆောက်ထားတယ်။ စာ ဆိုတာသင်ရတယ်လို့ ဟိုး ခရစ်မပေါ်မီ နှစ်ပေါင်း ၄၀၀ ကျော်က ပေါ်ခဲ့ပေမယ့် ဖွံ့ဖြိုးမှုဆိုတဲ့ စကားလုံးကို တီထွင်အပြီးမှာတော့ စာသင်တယ်ဆိုတာကြီးကနေ စာဆိုတာ ဘယ်လိုသင်ရမယ်ဆိုတဲ့ အီလိတွေရဲ့ ပိုက်ဆံပုံအောက်မှာ ပြဋ္ဌာန်းစာအုပ်တွေ ရောက်သွားခဲ့တယ်။ လူတွေအများကြီး ထောက်ခံလာတဲ့ စကားလုံးတိုင်းဟာ ကမ္ဘာပေါ်မှာ ငြင်ငြင်သာသာလေး ပေါ်လာခဲ့တာမဟုတ်ပါဘူး။ စာဘယ်လိုသင်ရမယ်ဆိုတဲ့ စာသင်တာကို စီးပွားရေးလုပ်ငန်းဖြစ်အောင် လုပ်လိုက်တဲ့ သို့မဟုတ် စီးပွားရေးလုပ်ငန်းမှာ အသုံးဝင်အောင် အလုပ်ခံလိုက်ရတဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော် စက်မှုတော်လှန်ရေးကနေစပြီး ခုချိန်ထိ စာကို ဘယ်သူသာ အကျိုးရှိအောင် သင်ခဲ့ကြသလဲဆိုတာကိုလည်း လေ့လာကြကြည့်သင့်ပါတယ်။ တစ်စုံတယောက်သောသူတွေသာ အကျိုးရှိသွားတဲ့ စာသင်ကျောင်းရဲ့ ပြဋ္ဌာန်းစာတွေထဲမှာ ဟောဒါတွေ မပါဘူးဗျာ။ အရင်အပိုင်းအဆက်လေး ဆက်ပြောမယ်။

၈။ သက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ မသင်ပါဘူး။

ပထဝီ၊ အာပေါ၊ တေဇောနှင့် ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးထဲက ပထဝီဆိုတဲ့ မြေကြီးကို ဘာသာရပ်တစ်ခုလုပ်ပြီး သင်တယ်။ ကိုယ့်ခြံထဲရှိတဲ့ မြေအမျိုးအစားမသိဘူး။ ကိုယ့်အိမ်ဘေးမှာ ရှိတဲ့ ကျောက်အမျိုးအစား မသိဘူး။ ကိုယ့်ယာခင်းမှာ စိုက်မယ့် အောင်မြင်နိုင်တဲ့ အပင်အမျိုးအစား မသိဘူး။ ကျက်လိုက်ရတဲ့ ကမ္ဘာပေါ်က အမြင့်ဆုံးတောင် အနိမ့်ဆုံးချိုင့်ဝှမ်း အရှည်ဆုံးမြစ် ပေါက်ကွဲလိုက်တဲ့ မီးတောင်။ စာသင်နေရတာလား။ ထူးခြားအံ့ဖွယ်ဆောင်းပါးဖတ်နေရတာလားတောင် မသဲကွဲဘူး။ ပြီးတော့ ပြုစုလိုက်ကြတဲ့ကျမ်း။ ပြုစုတဲ့သူတွေသာ PhD တွေရတာ။ အဲဒီစာက အကျိုးမရှိဘူး။ PhD ရတော့ ဂုဏ်ပြုဖို့ဆို ကုန်လိုက်တဲ့ ပိုက်ဆံ။ ပြီးလည်းပြီးရော အဲဒီလက်မှတ်နဲ့ အလုပ်အခန့်မခံရဘူး။ သင်လိုက်တဲ့ စာတွေမှာ သက်မွေးဝမ်းကျောင်းလုပ်နည်း မပါအောင် သင်ရိုးညွှန်းတမ်းတွေ အဆွဲခံထားရတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိဘူး။ သင်နေကြတာပဲ။ သင်ကြတာကလည်း အလုပ်ကောင်းကောင်းရဖို့ပဲ။ အလုပ်ကောင်းကောင်းရဖို့ကလည်း ကိုယ့်အလုပ်မဟုတ်ပါဘူး။ သူများအလုပ်။ အီလိတွေရဲ့အလုပ်။ ခရိုနီတွေရဲ့ အလုပ်။

၉။ ငွေကြေးစီမံခန့်ခွဲနည်း မသင်ပါဘူး။

အဲဒါကြောင့် အပြင်မှာ စီးပွားရေးသင်တန်းကျောင်းတွေ အောင်မြင်နေတာပေါ့။ စာသင်ကျောင်းကို ၁၅ နှစ်လောက် အသက်တွေ အကုန်ခံ တက်ပြီးပေမယ့် စီးပွားရေးကျောင်းကို တစ်ရက် လေးငါးသောင်း တစ်လကို လေးငါးသိန်း ထပ်ပေးတက်ရပြန်တာပဲ မဟုတ်လား။

၁၀။ အကျိုးရှိအောင် လုပ်ကိုင်တတ်ဖို့ မသင်ပါဘူး။

စာသင်ကျောင်းမှာ သင်တာတွေက အကြောင်းတွေချည်း သင်တာမို့လို့ပါပဲ။ မယုံရင် ပြဌာန်းစာအုပ်တွေ သင်ရိုးညွှန်းတမ်းတွေကို ပြန်ကြည့်ကြည့်ပါ။ အကြောင်းချည်းသက်သက်သင်ခဲ့ပါတယ်။ ဖြစ်သွားတဲ့ ကောင်းကျိုးတွေ ဆိုးကျိုးတွေ မသင်ဘဲ လိုရာဆွဲတွေးခံထားရတဲ့ နောက်ထပ်အကြောင်းတွေပဲသင်ပါတယ်။

၁၁။ စီးပွားရေး ဘယ်လိုစတင်လုပ်ကိုင်ရမယ်လို့ မသင်ပါဘူး။

ပိုက်ဆံဖြုန်းနည်းပဲ သင်ပါတယ်။ စာထဲမှာသင်တာမဟုတ်ပါဘူး။ ဓလေ့အရ သင်ကြတာပါ။ စာသင်ကျောင်းတက်ရင် မုန့်စားရမယ်ကနေစပြီး ဝယ်တတ်အောင်သင်ပါတယ်။ ရလာတဲ့ပိုက်ဆံကို ဘယ်လိုတိုးပွားအောင် လုပ်ရမယ်ဆိုတာကို မသင်ပါဘူး။

၁၂။ ခရီးထွက်ခြင်းစတာတွေဟာ အရေးပါတယ်လို့ မသင်ပါဘူး။

ခရီးထွက်ခြင်းစတာတွေလို့ ရေးထားတော့ စတာတွေရဲ့ သမုစ္စည်းမှာ စာဖတ်ခြင်း လေ့လာခြင်းစတာတွေပါတယ်။ စာသင်ကျောင်းက ကိုယ်သွားချင်တာ ကိုယ်လေ့လာချင်တာတွေ လုပ်လို့မရပါဘူး။ သူတို့ခိုင်းတာပဲ လုပ်လို့ရတယ်။ တခါက ဟိုးအနောက်ကမ္ဘာက လူတယောက်ကို မေးဖူးတယ်။ အရှေ့ဘက်ခြမ်းမှာတော့ ဆရာ့လမ်းညွှန်မှုနဲ့သာ အလုပ်လုပ်ကြတယ်။ ဆရာ့ကို ကျော်ပြီးလုပ်တာမျိုး ဆရာတွေက မကြိုက်ကြဘူး။ ခင်ဗျားတို့အနောက်ဘက်ခြမ်းပဲ ကောင်းတယ်။ ကျောင်းသားတွေ ကြိုက်တာ လေ့လာခွင့် လုပ်ကိုင်ခွင့်ရတယ်လို့ ရုပ်ရှင်တွေမှာပါတဲ့ အတွေ့အကြုံနဲ့ ပြောကြည့်တော့ သူက “တကမ္ဘာလုံးက စာသင်ကျောင်းတွေဟာ တစ်ပုံစံတည်းပါပဲ၊ မကွာခြားပါဘူး” တဲ့။

၁၃။ ကိုယ်တိုင်ကိုယ်ကျ ကလျာဏမိတ္တ ဖြစ်ဖို့မသင်ပါဘူး။

အခန်း A က ဘယ်လိုတော်တာ။ အခန်း F ကတော့ဖြင့် သုံးစားမရပါဘူး။ တေလေဂျပိုးဖြစ်မယ့်ကောင်တွေ ဆိုပြီး စာသင်ကျောင်းက စတင်ပြီး သွေးခွဲတဲ့ စကားလုံးတွေနဲ့ စာသင်ပါတယ်။ တိုင်းရင်းသားဒေသဘက်မှာဆို ပိုဆိုးပါတယ်။ “နင်တို့ ………. လူမျိုးတွေက” ဆိုပြီး ပြောသင်တာတွေ ကြားဖူးတယ်။ အကောင်းတော့ မဟုတ်ဘူး။

၁၄။ ဆက်သွယ်ဆက်ဆံရေးနည်းလမ်းတွေ မသင်ပါဘူး။

စာသင်ကျောင်းကို နေ့စဉ်နေ့တိုင်းတက်ရတယ်။ တက်ရင်းနဲ့ ရွာမှာ ရပ်ကွက်မှာ ရှိတဲ့ လူမှုရေးပျက်ရတယ်။ လူထုအသိုင်းအဝိုင်းနဲ့ စတင်ပြတ်တောင်းလာတယ်။ လူတယောက်ရဲ့ နေ့တဒူဝဟာ စာသင်ကျောင်း အိမ်၊ စာသင်ကျောင်း အိမ် ဒါနဲ့ပဲ အဆုံးသတ်ရတယ်။ နောက်တော့ အိမ်နဲ့ပါ အဆက်အသွယ်ပြတ်စပြုလာတယ်။ ပညာရေးမြင့်သထက်မြင့်ဖို့ အိမ်နဲ့ စတင်ဝေးကွာရတယ်။ ပညာနောက်လိုက်ရင်း မိဘမျက်နှာတောင် ကြာကြာ မော်မကြည့်နိုင်အားတော့တဲ့အထိ ဖြစ်လာတယ်။ ရပ်ကွက်ထဲ ရွာထဲ လူမှုရေး စတင်ပျက်လာတယ်။ နောက် တဖြည်းဖြည်းနဲ့ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ ယဉ်ကျေးမှုကို အထင်စသေးလာတယ်။ အဲဒီကနေ ဆက်သွယ်ဆက်ဆံရေးတွေ စတင်ပျက်လာတော့တာပါပဲ။

ပြောရင်တော့ မကုန်နိုင်ပါဘူး။ စာသင်ကျောင်းရဲ့ တလမ်းတည်းသွားယဉ်ကျေးမှု (Mono Culture) က လူမျိုးငယ်တွေရဲ့ ယဉ်ကျေးမှုကို ဖျောက်ပစ်လိုက်ရုံတင်မကဘူး၊ ဘာသာစကားတွေကိုပါ ဖျောက်ပစ်လိုက်တယ်။ ရိုးရာဓလေ့တွေကို ကိစ္စတုံးပစ်လိုက်တယ်။ တိခနဲ မပြတ်တော့ ဒဏ်ရာက ပြင်းတယ်လို့မထင်ကြဘူးပေါ့ဗျာ။

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress