• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁၅)

အလွယ်ဆုံးကို စပြောရရင် စာသင်ကျောင်း တက်တယ်ဆိုတာ လွယ်တဲ့ကိစ္စပါပဲ။ တလောကလုံး ရှိရှိသမျ လူမျိုးအားလုံး စာသင်ကျောင်းတက်နေကြရတာပါပဲ။ စာသင်ကျောင်းမတက်ရင်ကို လူမဆန်တော့သလို လူနဲ့မတန်တော့သလို အပြောခံရတဲ့ခေတ်မှာ စာသင်ကျောင်းက တက်ကို တက်မှ ရမှာဖြစ်ပါတယ်။ မတက်လို့မရ မဆက်လို့မဖြစ်တဲ့ နေရာကတော့ သည်ခေတ်မှာ စာသင်ကျောင်းပါပဲ။ စာသင်ကျောင်းဖြင့်ပေါ်တာ နှစ် ၂၀၀ မကျော်သေးဘဲနဲ့များ ဒီခေတ်မှာ စာသင်ကျောင်းမတက်ရင်ဖြင့် သို့တည်းမဟုတ် စာသင်ကျောင်းအပို့မခံရရင်ဖြင့် သည်လူသည် သို့တည်းမဟုတ် ကျောင်းမပို့သူသည် လူမဆန်သောသူသာ ဖြစ်ချိမ့်မည်ဟု သတ်မှတ်ခံရမည့်ခေတ်ပါပဲ။ စာသင်ကျောင်းတက်မှသာ ရရှိနိုင်တော့တဲ့ စာတတ်မှ ဆယ်တန်းအောင်မှ ဘွဲ့ရမှ ဒေါက်တာဖြစ်မှ အထင်ကြီးကြတဲ့ခေတ်မှာ စာသင်ကျောင်းက မသင်တဲ့ ပညာရေးအကြောင်း ပြောရမှာ အားနာပါတယ်။ စာသင်ကျောင်းအကြောင်း သို့တည်းမဟုတ် Schooling အကြောင်းကို နားထောင်ချင်ရင်တော့ဖြင့် လူကိုယ်တိုင်သာ လာတွေ့ပါ။ ပြောပါ့မယ်။ သို့ပေတဲ့ သည်မှာတော့ ကျောင်းမှာ မသင်ပေးလိုက်တဲ့ အချက်ကလေးကိုသာ ရွေးပြောချင်သမို့ပါ။

၁။ ဘယ်လိုရောင်းဝယ်ဖောက်ကားရမယ်ဆိုတာ စာသင်ကျောင်းက မသင်ပါဘူး။

“သမီးမှာ ချိုချဉ်အလုံး ငါးဆယ်ရှိတယ်၊ တကယ်လို့ သမီးက ချိုချဉ်အလုံး လေးဆယ်ကို စားလိုက်ရင် သမီးမှာ ချိုချဉ် ဘယ်နှစ်လုံးကျန်မလဲ”

“တစ်လုံးမှ မကျန်တဲ့အပြင် အကြွေးပါတင်မှာပါ ဆရာမ”

“အိုကွယ် သေချာစဉ်းစားပါဦးသမီးရဲ့၊ သမီးဆီမှာ ချိုချဉ်အလုံးက နဂိုက ၅၀ ရှိတယ်၊ သမီးက ၄၀ ကို စားလိုက်တယ်လေ”

“တကယ်ပါ ဆရာမ တစ်လုံးမှ မကျန်ပါဘူးဆရာမ အကြွေးလည်း တင်မှာပါဆရာမ”

“ကဲ ရှင်းပြပါဦး”

“ချိုချဉ် အလုံး ၄၀ ကိုစားလိုက်တော့မှ သမီးမှာ ဆီးချိုရောဂါဖြစ်ပြီပေါ့၊ ဆီးချိုဖြစ်တော့ ဆေးကုရပြီပေါ့၊ အဲဒါဆိုရင် သမီးမှာ ရှိတဲ့ ချိုချဉ်ပါမက သမီးအိမ်မှာရှိတဲ့ ပရိဘောဂတွေမှန်သမျှလည်း ရောင်းစားရမှာမို့ သမီးမှာ ဘာဆိုဘာမှကို မရှိတော့တာပါ ဆရာမ”

ဒါက ဟာသပါ။ ဒါပေမယ့် စာသင်ကျောင်းက တကယ်တမ်းတော့ ဘာမှန်းမသိတဲ့ စာတွေသာ သင်တာ။ စျေးရောင်းနည်းတွေ မသင်ပါဘူး။

၂။ ဘယ်လိုတွေးရမယ်လို့ မသင်ပါဘူး။

လူတယောက်ဟာ ရုံးတက်တိုင်း အပေါ် အထပ် ၃၀ ကို တက်ရပေမယ့် အမြဲတမ်း အထပ် ၂၀ ထိသာ တက်ပြီးတော့ အဆင်းကျတော့ အမြဲတမ်း မြေညီထပ်ထိ ဆင်းလေ့ရှိတယ်။ ဘာကြောင့်ဖြစ်မယ်ထင်လဲ။ ဆိုတဲ့ မေးခွန်းကိုဖြေရာမှာ အယောက်တစ်ရာဖြေရင် အယောက်တစ်ရာမှားပါတယ်။ ဒါက စာသင်ကျောင်းက ဘယ်လိုတွေးရမယ်လို့ မသင်ခဲ့တာကြောင့်ပါပဲ။

၃။ ဘယ်လိုဆွေးနွေးညှိနှိုင်းရမလဲဆိုတာ စာသင်ကျောင်းက မသင်ပါဘူး။

သည်ညနေခင်း ကိုယ်နဲ့ ဘက်တူတဲ့ ကမ္ဘောဇဘိလိပ်မြေစက်ရုံက ရဲနိုင်ဝင်းနဲ့ ယဉ်ငြိမ်းခင်ဝါအောင်ဆိုတဲ့ နှစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ကိုယ့်မှာလည်း ကိုယ်နဲ့ ဘက်မတူလို့ လမ်းခွဲရတဲ့ လူတွေအကြောင်း ပြောဖြစ်သလို သူတို့လည်း လမ်းမတူလို့ လူချင်းမတွေ့ဖြစ်တော့တဲ့လူတွေအကြောင်း ပြောဖြစ်တယ်။ ကျွန်တော်တို့ဟာ စာသင်ကျောင်းရဲ့ လောင်းရိပ်မိသူတွေပါ။

၄။ အရှုံးကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို မသင်ပါဘူး။

စာသင်ကျောင်းမှာ မသင်တဲ့နောက်တစ်ခုက အရှုံးကို ရင်ဆိုင်တဲ့နည်းပါပဲ။ ဘဝဆိုတာ အမြဲတမ်း အောင်မြင်မှုတွေနဲ့ချည်း ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ သာပေမယ့် စာသင်ကျောင်းတက်တဲ့သူတိုင်း အောင်မြင်မှုနဲ့ချည်း တွေ့ကြုံနေရသလို ဆုံနေရသလို လက်ခံနေရသလိုသာပဲ အသင်ခံခဲ့ကြရပါတယ်။ ဥပမာ ဘုရင့်နောင် အနော်ရထာ ကျန်စစ်သား စတဲ့ အောင်မြင်တဲ့ စစ်တွေအကြောင်းနဲ့ နယ်ချဲ့ကို တော်လှန်နိုင်ခဲ့တဲ့ အကြောင်းကိုပဲ သူငယ်တန်းကနေ တက္ကသိုလ်ဘွဲ့ရတဲ့ ပြဋ္ဌာန်းစာများအထိ ငြင်ငြင်သာသာလေးသာ အသိပ်ခံရပါတယ်။ အရှုံးတွေအကြောင်း မသင်ပါဘူး။

၅။ အချိန်စီမံခန့်ခွဲနည်းကို မသင်ပါဘူး။

မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ သိပ္ပံ၊ ပထဝီ၊ သင်္ချာ။ ဘယ်ဘာသာရပ်မှာများ အချိန်စီမံခန့်ခွဲနည်း အကြောင်းကို သင်ခဲ့ပါသလဲ။ မသင်ပါဘူး။ မနက် ၈ ခွဲ သို့တည်းမဟုတ် ၉ နာရီကျောင်းတက်၊ ညနေ ၃ နာရီခွဲ သို့တည်းမဟုတ် ၄ နာရီကျောင်းဆင်းဆိုတဲ့ ရုံးတက် ရုံးဆင်းလျင် ကျင့်သားရမယ့်အချိန်အကြောင်းပဲ သင်ခဲ့ရတယ် မဟုတ်ပါလား။ စက်ရုံရောက်ရင် အပိုးကျိုးမယ့် အထာတွေပဲ စာသင်ကျောင်းက သင်ပါတယ်။

၆။ ငွေကြေးရင်းနှီးမြုပ်နှံမှုအကြောင်း မသင်ပါဘူး။

မုန့်ဖိုးကို ဘယ်လို ကုန်အောင် သုံးရမလဲ။ အတန်းပိုင် ဆရာမ ချစ်အောင် ဘယ်ဆိုင်မှာ မုန့်ဝယ်စားရမလဲလောက်ပဲ စာသင်ကျောင်းတက်သူတွေ သိတာပါလေ။ ပိုက်ဆံစုဖို့ စာသင်ကျောင်းက မသင်သလို ရရှိလာတဲ့ ပိုက်ဆံကို စီးပွားဖြစ်လာအောင် ဘယ်လိုသုံးရမယ်မသင်ပါဘူး။ ကြွက်သေ တစ်ခု အရင်းပြု စတဲ့ ဝတ္ထုကိုတော့ ဇာတကအရ သင်ကြားရတဲ့ အနေအထားမှာပါ။

၇။ အောင်မြင်မှုနိယာမအကြောင်းကို မသင်ပါဘူး။

စာသင်ကျောင်းတိုင်း ပြဋ္ဌာန်းစာတိုင်းကို သေချာကြည့်ပါ။ အောက်စဖို့တက္ကသိုလ်စတဲ့ တက္ကသိုလ်ကနေ ဒေသန္တရ တက္ကသိုလ်အထိ ကြည့်ပါ။ အောင်မြင်သွားတဲ့ သူအကြောင်းကို မသင်ပါဘူး။ ဘယ်သူ့အကြောင်းကို သင်လဲသိလား။

တော်လှန်ရေး လုပ်လို့ အောင်မြင်သွားတဲ့သူတွေအကြောင်းကို ဂဃနဏ သေချာသင်တာ။ ဘာလို့အဲဒါတွေ သင်လဲဆိုတော့ စာသင်ကျောင်းတက်တဲ့သူမှန်သမျှ တော်လှန်တတ်တဲ့စိတ်လေး ရှိနေအောင်လို့ သင်ပေးတာ။ ကျွန်စိတ်နဲ့ ကျိုးနွံစိတ်တွေရှိနေအောင် သင်ပေးတာ။ ဒါကတော့ နိုင်ငံအလိုက် ကွဲပြားပါတယ်။ စက်ရုံ အလုပ်ရုံမှာ လူလိုနေတဲ့ နိုင်ငံကျတော့ စက်ရုံအလုပ်ရုံ ကောင်းကြောင်းသင်တယ်။ တော်လှန်တဲ့သူတွေ များပြားပြီး နိုင်ငံရေး မငြိမ်မသက်ဖြစ်ဖို့လိုနေတဲ့ နိုင်ငံမှာ တော်လှန်ရေးအကြောင်းသင်ဖို့လိုပါတယ်။ သည်လိုပဲ ကိုယ့်နိုင်ငံလိုအပ်ချက်အရ သင်ရိုးညွှန်းတမ်းကို ပြောင်းချင်သလို ပြောင်းလို့ရတဲ့ စသင်ကျောင်းတွေအကြောင်းကို ဆက်ပြောပါဦးမယ်။

Post navigation

အောက်တန်းကျခြင်း အနုပညာ (၂)
ဒါမျိုးတွေက လွယ်ပါတယ် (၁၆)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress