• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁၄)

လူတွေဟာ သံသရာတစ်ခုထဲမှာ ပိတ်မိနေကြတာများတယ်။ သံသရာတစ်ခုဆိုတာက များများစားစားမဟုတ်ပါဘူး။ တစ်ခုဆိုမှ တစ်ခုတည်းပါ။ ဥပမာ အစားလျှော့စားမယ်။ ဒါပေမယ့်လည်း လျှော့မစားဖြစ်ပါဘူး။ ကျန်းမာရေးလိုက်စားမယ်။ တစ်ရက်လား နှစ်ရက်လားပဲ။ အဲလိုဖြစ်တတ်တဲ့ အကျင့်ဟာ လူတိုင်းမှာ ၁၀ နှစ်ကြာတဲ့အထိ ပုန်းခိုနေတတ်ပါတယ်။ ယောက်ျားလေးတော်တော်များများကတော့ ဆေးလိပ်ဖြတ်မှ ဖြစ်မယ်လို့ စဉ်းစားတာ ၁၀ နှစ်ကြာတတ်တယ်။ ဒါနဲ့ပဲ ပြီးသွားတတ်ကြတာပါပဲ။ နောက် ဆိုးတာတစ်ခုရှိသေးတယ်။ လက်ရှိအလုပ်ကို မုန်းတာ။ လက်ရှိ အနေအထားအရ မလုပ်လို့မဖြစ်လို့သာ လုပ်နေတာ ဖြစ်နိုင်ရင် ဒီအလုပ်ထဲကနေ ထွက်ချင်တယ်လို့ ညည်းကြတာ ၇ နှစ်ကြာတတ်ပါတယ်။ လူတိုင်းဟာ ဒီလို သံသရာတစ်ခုတည်းမှာ ပိတ်မိနေတတ်တာ အများကြီးမှ အများကြီးတွေ့ရတတ်ပါတယ်။ ဒီလိုသံသရာထဲ ပိတ်မိမနေဖို့ အချက်လေးချက်ပဲ လိုပါတယ်။

၁။ စိတ်ထဲ လုပ်ချင်နေတဲ့အလုပ်ကို လုပ်သာ လုပ်ပစ်လိုက်ပါ။

အတွေးဆိုတာက တောင်ရောက် မြောက်ရောက်ပါပဲ။ ဟိုလိုလုပ်ရင် ကောင်းမယ်ဖြစ်လိုက် ဒီလိုလုပ်ရင် ကောင်းမယ်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအတွေးပဲ ဖြစ်ဖြစ် ဘယ်လိုအတွေးပဲ ဝင်လာလာ လုပ်သာလုပ်ပစ်လိုက်ပါ။ အဲလို တောင်ရောက်မြောက်ရောက် အတွေးတွေကို လုပ်ပစ်လိုက်ခြင်းဟာ တကယ် အလုပ်ဖြစ်ရဲ့လား အလုပ်မဖြစ်ဘူးလားဆိုတဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်ပါတယ်။ လုပ်ချင်တာ လုပ်စရာရှိတာ လုပ်ပစ်လိုက်ခြင်းဟာလည်း ပြဿနာဖြေရှင်းနည်းတစ်မျိုးဖြစ်ပါတယ်။ အဲဒီအတွက် သီးသန့် ခွင်သစ်တစ်ခုကို ရှာပါ။ လက်ရှိကိုယ့်အလုပ်ခွင်ထဲမှာတော့ မလုပ်ပါနဲ့။ ပြီးတော့လည်း ကိုယ့်စိတ်ကူး အိပ်မက်ကို လုပ်တဲ့အခါမှာ မိမိကိုယ်ကိုမိမိ ယုံကြည်မှုထက်ထက်သန်သန်နဲ့ လုပ်ပါ။ လျော့တိလျော့ရဲတော့ မဖြစ်ပါစေနဲ့။

၂။ အကျိုးရှိမယ့် လူတွေနဲ့ ချိတ်ဆက်ထားပါ။

အကျိုးရှိမယ့်လူတွေနဲ့ ချိတ်ဆက်ရာမှာ မိမိဘက်က စေတနာအပြည့်နဲ့ ရက်ရောမှုတစ်ခုကို အရင်းအနှီးပြုလုပ်ရပါတယ်။ အကျိုးရှိမယ့်လူတွေနဲ့ ချိတ်ဆက်ချင်နေတဲ့လူတွေက အများကြီးပါ။ အောင်မြင်နေတဲ့လူတွေကို ကြည့်လိုက်ပါ။ သူတို့ဘေးပတ်ဝန်းကျင်မှာ လူတွေ ဝိုင်းဝိုင်းကိုလည်နေပါတယ်။ မိတ်ဆက်ချင်တဲ့သူ။ စကားပြောချင်တဲ့သူ စသဖြင့် ပြည့်နှက်နေတတ်တယ်။ အဲလိုလူအများကြီး ချဉ်းကပ်ခံရတဲ့သူကို ကိုယ်ဘယ်လိုချဉ်းကပ်မလဲ။ လက်ဆောင်ပေးပါ။ တကယ့်လိုအပ်မယ့်လက်ဆောင်မျိုးကို တကယ့်စေတနာနဲ့ပေးပါ။ ဒါက အကျိုးလည်းရှိပြီး အခြားသူတွေထက်လည်း တပန်းသာပါတယ်။

တကယ့်တကယ် မိမိအကျိုးကို လိုလားတဲ့သူဟာ စဉ်းစားဆင်ခြင်ဉာဏ်ကို လွှာပြီးသုံးပါတယ်။ တရားသေကြီးမှတ်ထားပြီး တရားသေဆက်ဆံနည်းတွေနဲ့ လူတွေကို မဆက်ဆံပါဘူး။ ပြီးတော့ မိမိအကျိုးကို လိုလားတဲ့သူဟာ တပါးသူနဲ့ သို့တည်းမဟုတ် မိမိအတွက်အကျိုးရှိမယ့်သူနဲ့ ဆက်ဆံတဲ့အခါ နောက်နောက်လည်း မိမိနဲ့ ချိတ်ဆက်မှုရနေအောင် ပြောဆိုဆက်ဆံပါတယ်။ နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲက အလွယ်ဆုံးကတော့ လိပ်စာကဒ် ဆောင်ထားခြင်းပါပဲ။ ပြီးတော့ ကိုယ့်လိပ်စာကဒ်မှာလည်း ကိုယ့်အကြောင်းကို ကောင်းကောင်းနဲ့ ထိထိမိမိဖော်ပြမယ့် စကားလုံးတွေကို အတိုဆုံးထည့်ထားနိုင်ရတယ်။ လိပ်စာကဒ်ဒီဇိုင်းကလည်း ထူးခြားရမယ်။ တော်တော်များများက လိပ်စာကဒ်ကို လိပ်စာကဒ်အများကြီးထည့်တဲ့ အိတ်တစ်ခုခုထဲကို ထည့်တတ်ပါတယ်။ နောက်ပိုင်း လိပ်စာအိတ်လေးကို ပြန်ကြည့်တဲ့အခါ ကိုယ့်လိပ်စာကဒ်ကို ကိုင်ကြည့်စေရနိုင်တဲ့ ပုံစံဖြစ်နေရပါမယ်။ နောက်တစ်ခုက ဘယ်သူကိုမဆို လက်ဆွဲနှုတ်ဆက်တတ်ရပါမယ်။ ဒါက အခြေခံမျှသာရှိသေးတဲ့ မိမိနဲ့ တပါးသူချိတ်ဆက်မိစေတဲ့နည်းဖြစ်ပါတယ်။

၃။ မသက်တောင့်မသက်သာဇုန်ကို ချဲ့ထွင်ပါ။

တစ်ခုခုကို ဖန်တီးကြည့်ပါ။ အဲဒါအရာက သင့်အတွက် လိုအပ်ချင်မှ လိုအပ်နေပါလိမ့်မယ်။ ဒါပေမယ့် ဖန်တီးဖြစ်အောင် ဖန်တီးကြည့် လုပ်ဖြစ်အောင် လုပ်ကြည့်ပါ။ အဲဒီအရာက သင်မသိသေးတဲ့ အရာတချို့ကို သင့်ကို ပြောပြပါလိမ့်မယ်။ လုပ်ကြည့်မှ သိမယ့်အရာက တွေးကြည့်နေတာနဲ့ မရပါဘူး။ စီးပွားရေးမှာ ပုံစံသစ်ရှာတာတို့၊ ဝါသနာအသစ်မွေးမြူတာတို့၊ အကောင်းမြင်စိတ်ထားကြည့်တာတို့၊ ကိုယ့်ကို ခြောက်လှန့်နေတဲ့အရာတွေကို ချရေးပြီးရင်ဆိုင်ကြည့်တာတို့၊ အခက်အခဲတွေကို စီမံခန့်ခွဲတာတို့ လုပ်ကြည့်ရပါမယ်။ သက်တောင့်သက်သာဇုန်လိုတော့ လှပမနေဘူးပေါ့ဗျာ။

၄။ အဆုံးစွန်ထိတွေးထားပါ။

သင်သေသွားပြီဆိုတဲ့အထိ ပြင်းထန်စွာ တွေးထားပါ။ ပြီးရင် တစ်ခုခုကို လုပ်လိုက်ပါ။ အောင်မြင်ချင်မှ အောင်မြင် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း သင့်ကို အတွေးကောင်းတချို့ ရစေပါလိမ့်မယ်။ မေးခွန်းတွေပေါ်လာမှ အဖြေကို ရှာဖို့လုပ်ရတာပါ။

ဒီလိုဆို လူတိုင်းရဲ့ သံသရာထဲကနေ သင်ထွက်နိုင်ပါပြီ။ လူတိုင်းရဲ့ သံသရာထဲမှာ ကိုယ့်ကို ဦးဆောင်မယ့်သူ စောင့်နေမိတာမျိုး။ အလုပ်ကို ခဏခဏပြောင်းတာမျိုး။ အကြွေးတွေပတ်ချာလည်ဝိုင်းနေတာမျိုး ပါပါတယ်။ ပြီးတော့ တိုးတက်အောင်လုပ်ရမယ်လို့တွေးနေတဲ့ အတွေးပါတယ်။ ထပ်ခါတလဲလဲ ဖြေရှင်းနေရတဲ့ နေ့စဉ်လူနေမှုဘဝထဲက အခွင့်အလမ်းအသစ်ရှာဖွေနေမိမှုတွေပါတယ်။

Post navigation

အောက်တန်းကျနည်း နိဿရည်း (၁)
အောက်တန်းကျခြင်း အနုပညာ (၂)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress