• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁၀)

တက်ကျမ်းလိုလို ဘာလိုလို နာမည်မျိုးပေးရရင် “ဒီ ၁၀ မျိုးကို အခုချက်ချင်း စွန့်လွတ်ပါ” သို့မှ မဟုတ်ရင်လည်း “ချက်ချင်း စွန့်လွတ်သင့်တဲ့ အချက် (၁၀) ချက်” ဆိုတာမျိုးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်စွန့်လွတ်သင့်တဲ့ စွန့်လွတ်ရမယ့် အချက်တွေထဲမှာ ပျော်နေရင်လည်း သတိလေးထားကြည့်ပေါ့။ အကျင့်ဆိုးဆိုတာက ချစ်စရာကောင်းတယ်လေ။ ဒါလေးနဲ့ လုပ်စားလည်း ရတဲ့အပိုင်းတွေ ရှိတတ်ကြတာကိုး။ ဒါပေမယ့် ကိုယ့်နဲ့ အဲလိုပုံစံလိုက်ဖက်လား မလိုက်ဖက်လား တွေးကြည့်ပေါ့ဗျာ။

၁။ ဆင်ခြေမပေးပါနဲ့။ ဆင်ခြေပေးတတ်ရင်တော့ သိပ်ပြီးသက်သာတာပေါ့ဗျာ။ မအားသေးလို့။ မိုးက တအိအိနဲ့ ဆိုတော့ ဘယ်လိုလုပ်ပြီး အလုပ်ကို ဆက်လုပ်မလဲ။ စသဖြင့် ဆင်ခြေတွေ ပေးကြည့်စမ်းပါ။ သက်သာလှသမှ လွန်လို့။ ဆင်ခြေများများပေးနိုင်ရင် များများကျရှုံးတာပေါ့။ ဝန်ထမ်းဆိုရင်တော့ အထက်လူကြီးတွေက ကိုယ့်ကို မယုံတော့ဘူးပေါ့။ ဒီတော့ ဆင်ခြေပေးမလား။ နည်းနည်းလေး စလုပ်ကြည့်မလား။

၂။ အကြွေးမထားပါနဲ့။ အကြွေးမထားပါနဲ့ဆိုတာ ပိုက်ဆံကြွေးမဟုတ်ဘူးခင်ဗျ။ သင်လုပ်သင့် လုပ်ရမယ့် အလုပ်ကြွေးတွေကို ပြောတာ။ အနောက်တိုင်း ဇာတ်ဝင်တေးတစ်ပုဒ်ကြားဖူးတယ်။ မနက်ဖန်လုပ်ရမယ့် အလုပ်ကို အခုလုပ်ကြစို့ဆိုပြီး ဆိုထားတာ။ ဟုတ်တယ်။ မနက်ဖန်မှာ လုပ်ရမယ့်အလုပ်ကို မနက်ဖန်မှ လုပ်မယ်ဆိုရင် မနက်ဖန်က မပြီးတတ်ဘူးလေ။ နောက်နေ့ဆိုရင် ပိုဆိုးပေါ့။ ပြီးတော့ ကျွန်တော်တို့က အကြည်တော်က ဟာသပြော ပြောသလို မနက်ဖန်အထိ ရွှေ့လို့ရတဲ့ အလုပ်ကို ဒီနေ့လုံးဝမလုပ်မိစေနဲ့ ဆိုတဲ့ ကျင်းထုံးကြီးကို ကျင့်နေကြတာဗျ။ ဒီတော့ အကြွေးမထားနဲ့။ အလုပ်ကြွေးမှန်သမျှ အခု ပြီးအောင်လုပ်။

၃။ ကျရှုံးမှာကို ကြောက်ပါ။ “ဟာ ဒါတော့မှားတယ်။ ကျရှုံးမှာ မကြောက်တဲ့သူ ဘယ်သူ ရှိမလဲဗျ” လို့ မေးချင်စရာ ပြောချင်စရာ ဖြစ်နေကောင်း ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကြောက်တယ်ဆိုတာကိုက တကယ်ကြောက်တာလားဆိုတာ ရှိသေးတာဗျ။ တော်တော်များများက ဖြစ်ကာမှ ဖြစ်ရော ဆိုပြီး ထားတတ်ကြတယ် မဟုတ်လား။ နောက်တခုက မဖြစ်လောက်ပါဘူးဆိုပြီးတော့လည်း ထားတတ်ကြသေးတယ်။ သေသေချာချာ တိတိကျကျ ဖြစ်ဖြစ်မြောက်မြောက် လုပ်တာမျိုး မရှိဘဲ ပေါ့ပေါ့လျော့လျော့ လုပ်တတ်တဲ့အကျင့်ကို ရှောင်တတ်ပါမှ ဒီဘေးက လွတ်မှာ ဖြစ်ပါတယ်။

၄။ အချိန်မဆွဲပါနဲ့။ Mood မဝင်သေးလို့။ ဖီးလ်မလာသေးလို့။ ခဏလေးစောင့်။ ဘယ်သူလာမှ စလုပ်ကြရအောင်။ ရာသီဥတုသာယာတဲ့နေမှ လုပ်ကြတာပေါ့။ စသဖြင့် ရွှေ့ခဲ့တဲ့ အချိန်ပေါင်းများစွာကြောင့် နောက်ကျခဲ့ပေါင်း အမြန်လုပ်လိုက်ရတဲ့အလုပ်ပေါင်း မနည်းတော့ဘူးမဟုတ်လား။ ဖြစ်တတ်တာက မနက် အိပ်ယာလေးထရင် ငါးမိနစ်လောက် မှေးဦးမှပါလေကနေ စတယ်။ နိုးနိုးချင်းထလည်း အတူတူပဲကို အဲလိုလေး အိပ်ရမှ အိပ်ရေးက ဝတယ်လို့ထင်ရတယ်ဆိုတော့ အထင်ကို ဦးစားပေးနေသလို ဖြစ်နေတာပေါ့။ ဒီတော့ နောက်ထပ် ငါးမိနစ်လောက် ဆိုတာကနေ စဖြတ်ပါ။ အခုလုပ်ပါ။

၅။ လူတွေ ကျေနပ်ဖို့ မလုပ်ပါနဲ့။ သူများတမျိုးထင်သွားမလား။ သူများမှ ကြိုက်ပါ့မလား စသဖြင့် မစဉ်းစားနဲ့။ သင်လုပ်နေတာ ဘယ်သူကြိုက်ဖို့မှ မဟုတ်ဘူး။ သင်ကြိုက်ဖို့ဖြစ်တယ်။ သင်လုပ်နေတာ သူများ ကျေနပ်ဖို့ မဟုတ်ဘူး။ သင်ကျေနပ်ဖို့ ဖြစ်တယ်။ သူများကျေနပ်တဲ့ အလုပ်ကို လုပ်ရအောင် သင့်ကို ဘယ်သူက ဘာပြောပြီး စောင့်ကြည့်နေလို့လဲ။ သင့်ကို ဘယ်သူမှ စောင့်ကြည့်မနေဘူး။ သင့်ကိုသင် သိပ်ဟုတ်လှပြီ ထင်မနေနဲ့။ ဒီတော့ သင်ကြိုက်တာ သင်လုပ်။ လက်ရှိ အမေရိကားသမ္မတကြီး ထရမ့်လိုပေါ့။ ဖိလစ်ပိုင် သမ္မတကြီး ဒူတာတေးလိုပေါ့။ လုပ်လိုက်။

၆။ အောင်မြင်မှုကို တဆင့်တည်း သတ်မှတ်မထားပါနဲ့။ တချို့က ဒီအဆင့်အောင်ရင် တော်ပြီ။ ဒါလေးပြီးရင် ရပြီဆိုပြီး အောင်မြင်မှုကို တဆင့်လောက်နဲ့ သတ်မှတ်ထားကြတယ်။ အဲလိုသတ်မှတ်ထားပြီးတဲ့နောက် သတ်မှတ်ထားတဲ့အဆင့်ကို တကယ်ရောက်သွားတဲ့အခါ ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင် ဖြစ်သွားတတ်ကြတယ်။ ပီကာဆိုလိုပေါ့။ စျေးကြီးတဲ့ ပန်းချီဆွဲနိုင်ဖို့ အောင်မြင်ဖို့ ပန်းချီဆွဲနေရရင်ကို ကျေနပ်နေတာ။ အောင်မြင်မှုကို အဲလိုသတ်မှတ်ပါ။

၇။ တွေးပူပြီး မနေပါနဲ့။ လူတွေဟာ နေ့စဉ်ပျဉ်းမျ တစ်ရက်ကို အကြိမ် ၅၀၀၀၀ သောက် ဆန့်ကျင်ဘက် အတွေးကို တွေးမိကြတယ်။ ၁.၆ စက္ကန့်ကြာတိုင်း ဆန့်ကျင်ဘက် အတွေးဝင်တယ်။ ကယ်မဲ့သူ ကူမယ့်သူမရှိ နာကျင်မှုအပြည့်ဘဝကိုသာ လူတွေကို ပိုပိုတွေးတတ်လေ့ရှိတယ်။ အနာဂတ်အတွက် စိတ်ပူတယ်။ ချစ်သူကအစ ဆွေမျိုးသားချင်းအတွက် စိတ်ပူတယ်။ ဖြစ်လာမလား မဖြစ်လာမလား မသေချာတဲ့ အတွေးတွေတွေးပြီး စိတ်ပူတယ်။ ဘဝအတွက် သေခြင်းအတွက် ကျန်းမာရေး စီးပွားရေး စာမေးပွဲ စသဖြင့် တွေးပူနေတတ်ကြတယ်။

၈။ ကိုယ့်ကိုယ်ကို နှိမ်ချပြီး မပြောပါနဲ့။ တချို့က ကျွန်တော်က ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က ဘာမှ မသိပါဘူးအဲလို စကားပလ္လင်ခံတတ်လေ့ရှိတယ်။ ဒီခေတ်က အဲလိုပလ္လင်ခံတာနဲ့ အဲလူကို အဲလို တစ်ခါတည်း ထင်ကြတော့တာပါပဲ။ ဒီတော့ နှိမ့်ချသင့်မှ နှိမ့်ချပါ။

၉။ တပါးသူကို ကောက်ချက်မချပါနဲ့။ ကျွန်တော်တို့က သူတပါးကို မြင်မြင်ချင်း ကောက်ချက် ချတတ်တဲ့ အလေ့အကျင့်ကြီးက စွဲနေတယ်။ မြင်တာနဲ့ ဘာမှမဟုတ်လောက်ပါဘူးလို့ တွေးတတ်တယ်။ မြင်တာနဲ့ ဇွတ်အထင်ကြီးပစ်တတ်တယ်။ ဆန်ကောင်းမကောင်း ထောင်းကြည့်မှသိတယ်။ လူကောင်းမကောင်း ပေါင်းကြည့်မှသိတယ်ဆိုတဲ့ မြန်မာစကားပုံကြီးကို မမေ့ကြပါနဲ့လို့ မှာချင်တယ်။

၁၀။ သင့်ဘေးမှာ အဆိုးမြင်ရှိတဲ့သူတွေ မထားပါနဲ့။ သင်ကဖြင့် မလုပ်ရသေးဘူး။ မဖြစ်ဘူးထင်တယ်။ သင်ကဖြင့် မစရသေးဘူး။ မအောင်မြင်ဘူးထင်တယ် စသဖြင့်သင့်ကို အဆိုးဘက်က သင့်စိတ်ဓာတ်ကျအောင် စကားအမျိုးမျိုးနှင့် ပြောတတ်တဲ့ ပတ်ဝန်းကျင်တစ်ခု သင့်ဆီမှာ ရှိနေပြီဆိုရင် အဲဒီပတ်ဝန်းကျင်ကနေ ခုချက်ချင်း ထွက်လိုက်ပါ။ သင့်ကို ဆန့်ကျင်ဘက် ဆန္ဒတွေပေးနေပြီဆိုရင် သင်လုပ်သမျှ မချီးမွှမ်းဘူးဆိုရင် သင်လုပ်သမျှ ခနဲ့တဲ့တဲ့ဖြစ်နေရင် အဲဒီပတ်ဝန်းကျင်ကနေ ထွက်လိုက်ပါ။

တွေးရင်တွေးသလောက် များများကြီး ဆက်တွေးကြပါ။ ကျွန်တော်က အစလေးပဲ ဆွဲထုတ်ပြတာပါ။

Post navigation

ဒါမျိုးတွေက လွယ်ပါတယ် (၉)
ဒါမျိုးတွေက လွယ်ပါတယ် (၁၁)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress