• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁၉)

မနေ့ကနဲ့ ဒီနေ့(၁.၁၀.၂၀၁၈) နှစ်ရက်လုံးလုံး ကားဝပ်ရှော့ထဲမှာ ငုတ်တုတ်လေး ထိုင်နေရတယ်။ ဖတ်စရာ စာအုပ်လည်းမပါတော့ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ။ ပါလာတဲ့ ဖုန်းကလည်း အားက ကုန်လုနီးနီး အနေအထားမှာ ရှိနေလေတော့ သူများကို အားသွင်းကြိုးလေးငှါးပါလို့ မပြောတတ်တဲ့ ကိုယ့်အတွက် ပေတေပြီး ဖုန်းအားလေး မကုန်အောင် မသုံးဘဲနေရင်း ငုတ်တုတ်လေး အချိန်ဖြုန်းနေရတယ်။ အရင်တုန်းကလည်း ကိုယ့်မှာ အချိန်တွေ အလကားပိုနေပါတယ်။ ဒါပေမယ့် မလုပ်နဲ့လို့ ပြောခံရမှ သို့တည်းမဟုတ် မလုပ်ရတော့တဲ့ အချိန်ကျမှ လုပ်သင့်တဲ့အလုပ်ကို ပိုလုပ်ချင်ကြတဲ့ ထုံးစံသဘာဝအတိုင်း ကျွန်တော်လည်း ငါ့မှာသာ စာအုပ်ကလေး တစ်အုပ်လောက် ပါလာရင် သိပ်ကောင်းမှာ။ အဲလိုမှန်းသိရင် ဝင်းငြိမ်း ဘာသာပြန်ထားတဲ့ မယ်ဗမာ စာအုပ်ကို ယူလာပြီး ပြီးအောင်ဖတ်ပါတယ်ဆိုတဲ့ အတွေးကို ထပ်ခါ ထပ်ခါတွေးနေမိတယ်။ ဒါပေမယ့်လည်း စာအုပ်မှ ပါမလာတော့ ငါးမိနစ်ခြား တကြိမ်ဖုန်းလေးထုတ်ထုတ် သုံးမိတယ်။ ထုတ်မိတဲ့ အကြိမ်တိုင်းလည်း KBZ Mobile Baking Apk ကိုသာကြည့်မိပါတယ်။ Facebook Apk ကို ဖြုတ်ထားတာ ကြာပြီကိုး။ အော် ပိုက်ဆံတွေကလည်း Withdrawal ချည်းပါလားလို့တွေးနေရုံမှအပ ဘာမှမရှိတော့ဘူးပေါ့။ ကိုယ့်မှာ ပိုက်ဆံကုန် အချိန်ကုန်အဖြစ်တွေနဲ့သာ ကြုံနေရပါလားလို့တွေးနေမိရင်း ပိုက်ဆံကတော့ ထားပါလေ။ အချိန်တွေ ဘာကြောင့်ကုန်ရတာလဲဆိုပြီး ဒေါသနည်းနည်းထွက်မိတယ်။ ဒါပေမယ့် အချိန်ကတော့ ကုန်နေမြဲပါပဲ။ ဒီလိုနဲ့ ကျွန်တော်တို့ အချိန်ကုန်ရတဲ့ အကြောင်းရင်းတွေကို စဉ်းစားမိသွားတယ်။

၁။ စျာန်ဝင်တဲ့အချိန်ကို စောင့်ခြင်း။

ကိုယ့်ကိုယ်ကို အနုပညာသမားလို့ ခံယူထားတဲ့ ခပ်ကြောင်ကြောင် လူတွေဆီက ကြားရလေ့ ကြားရထ ရှိတဲ့ စကားတစ်ခွန်းကတော့ ဒီစကားပါပဲ။ “ကိုယ်က ဖီလင်လာမှ အလုပ်လုပ်တာ” ဆိုတာမျိုးပေါ့။ ဖြစ်ချင်တဲ့ ဆန္ဒမရှိရင် စျာန်က ဘာကိစ္စသူ့ထဲ ဝင်ရမှာတုန်း။ ဘာမှ မဖြစ်ချင်ရင် ဘာစျာန်မှ မဝင်ဘူးပေါ့။ ဒီထဲ စျာန်ဝင်မှ လုပ်မယ်လို့ပြောတာက စိတ်ရူးထချိန်မှ လုပ်မယ်လို့ပြောတာနဲ့ တူတူပဲပေါ့။  ဒီတော့ လူ့ဘဝကို အချိန်ဖြုန်းဖို့ သက်သက်ရောက်လာတာလို့ ပြောရင် သူ့အတွက် အမှန်ဆုံးပဲ။

၂။ လူတွေ ငါ့ကို ဘယ်လိုများ ပြောကြမှာပါလိမ့်။

လုပ်တောင် မလုပ်ရသေးဘူး။ ဒီလိုစိုးရိမ်ပြီး အချိန်တွေ ကုန်နေကြတဲ့ လူတွေရှိတယ်။ တချို့လည်း လုပ်နေရင်းတန်းလန်း ဒီလိုအတွေး ဝင်လာလို့ ရပ်လိုက်တဲ့သူတွေရှိတယ်။ လူတွေရဲ့ အထင်က အထင်ပဲ။ ဘာမှ ဆက်ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီအထင်ကို ကြောက်နေရင်း အချိန်ကုန်နေတဲ့ လူတွေကလည်း တပုံတပင်ပါပဲ။

၃။ ဆင်ခြေ။

ကျွန်တော်နဲ့ ကျွန်တော့် ပတ်ဝန်းကျင်မှာ အများဆုံးတွေ့ရတဲ့ အချိန်ဖြုန်းခြင်း ကိစ္စရပ် တစ်ခုပါပဲ။ စကားတစ်ခွန်း ရှိတယ်။ “လုပ်ချင်တဲ့သူမှာ နည်းလမ်းရှိသလို မလုပ်ချင်တဲ့သူမှာ ဆင်ခြေရှိတယ်” ဆိုတဲ့ စကားပါပဲ။ ဘယ်ကိစ္စမှာမဆို ဆင်ခြေကို ပုံးပေါလအော ပေးချင်သလောက်ပေးလို့ ရနိုင်ပါတယ်။ ကျွန်တော်တို့ ဆင်ခြေတွေနဲ့ အကြောင်းပြချက်တွေနဲ့ အချိန်ဖြုန်းနေကြပါတယ်။

၄။ လူတိုင်းသဘောကျနိုင်မယ့် အခြေအနေ။

စကားတစ်ခွန်းရှိတယ်။ လူတိုင်းကို ပျော်စေချင်ရင် ဘယ်တော့မှ ခေါင်းဆောင်မလုပ်ပါနဲ့တဲ့။ မှန်ပါတယ်။ ခေါင်းဆောင်လုပ်ပြီဆိုရင်တော့ လုပ်သင့်တာကို လုပ်နေရတာနဲ့ ကိုယ့်အောက်က လူတွေပျော်ဖို့ မပျော်ဖို့ကို သတိထားမိမှာ မဟုတ်ပါဘူး။ အဲလိုပဲ။ လူတိုင်း သဘောကျနိုင်မယ့် လူတိုင်း စိတ်ချမ်းသာ ပျော်ရွှင်မယ့် အခြေအနေကို စောင့်နေရင်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာပါပဲ။

၅။ မိမိကိုယ်မိမိ ပြန်လည်ယှဉ်ပြိုင်ခြင်း။

မနေ့က ငါထက် ဒီနေ့ကငါ ပိုတော်ရမယ်ဆိုပြီး အလုပ်တစ်ခုကို ဖိလုပ်နေတတ်တာမျိုး။ ပြောင်းလဲသင့်ပေမယ့် မပြောင်းလဲရဲဘဲ တသမတ်တည်း ရပ်တည်နေကြတဲ့ လူတွေရှိတယ်။ ကိုယ့်ကိုယ်ကို ပြန်လည်ယှဉ်ပြိုင်နေခြင်းဟာလည်း အချိန်ဖြုန်းခြင်းပါပဲ။

၆။ တူညီတဲ့အမှားများအတွက် မပြင်ဆင်ခြင်း။

တူညီတဲ့ အမှားတွေကို ထပ်ခါ ထပ်ခါလုပ်တယ်။ အဲဒီအမှားကိုလည်း မဆင်ခြင်ဘူး။ အဲဒီလိုမျိုးကို ကျွန်တော်ကတော့ ထပ်ခါ ထပ်ခါ မှားပြီးရင်း မှားနေမိတယ်။ အားလုံးလည်း အဲလိုပါပဲ။ နောက်တမျိုးက မနက်ဖန် ဆေးလိပ်ဖြတ်မယ်။ အရက်ဖြတ်မယ်။ ဆေးဖြတ်မယ်နဲ့လုပ်ပြီး နောက်ရက်မှလို့ လုပ်တာလည်း မနည်းမှ မနောပါပဲ။ ဒီလိုနဲ့ အမှားသံသရာထဲမှာ လည်နေတဲ့သူတွေ ဒုနဲ့ဒေး။ ကျွန်တော်ကတော့ ပန်းရံတွေ လက်သမားတွေကို နောက်တစ်ခါ ဆက်ငှါးမိတဲ့ ဒုတိယမ္ပိအမှားတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေမိတာ။

၇။ ပြည့်စုံခြင်းဝါဒ။

တစ်ခုခု လုပ်ဖို့ ဘာလိုသေးတယ်။ ညာလိုသေးတယ်။ အသက် ဘယ်လောက်ရမှ လုပ်မယ်။ ဘာအဆင့်ထိ ရောက်မှ လုပ်မယ်ဆိုတဲ့ ပြည့်စုံခြင်းဝါဒကို ကိုင်ထားသူတွေလည်း အချိန်ဖြုန်းတာပါပဲ။ ပြည့်စုံမှ လုပ်မယ်ဆိုရင် ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

၈။ ဦးစားပေး မရှိခြင်း။

အလုပ်တွေကို ကြုံရာကျပန်းလုပ်နေခြင်းဟာလည်း အချိန်ဖြုန်းခြင်းပါပဲ။ မြေတွေ အများကြီးပိုင်တဲ့ သူငယ်ချင်း တယောက်ပြောဖူးတယ်။ သူ မြေတကွက်ပိုင်ဆိုင်ရမယ်။ အဲဒီမြေကွက်က ဘယ်လောက်ရှိရမယ်။ ဘယ်လိုရှိရမယ်ဆိုပြီး သူပိုက်ဆံတွေကို ရှာခဲ့တယ်။ စုခဲ့တယ်။ အဲဒီမြေကွက်မရမချင်း သူပိုက်ဆံတွေကို အလဟဿလုံးဝ မဖြစ်စေခဲ့ဘူးတဲ့။ ဟုတ်ကဲ့။ ကျွန်တော့်ဆီမှာတော့ အဲလို လုံဝမရှိခဲ့ပါဘူးခင်ဗျာ။

၉။ ကျရှုံးမှာကို ကြောက်ခြင်း။

လုပ်လိုက်ရင် ဖြစ်ပါ့မလားလို့တွေးနေတာ။ အရှုံးတွေကို တွက်ဆတာ။ အရှုံးတွေနဲ့ ကြုံတွေနေရတဲ့သူတွေကို သက်သေထားတာ။ စသဖြင့် ကျရှုံးခြင်းအကြောင်းတွေကို တွေးပြီး အလုပ်တစ်ခု စဖို့ အချိန်တွေကိုလည်း ဖြုန်းတတ်ကြပါတယ်။

၁၀။ မိမိဘဝထဲတွင် မိမိမနေထိုင်ခြင်း။

ကျွန်တော်မြင်နေရတဲ့ လူတွေတော်တော်များများ (ကျွန်တော်အပါအဝင်) သူများတွေရဲ့ အိပ်မက်တွေကို လိုက်ပြီး အကောင်အထည်ဖော်ပေးနေရတာနဲ့ အချိန်ဖြုန်းကြတာပါပဲ။ ငါတို့ ဆရာက သူဌေးက ဘော့စ်က ဥက္ကဋ္ဌက မန်နေဂျာက ဘယ်လိုဖြစ်ချင်တာတဲ့ဆိုပြီး ကိုယ့်ဆန္ဒကို မြိုသိပ်နေကြတဲ့သတွေလည်း ရိုက်သတ်လို့ မကုန်နိုင်အောင်ပါပဲ။ တချို့ဆို ကိုယ့်ဘဝကိုပါ ဖြုန်းတီးပစ်တယ်။ တနေ့က မြေတကွက်အရောင်းအဝယ်ကိစ္စတစ်ခုနဲ့ ပတ်သက်လိုက်ရတယ်။ မြေပိုင်ရှင်က သူ့မြေထဲကို သူများတွေ ခြံစည်းရိုးဝင်ကျော်စိုက်ခံရတယ်လို့ လာပြောတယ်။ အဲဒါနဲ့ သွားကြည့်ဖြစ်တယ်။ လာကျော်စိုက်တဲ့သူက ကမ္ဘောဇဘိလပ်မြေစက်ရုံက အလုပ်သမား။ ခံရသူက နောင်ချိုရွာသား။ ကျွန်တော်က စဉ်းစားတယ်။ ကမ္ဘောဇဘိလပ်မြေစက်ရုံပိုင်ရှင် ဦးအောင်ကိုဝင်းကများ ဒီအလုပ်သမားကို အခွင့်အရေးတွေ ဘာတွေ ပေးလိုက်လို့များ ကမ္ဘောဇဘိလပ်မြေစက်ရုံအတွက် မြေတွေ ခိုးပေးနေသလားပေါ့။ ဆရာကျောင်းကတော့ ဒီမြေကိစ္စကို သိမှာမဟုတ်ဘူး။ ဒီလို ဘဝကိုပါ ဖြုန်းတီပစ်သူတွေလည်း ရှိတတ်ကြတာပါပဲ။

ကဲ အချိန်တွေဖြုန်းဖို့ ဘဝတွေဖြုန်းဖို့ နည်းလမ်းတွေကတော့ အများကြီးပါပဲလေ။

Post navigation

ဒါမျိုးတွေက လွယ်ပါတယ် (၁၈)
အောက်တန်းကျခြင်း အနုပညာ (၃)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress