• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေကျတော့ ခက်တယ် (၁)

မသိဘူး။ ရေးမယ်။ မရေးလို့မဖြစ်ဘူး။ ကျွန်တော့်စိတ်ရင်းအမှန်တွေကို ရေးပြချင်တာ။ ကျွန်တော် ခံစားနေရတာတွေကို ရေးပြချင်တာ။ အဲဒါကို အခြေခံအနေနဲ့ ဒါမျိုးတွေက လွယ်ပါတယ်ဆိုပြီး လျှောက်ရေးခဲ့တာ။ တကယ်တမ်း ကျွန်တော်ရေးချင်တာက ဒါမျိုးကျတော့ ခက်တယ်ဆိုတဲ့အပိုင်း။ ကျွန်တော်ဟာ တာရာမင်းဝေရဲ့ နာမည်ကျော် ဝတ္ထုစာအုပ် တစ်အုပ်ရဲ့ နာမည်လို “အနေအထိုင် မတတ်တဲ့ကြယ်” ဖြစ်ရင်ဖြစ်နေမယ်။ ဟုတ်ပါတယ်။ ကျွန်တော် အနေအထိုင် မတတ်တဲ့ကြယ်ပါ။ ခက်တာကိုပဲ လွယ်ချင်ယောင်ဆောင် လုပ်နေရပါတယ်။ တကယ်တော့ ခက်ပါတယ်။ ခင်ဗျားတို့အတွက်ပါ။ ခက်နေမယ်။ ဒါပေမယ့် ကျွန်တော့်လိုပဲ ခင်ဗျားတို့ လွယ်ချင်ယောင်ဆောင်ကြပါ။ အပိုင်းလေးတွေနဲ့လာမှာမို့လို့ ၁ လို့ ရေးပြပါရစေ။ သည်မှာတော့ တစ်ခန်းကို တခုပဲ ရေးပါ့မယ်။ ဒီပထမပိုင်းကတော့ ခေါင်းစဉ်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကျေးဇူးသိတတ်စရာ မလိုပါဘူး

သည်အကြောင်းကိုပြောတော့ တစ်ခါက ကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်ကာတွန်းတပုဒ်ကို သွားသတိရတယ်။ ဇာတ်လမ်း အစုံအစုံကိုတော့ မမှတ်မိတော့ပါဘူး။ တနေ့တော့ သမိန်ပေါသွပ်ဟာ သူ့အတာလွတ်မြို့စားကြီးရဲ့ ရန်သူတော်ကြီးကို သွားသတ်ပါတယ်။ သွားသတ်ရင်း တောမှာ အကြာကြီး ခိုခဲ့ရတဲ့အတွက် ဗိုက်အရမ်းဆာပြီး သူ့ရန်သူတော်ကြီး တင်ထားတဲ့ နတ်ကွန်းက ထမင်းနဲ့ဟင်းကို ယူစားမိလိုက်တယ်။ အဲဒီကျေးဇူးကြောင့် သူဟာ သူ့ရန်သူတော်ကြီးကို မသတ်တော့ဘဲ ရန်သူတော်ကြီးရဲ့ ဓားကို ယူပြီး ပြန်လာတယ်။ သမိုင်းထဲက ပင်းယခေတ် ငါးစီးရှင်ကျော်စွာဘုရင်လက်ထက် ငခင်ညိုတစ်ယောက် သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ စစ်ကိုင်းစားအသင်္ခယာစောယွမ်းကို လုပ်ကြံဖို့အသွား တောထဲမှာ အကြာကြီးနေလိုက်ရတဲ့အတွက် သမိန်ပေါသွပ်လိုပဲ အသင်္ခယာစောယွမ်းက နတ်တင်ထားတဲ့ ထမင်းနဲ့ အမဲသားကို စားလိုက်ရတယ်။ အဲဒီထမင်းနဲ့ အမဲသားအတွက် အိပ်နေတဲ့ အသင်္ခယာစောစွမ်းကို မသတ်တော့ဘဲ သူကိုင်တဲ့ ပတ္တမြားကျောက်စီဓားကြီးကို ယူပြီး ပြန်လာခဲ့တာပေါ့။ သမိန်ပေါသွပ်ဟာ ငခင်ညိုပြောသလိုပဲ ထမင်းတလုပ် စားခဲ့ဖူးတဲ့ကျေးဇူးရှိလို့ မသတ်တော့ဘဲ ပြန်လာခဲ့တဲ့အကြောင်းပေါ့။ သမိန်ပေါသွပ်ကို ခိုင်းလိုက်တဲ့ အတာလွတ်မြို့စားကြီး ဘာပြောသလဲသိလား။

“တသက်လုံး ငါကျွေးထားတဲ့ ထမင်းအလုပ်ပေါင်းများစွာရဲ့ ကျေးဇူးကိုကျ မထောက်ဘဲ သူများတင်ထားတဲ့ နတ်ကွန်းက ထမင်းကို ခိုးစားပြီးတော့မှ ကျေးဇူးသိတတ်ပြနေတဲ့ကောင်ကို သတ်စေ”

တဲ့လေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မှားနေတယ်။ တကယ်တော့ ကျေးဇူးဆိုတာ သိတတ်စရာ မလိုပါဘူး။ ကျေးဇူးကို သိရမယ်ဆိုတာ လောကွတ်မျှသာ ဖြစ်တယ်။ လောကဝတ်ကို တသွေမတိမ်းလိုက်လုပ်နေရမယ်ဆိုရင် ကိုယ့်အလုပ်ပျက်ပါတယ်။ ဆရာတွေ စာသင်တုန်းက “မင်းငါ့စာသင်ခန်းထဲကနေ စာသင်ပြီး စာတတ်သွားရင် ငါ့ကျေးဇူးကို သိရမယ်” ဆိုပြီး ဘယ်သူ့မှ မသင်ပါဘူး။ စာသင်တဲ့ဆရာတွေက အယူလွှဲအောင်သင်ပြီး ကျေးဇူးဆပ်ခိုင်းနေရင်လည်း မဟုတ်သေးပြန်ဘူး။ မိဘကျေးဇူး မြင့်မိုရ်ဦးဆိုပြီး ဆပ်လို့မကုန်နိုင်အောင် လျှောက်ပြောနေတာကလည်း မဖြစ်သင့်ပါဘူး။ ဘယ်မိဘကမှလည်း ငါသား ငါ့သမီးတွေ ငါ့ကျေးဇူးကို ဆပ်ရမယ်လို့ မညွန်းဆိုဖူးပါဘူး။ ကျေးဇူးဆပ်ရင်း ဘဝတက်လမ်းပိတ်သွားမယ့် အနေအထားမျိုးရောက်နေရင်လည်း ခက်ရပြန်သေးတယ်။ တွေ့ဖူးကြမှာပါ။ မိဘကျေးဇူးကြီးပိပြီး ဘဝတက်လမ်း ပိတ်နေတဲ့ကောင်တွေကို။ ကျွန်တော်ကတော့ လမ်းပိတ် မခံနိုင်ပါဘူး။ သွားမယ့်လမ်း ရှိရှိ မရှိရှိ လမ်းကို အပိတ်မခံနိုင်တာ။

ကျွန်တော့်အတွေ့အကြုံအရတော့ ကျွန်တော့်သမိုင်းမှာ “ကျေးဇူး မသိတတ်တဲ့ကောင်” အဖြစ် နာမည်ကြီးပါတယ်။ ကျွန်တော့်ကို ကျွန်တော်ရဲ့ Facebook Wall မှာ အဲလိုလာပြောခဲ့တဲ့ ဦးပဇင်း ၂ ပါးကတော့ဖြင့် ခုဆို ပရဟိတကျောင်းထိုင် ဆရာတော်တွေဖြစ်နေပါပေါ့။ ကျွန်တော်ကလည်း အမြဲတမ်း ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားပါတယ်။ သူတို့ပြုလိုက်တဲ့ ကျေးဇူးနဲ့ ငါများ တစ်ခုခုကောင်းစားသွားလေရော့သလားဆိုပြီးတော့ပေါ့လေ။ ခက်တာက ခုထိအဖြေမထွက်ဘူး။ အဲဒီတော့ ကျေးဇူးဆိုတဲ့ စကားလုံးကို ကျွန်တော်စဉ်းစားရပြီပေါ့။ ကျေးဇူးဆိုတဲ့ စကားလုံးမှာ ပါဝါရှိသလား။ သို့တည်းမဟုတ် ကျေးဇူးဆိုတဲ့စကားလုံးဟာ အသုံးချဖို့လား။ မဟုတ်ပြန်ဘူးဆိုရင် လုပ်စားဖို့လား စသဖြင့် စသဖြင့်ပေါ့။ ကျွန်တော်တို့ဟာ ငခင်ညိုလို ခိုးစားမိတဲ့ ထမင်းတနပ်နဲ့ အမဲသားကြောင့် ကိုယ့်ရန်သူတော်ကြီးကို ခွင့်လွတ်ပေးနေရသလားပေါ့။ ရန်သူတော်ကြီးဆိုတာ ကိုယ့်မျှော်လင့်ချက်တွေကို ရိုက်ချိုးတဲ့သူများကို ဆိုလိုပါတယ်။ သူတို့ကတော့ ကျွန်တော့်ကို လမ်းပိတ်ချင်ကြပုံရပါရဲ့။ ဒါပေမယ့် ကျွန်တော်က သိတတ် လိမ္မာတတ် နားလည်တတ်တယ်လေ။ ကျေးဇူးဆပ်ရမယ်လို့ ပြောပြီး လာလုပ်ပေးတဲ့ အလုပ်ဆိုလို့ တစ်ခုမှ မရှိခဲ့ဖူးလေတော့ ဘယ်သူ့ကို အဖေခေါ်ရမှာတဲ့တုန်း။

တကယ်တမ်း ကျေးဇူးဆိုတာ အချုပ်အနှောင်တမျိုးဖြစ်ပါတယ်။ ပထမတစ်ခု ဘယ်သူ့ကို ငါကျောင်းထားဖူးတယ်။ ဘယ်သူ့ကို ငါပိုက်ဆံချေးဖူးတယ်။ ဘယ်သူ့ကို ငါအလုပ်အပ်ပေးဖူးတယ် စသဖြင့် ကိုယ့်ဘက်က လိုက်ပြီးတွေးနေမယ်ဆိုရင် ကိုယ်အချုပ်အနှောင်ထဲမှာ ကိုယ်ကိုယ်တိုင် ပြန်ပိတ်မိနေသူ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက ဘယ်သူကတော့ဖြင့် ငါ့ကို ဘယ်လိုကျေးဇူးရှိလို့ ဒီကျောင်းမှာ ငါဆက်နေမယ်။ ဘယ်သူ့ကတော့ဖြင့် ငါ့ကို ပိုက်ဆံချေးဖူးလို့ ငါပြန်ကူညီမှ ဖြစ်မယ်။ ဘယ်သူကတော့ဖြင့် ငါ့ကို အလုပ်အပ်ပေးဖူးလို့ ငါအလုပ်ကို ချက်ချင်းထွက်လို့မဖြစ်သေးဘူး။ သို့တည်းမဟုတ် အလုပ်ကို ကောင်းကောင်း လုပ်ပေးဦးမှဆိုပြီး ကျေးဇူးအပြုခံဘက်ကလည်း ကိုယ့်ကိုယ်ကို ပြန်ချုပ်နှောင်နိုင်ပါတယ်။

သည်လုပ် လုပ်တမ်းကစားခြင်းအားဖြင့် “ကျေးဇူး”ဆိုတဲ့ စကားလုံးကို “မျှော်လင့်ချက်”ဆိုတဲ့ စကားလုံးအဖြစ် ပြောင်းယူပြီး မျှော်လင့်ချက် မပြည့်ဝတော့တဲ့အခါ တဖက်သားကို “ကျေးဇူးမသိတတ်တဲ့ကောင်”အဖြစ် သတ်မှတ်လိုက်ပြီး အာသာဖြေလို့ရတာကတော့ ကောင်းတဲ့ စိတ်ကျန်းမာရေးကုသနည်းအခြေအနေ တရပ်ကလွဲလို့ ကျန်တဲ့အပိုင်းကတော့ ကျေးဇူးသိတတ်ဖို့ဆိုတာ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ အလုပ်ပါ။

ဟုတ်ကဲ့။ အခု ခင်ဗျား ကျေးဇူးသိတတ်ဖို့ဖြစ်ဖြစ် ကျေးဇူးဆိုတာနဲ့ ပတ်သက်လို့ဖြစ်ဖြစ် စဉ်းစားနေရင် ခင်ဗျားဟာ ကိုယ့်ကိုယ်ကို ဒုက္ခလိုက်ရှာနေတဲ့သူပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ခင်ဗျားဟာ မရောင်ရာဆီလူးတဲ့ မျှော်လင့်ချက်သမားဖြစ်မယ်။

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress