ကျွန်တော်တို့ ဥပုသ်သီတင်း ဘုရားသွား ကျောင်းသွား တရားနာ၊ တရားဟောမဏ္ဍပ်သွား တရားနာ၊ သို့မဟုတ် ရုပ်မြင်သံကြားမှ တရားနာ၊ အသံသွင်းထားတဲ့ စီဒီစသည်များမှ တစ်ဆင့် တရားနာ ၊ စသဖြင့် စသဖြင့် တရားနာကြတယ်။ တရားနာသော်လည်း အချိန်ကုန်လူပမ်း ဘာမှ အကျိုး မရတဲ့ အဖြစ်တွေ ရှိတယ်။ တရားနာသွားတယ်။ စာအုပ်ဖတ်တယ်။ ဒါပေမယ့် တရားက မရနိုင်ဘူး။ ဘယ်လိုလူတွေလဲပေါ့။
၁။ ဟောတဲ့ တရားကို မလေးမစားနာရင် တရားက ဘယ်လိုမှ မရနိုင်ဘူး။
၂။ တရားဟောတဲ့ ပုဂ္ဂိုလ်ကို မလေးမစားလုပ်ရင်လည်း တရားက မရနိုင်ဘူး။
၃။ ကိုယ့်ကိုယ်ကို မလေးမစားလုပ်ရင်လည်း တရားက မရနိုင်ဘူး။
၎။ စိတ်ပျံ့လွင့်ပြီး တရားကို နာကြားနေရင်လည်း တရားက မရနိုင်ဘူး။
၅။ တရားအပေါ် မသင့်မတင့် နှလုံးသွင်းရင်လည်း တရားက မရနိုင်ဘူး။
၆။ ပညာမရှိ မိုက်မဲနေရင်လည်း တရားက မရနိုင်ဘူး။
၇။ ကိုယ်မသိတဲ့ အရာကို ကိုယ်သိတယ်လို့ ထင်နေရင်လည်း တရားက မရနိုင်ပါဘူး။
၈။ သူ့ဂုဏ်ကို ချေဖျက်လိုတဲ့စိတ်နဲ့ တရားနာရင် တရားက မရနိုင်ဘူး။
၉။ အပြစ်တင်ချင်တဲ့ စိတ်နဲ့ တရားဟောပုဂ္ဂိုလ်က ဘာပဲ ညာပဲ ဆိုပြီး တရားနာရင် တရားက မရနိုင်ပါဘူး။
၁၀။ ဆူးလို ငြောင့်လို တရားဟော ပုဂ္ဂိုလ်ကို ထိပါး ပုတ်ခတ်ချင်တဲ့ စိတ်နဲ့ တရားနာရင် တရားက မရနိုင်ဘူး။
အင်း ဒီဆယ်ယောက်ကတော့ ဘယ်လိုမှ တရားရနိုင်မှာ မဟုတ်ဘူး။ အကျယ်ရှင်းပြရင် ပိုရှုပ်သွားမှာ စိုးလို့ လိုရင်းလေးပဲ ရေးလိုက်ပါတယ်။