• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဆရာ

သင်တန်းပေးတိုင်း ဘဝမြစ်ပြင်ကျယ်ဆိုတဲ့ သင်ခန်းစာလေးတစ်ခု ထည့်ဖြစ်တယ်။ များသောအားဖြင့်တော့ ညဘက်မှာ ဖယောင်းတိုင်လေးထွန်းပြီး ပြောတဲ့သင်ခန်းစာပေါ့။ ည ၇ နာရီချိန်ဆိုတာက ပန်ကိရိယအလုပ်လုပ်ပြီးတော့ ခံစားလို့ကောင်းတဲ့အချိန် ဖြစ်နေလို့ပေါ့။ ဒါပေမယ့် တလောတုန်းက ဆရာနတ္ထပဲ နေ့ခင်းဘက်ကြီး အဲဒီအကြောင်းကို နေ့ခင်းဘက်ကြီး ပြောခိုင်းလို့ ပြောလိုက်ရတယ်။ အဲဒီမတိုင်ခင် Healing of Memory ဆိုတဲ့ သင်တန်းမှာလည်း နေ့ခင်းဘက်ကြီး ဘဝမြစ်ပြင်ကျယ်ကို ပြောလိုက်ရတယ်။

ဘဝမြစ်ပြင်ကျယ်ကို ပြောရတဲ့ပုံစံတွေမှာက စည်းကမ်းတွေ တော်တော်များများ ထားတယ်။ သူငယ်ချင်းက သူ့ဘဝ သူ့ဇာတ်ကြောင်းကို နှလုံးသားနဲ့ အမှန်အတိုင်း မချွင်းမချန် အစစ်အမှန်ကို ပြောနေချိန် မရယ်သင့်တာ မရယ်တာမျိုး မလှောင်သင့်တာ မလှောင်တာမျိုး အနှောင့်အယှက်တစ်ခုခုဖြစ်ဖြစ် မေးခွန်းဖြတ်မေးတာဖြစ်ဖြစ် မလုပ်ရဘူး။ ပြောတဲ့သူကလည်း တကယ့်အစစ်အမှန်ကို နှလုံးသားနဲ့ မချွင်းမချန် ပြောကြတယ်။ အဲလိုစည်းကမ်းတွေ ခဏခဏထုတ်ဖြစ်ခဲ့ပေမယ့် နောက်ဆုံး ဆရာနတ္ထနဲ့ ဘဝမြစ်ပြင်ကျယ်ကို ပြောရာမှာ ဆရာက စည်းကမ်းတွေ မထုတ်ခဲ့ပါဘူး။ ပြောချိန်ရယ် မေးခွန်းမေးချိန်ရယ်ပဲ သတ်မှတ်ပေးခဲ့တယ်။ Facilitate Skill အရမ်းကောင်းတယ်လို့ ပြောရမယ်ထင်တယ်။ သူ့ရဲ့ Facilitate Skill နောက်တခုတွေ့လိုက်ရတာက သူ့အတ္တလည်း ဖြစ်ချင်ဖြစ်မပေါ့။ သို့တည်းမဟုတ် ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒါကတော့ မဲခွဲတဲ့ စနစ်ကို သူလုံးဝမကြိုက်တာပဲ။ Facilitator မှာ အဲဒါကို ဘယ်လိုကိုင်တွယ်ရမယ် ခုထိ ကျနော် တွေးမရသေးပါဘူး။

Healing of Memory ပွဲမှာ ဘဝမြစ်ပြင်ကျယ်ကို ပြောရချိန်တုန်းကဆို Facilitator နှစ်ယောက်တောင် ဘေးကနေ ဝိုင်းဝန်းပေးတယ်။ အဲဒီတုန်းက ကျနော့်အဖွဲ့နဲ့ ကချင်က ဆရာမလေးတယောက်။ ဆရာနော်အောင်၊ ပေါင်းကူးက မြအိဖြိုး၊ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရန်ကုန်က ဗမာတစ်ယောက်နှင့်အတူ အာဖဂန်ဖာသာတစ်ယောက်တို့ပါခဲ့တယ်။ Facilitator လုပ်ပေးခဲ့သူက ဆရာနော်အောင်နဲ့ အာဖဂန်က ဖာသာပါ။ အဲဒီမှာ Facilitator နှစ်ယောက်လုံး အရမ်းတော်တယ်လို့ ချီးကျူးချင်ပါတယ်။ သူတို့ဟာ ဘေးထွက်သွားမယ့်စကားမျိုး အကြောင်းအရာများနဲ့ သွေဖယ်သွားမယ့် စကားမျိုးကို သတိထားပြီး နားထောင် ထိန်းသိမ်းနိုင်ခဲ့ရုံမက ကျနော်တို့အားလုံး လမ်းမှန်အပေါ်မှာ ဆွေးနွေးနိုင်အောင် လမ်းပြပေးနိုင်ခဲ့ကြတယ်။

ကျနော် သင်တန်းပေးတိုင်းလည်း “ငါက မင်းတို့ကို ဆရာလုပ်မှာ မဟုတ်ဘူး၊ မင်းတို့ သိသွားအောင် နည်းလမ်းပြပေးမှာ၊ အဲဒီအတွက် ငါက မင်းတို့အတွက် ဆရာဆိုတဲ့ အနေအထားမှာထက် Facilitator ဆိုတဲ့ အဆင့်မှာဆိုရင် ပိုသင့်တော်မလား” လို့ပြောတတ်ခဲ့တယ်။

ကျနော့်မှာ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ပြည့်စုံတဲ့ မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဆရာနတ္ထနဲ့ နောက်ဆုံးပြောခဲ့တဲ့ ဘဝမြစ်ပြင်ကျယ်မှာ ဆရာက သင့်ရဲ့ ငါးနှစ်အရွယ်ကို စဉ်းစားပါ၊ သင့်ရဲ့ ခြောက်နှစ်မှာ ဘာဖြစ်နေလဲ စဉ်းစားပါ၊ သင့်ရဲ့ ခုနှစ်အရွယ်မှာ သင်ဘယ်သူတွေနဲ့ ဆက်ဆံနေရတယ်ဆိုတာ ပြန်တွေးပါ။ သင့်ရဲ့ ရှစ်နှစ်မှာ သင်ဘယ်ရောက်နေလဲ ပြန်သတိရပါဆိုပြီး  တစ်နှစ်ချင်းစီ ပြောရာမှာ ငါးနှစ်က စပြီးပြောတော့ အတွေးက ငါးနှစ်အရွယ်ကိုပဲ မှတ်မှတ်ထင်ထင် ဖြစ်နေပြီး တကယ်ပြောဖြစ်တော့ မူလတန်းတုန်းက ဆရာတွေ အကြောင်း မဟုတ်ဘဲ ငါးတန်းမှာ သမိုင်းသင်တာ အရမ်းကောင်းတဲ့ နာမည်မမှတ်မိတော့တဲ့ ဆရာမ အကြောင်း ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ကို အသိအမှတ်ပြုခဲ့တဲ့ ဆရာမဆိုလို့ သူတယောက်ပဲ ရှိခဲ့ပြီး ကျန်တဲ့ ဆရာအားလုံးက ကျနော့်ကို မုန်းခဲ့ကြလို့ပေါ့။

နောက် မပြောဖြစ်ခဲ့တဲ့ ဆရာအကြောင်းကတော့ မန္တလေး မစိုးရိမ်မှာ နေတုန်းက ဓမ္မဝေဒဂူမှာ နေတဲ့ စာချဆရာတော် ဦးဝိဇယဖြစ်ပါလိမ့်မယ်။ သူ့ကြောင့်သာ သင်္ဂြိုဟ်ကို ကောင်းကောင်းနားလည်ခဲ့တာပါ။ ဒါပါပဲ။ မှတ်မိတဲ့ ဆရာတွေကို ပြောပါဆိုရင် ဒါပါပဲ။ မရှိတော့ပါဘူး။

ကျနော့်ဘဝမှာ ကျနော်ဟာ ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် ကိုယ်နေခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာမှန်သမျှ တယောက်မှ ကိုယ့်ကို မကြည်ခဲ့ဘူး။ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုနှင့် ပြည့်ခဲ့ပုံပေါ့လေ။ တောင်ကြီးမှာနေတုန်းကဆို ကျွဲရိုက် နွားရိုက် အရိုက်ခံရတာ ကိုယ်ပဲ။ ခုထိ မြင်ကွင်းတွေက မပျောက်သေးဘူး။ ကျောပေါ်မှာ ရှိန်းခနဲ ဖြစ်နေတုန်းပဲ။ ကြိမ်တွေ ဝေ့တာမြင်ရင် ခုထိ ကျနော်လန့်နေတုန်းပါ။ အဲလိုဖြစ်အောင် လုပ်ခဲ့တဲ့သူတွေက ကျနော့် ဆရာဆိုတဲ့ သူတွေပါပဲ။ ကျွန်တော့်ကို တကယ်ကောင်းစေချင်ခဲ့သလားဆိုတာကတော့ ခုထိ ကျနော် တကယ်မသိသေးပါဘူး။

ပြန်တွေ့တော့ မင်းကို ငါကျွဲလို နွားလို ရိုက်ခဲ့လို့ မင်းအခုလို လိမ္မာနေတာလို့ ဘယ်သူမှ မပြောပါဘူး။ မင်းဘာလုပ်နေလဲဆိုတဲ့ အထင်သေးအမြင်သေးအကြည့်နဲ့ အကြည့်ခံရမြဲပါပဲ။ ဘယ်လောက်ထိ အထင်သေးနေသေးသလဲ ဆိုရင် “မင်း ကိုရင်တွေ မွေးပြီး အလှူခံစားနေတာဆို” လို့ တိုက်ရိုက်လာပြောသွားပါတယ်။ သူတို့က ကျွန်တော့်ဆရာတွေပါ။

တလောကလည်း သင်တန်းပေးနေတုန်း “မင်းတို့ကြောင့် အာစရိယဂုဏော အနန္တော ဆိုတာ ပျက်ကုန်ပြီ၊ ငါတို့ ဗုဒ္ဓဘာသာမှာ အနန္တော အနန္တငါးပါးဆိုတာ ရှိတယ်၊ မင်းတို့က မင်းတို့ကို မင်းတို့ Facilitator, Facilitator နဲ့ ပြောပြောနေတာ မင်းတို့တွေ ဗုဒ္ဓဘာသာရဲ့ ထုံးစံကို ဖျက်ဆီးနေကြတာပဲ၊ မင်းတို့ကောင်တွေက သင်တန်းတွေတက်ပြီး ဘာသာမဲ့နေကြတာ” ဆိုပြီး ပစ်ပစ်နစ်နစ် အပြောခံရပြန်တယ်။ ဆရာပါပဲ။

ဟုတ်ကဲ့ပါဗျာ။ အာစရိယဂုဏော အနန္တောပါ။

Post navigation

ကြောင်
ကျေးဇူး

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress