ကျွန်တော် ဤသို့ဖြေခဲ့သည် မေး မေးချင်တာက စိတ်ပညာစာအုပ်တစ်အုပ်မှာ တရားထိုင်ရင်း ရူးလို့ စိတ္တဇ ဆေးရုံရောက်လာတာများတယ်လို့ နာမည်ကြီး ဆရာဝန်တစ်ယောက်က ပြောထားတာ တွေ့ဖူးတယ်။ တရားထိုင်ရင် တကယ်ရူးပါသလား။ စိတ်ပညာ စာအုပ်က ဆရာကြီးက အခိုင်အမာ ဆိုထားလို့ပါ။ ဖြေ တရားထိုင်ခြင်းကြောင့် မရူးနိုင်ပါ။ ရူးခြင်းရဲ့ အစမှာ လောဘ , ဒေါသ, မောဟလွန်ကဲခြင်းပါဝင်ပါတယ်။ တရားထိုင်တယ်ဆိုတာ လောဘ ဒေါသ မောဟကို စင်ကြယ်သွားအောင်လုပ်တာပါ။ သောကမီးဝိုင်းလို့ ရူးသွပ်နေတဲ့ ပဋာစာရီဟာ တရားထိုင် တဲ့ အကျိုးနဲ့တူတဲ့ ၀ိပဿနာတရားကို နာကြားရလို့ အရူးရောဂါ ပျောက်သွားပါတယ်။ ဒေါင်းနွယ်ဆွေနဲ့ တက္ကသိုလ်ဘုန်းနိုင် မေးမြန်းခန်းမှာလည်း တက္ကသိုလ်ဘုန်းနိုင်က ဒီအကြောင်းကို ရှင်းလင်းဖူးပါတယ်။ အတိအကျ မမှတ်မိပါ။ မိန်းကလေးကြောင့် အသည်းကွဲသူ အများအပြားရှိပါသော်လည်း အသည်းကွဲသူတစ်ယောက်က မိမိကိုယ်ကို တံတားပေါ်မှ ခုံချသတ်သေသွားသည်ကိုတွေ့ရ၍ မိန်းကလေးတွေ မကောင်းတော့ဘူး။ မိန်းကလေးတွေဟာ အသည်းစားဘီလူးမလို့ သွားပြောလို့ မဖြစ်ကြောင်း ပြောပါတယ်။ ၁၀ တန်းကျသူ အများအပြားရှိပါတယ်။ ဒီထဲ တစ်ယောက်က သူ့ကိုယ်သူ သတ်သေသွားတယ်။ ၁၀ တန်းစာမေးပွဲကြီး မကောင်းလို့ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ မေးခွန်းမှာ တရားထိုင်ရင် လို့ပါပါတယ်။ ကျွန်တော်တို့ ဘုရားရှင်က မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လိုက်ခိုင်းပါတယ်။ တစ်ချို့က ဒီလမ်း စဉ်ကို ကောင်းကောင်း သဘောမပေါက်တဲ့အတွက်ဖြစ်တတ်ပါတယ်။ တစ်ချို့က ထိုင်လိုက်တာ ကြွားဖို့ဖြစ်နေတတ်တယ်။ တွေ့ဖူးပါတယ်။ ကျွန်တော်က ကျွန်မက ဘယ်လိုတရားထိုင်နိုင်တယ်။ ဘယ်လောက်တရားထိုင်နိုင်တယ်။ စသဖြင့် စသဖြင့် …. သေချာတယ်။ အဲလို ကြာလာရင် ရူးမှာပါပဲ။ ကိလေသာငြိမ်းဖို့ တရားထိုင်တာကို ကိလေသာပွားဖို့ဖြစ်နေတယ်လေ။ နောက်တစ်ခုဖြစ်နိုင်တာက တရားထိုင်ဖို့ ညွန်ပြသူ နည်းလမ်းမကျတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပမာ… ဘိုးတော်လိုင်းဘက်ရောက်သွားတာ။ တရားထိုင်တဲ့ အခါ လမ်းမှန်ကို ရွေးချယ်နိုင်ပါစေ 0 0 votes Article Rating Related Posts နောင်တောင်း (၁) 3 Box Analysis ငါနေတဲ့ကျောင်း Subscribe Notify of new follow-up comments new replies to my comments Label {} [+] Name* Email* Website Label {} [+] Name* Email* Website 0 Comments Inline Feedbacks View all comments