မြန်မာနိုင်ငံမှာ ပထမဦးဆုံး အာဏာသိမ်းတဲ့ နှစ်က ၁၉၅၈။ အဲခုနှစ်မှာ အာဏာသိမ်းတာက “တည်မြဲနဲ့ သန့်ရှင်း” ဆိုပြီး သူတို့ဖွဲ့တဲ့ ပဆပလမှာကိုပဲ ကွဲပြဲနေကြလို့ ဦးနုက ရေဒီယိုကနေတဆင့် အာဏာလာယူတော့ဆိုလို့ ဦးနေဝင်းက အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ခြောက်လပဲ သိမ်းမယ်လို့ ပြောပေမယ့် ၁၈ လကြာခဲ့တယ်။ ဒီနှစ်တွေမှာ ဗင်နီဇွဲလား၊ ပါကစ္စတန်၊ အီရတ်နှင့် ပြင်သစ်မှာလည်း အာဏာသိမ်းမှု
Before and After Coup
သာသနာတော်နှစ် ၂၅၆၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရလ (၁) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မြဝတီရုပ်မြင်သံကြားကနေ ဒုတိယသမ္မတက အာဏာလွှဲပြောင်းယူပြီး အာဏာသုံးရပ်ကို စစ်တပ်သို့ အပ်နှင်းကြောင်း ကြေငြာပြီး စစ်တပ်အာဏာသိမ်းမှုတစ်ရပ် ဖြစ်ခဲ့တယ်။ အဲဒါတွေအပေါ် သိမီသလောက်လေး တွေးကြည့်ပါဦးမယ်။ အားလုံးက
တာဇံတောလား
ငယ်ငယ်တုန်းက စာ စစသင်ချင်းမှာပဲ ဘဝင်မကျဖြစ်ခဲ့ရတဲ့ စာလုံး တလုံးနဲ့တွေ့တယ်။ “ရွာသူ သားငယ်တို့ကဲ့သို့ မြူးတူးပျော်ပါး ကစားချင်းငှါ” ဆိုတဲ့စာလုံး။ ဘဝင်မကျ အခဲမကြေပေမယ့် ဘဝင်ကျကျ မကျကျ အဲဒီခေတ်က နားမလည်တဲ့ စာကို ထမေးခွင့်ရှိတဲ့ခေတ်မဟုတ်တော့ အောင့်သက်သက်နဲ့ပဲ သင်ယူလိုက်တယ်။ ကိုယ်စာသင်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ “နားလည်သလားဟေ့” လို့မေးလိုက်တဲ့အခါ “နားလည်ပါတယ်ဘုရား” ဆိုတဲ့ ခေတ်ကြီးနဲ့တိုးခဲ့တာဆိုတော့ အဲဒီစာလုံးကို နောက်တခါ
ကူနီကျော့စံကွန်း
ကျွန်တော်က စတီရီယိုခေတ် ရွှေခေတ်လို့ခေါ်ကြတဲ့ ခေတ်ကို မီခဲ့တယ်။ အဲဒီခေတ်မှာ ဆိုရင်ဖြင့် သီချင်းတပုဒ်နားထောင်ခွင့်ရတာ၊ အဆိုတော်အသစ်တယောက်ကို သိခွင့်ရတာက တကယ့် အခွင့်အရေးကြီး။ အဲသည်ခေတ်မှာ Walkman ကလေးတလုံးလောက်ကို ခါးစောင်းချိတ်ပြီး နားကြပ်လေးတပ်ထားရင်ကို တကယ်မိုက်တဲ့ခေတ်ပေါ့။ ကျွန်တော်လည်း Walkman တလုံးလောက်တော့ ပိုင်ဆိုင်ခဲ့ဖူးတယ်။ သို့ပေမယ့် Sony တို့ Panasonic တို့ကို ဘယ်ကိုင်နိုင်လိမ့်မတုန်း။ တရုတ်က ထုတ်တဲ့
Hot December
ပြုံးလို့ရယ်လည်း ဒီမျက်နှာ ငိုကာ ရှိုက်လည်း ဒီမျက်နှာပဲ (တဒင်္ဂထဲက တခဏဘဝ၊ ခွန်သန်းထွန်း) ခွန်သန်းထွန်းသီချင်းများစွာထဲက ဒီ “တဒင်္ဂထဲက တခဏဘဝ” သီချင်းထဲက စာသားလေးကို စိတ်ထဲကနေ ခဏခဏရွတ်နေမိတယ်။ ဟုတ်တယ်။ လူတယောက် ပြုံးတာဖြစ်ဖြစ်၊ ငိုတာဖြစ်ဖြစ် ဒီမျက်နှာကနေပဲ လုပ်လို့ရတယ်။ ပြီးတော့ ပျော်နေသလား ဝမ်းနည်းနေသလား သိချင်ရင်လည်း ဒီမျက်နှာကိုပဲ ကြည့်တယ်။ ဒီလူရဲ့ သွင်ပြင်ကနေ
သာမဏောဝါဒ (၁)
ဘုန်းတော်ကြီးကျောင်း တော်တော်များများ မနက်အစောကြီး ထလေ့ရှိတာကို အားလုံး သိပြီးသား ဖြစ်မှာပါ။ ရဟန်း သံဃာတော်များဆိုတာက မနက်တိုင်း အရုဏ်အမီထပြီး ဘုရားဝတ်ပြုရပါတယ်။ မနက်ခင်းဆိုတာက ဆိတ်ငြိမ်တယ်။ ဘုရားရှိခိုးရ၊ တရားထိုင်ရတာ စိတ်အလွယ်တကူ ကြည်လင်လွယ်တယ်။ တခုခုကို အာရုံစိုက်ရတာလည်း ပိုလွယ်တယ်။ ဒါကြောင့် စောစောထလေ့ ရှိကြတယ်။ စောစောထပြီး မနက်ခင်းကို ဘုရားရှိခိုးတာနဲ့ စတာကလည်း ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေတယ်။
ဘေးကပ်ရက်ခုံလေးများ (၆)
ဘာ မျှော်လင့်ချက်မှ မထားခဲ့တဲ့သူဟာ သူမမျှော်လင့်တဲ့ ဘဝမျိုးနဲ့ နေထိုင်ရလိမ့်မယ်။ အခု ကျုပ်လိုပေါ့ဗျာ။ သည်နေ့ အသက် ၄၄ ပြည့်တယ်။ လေးဆယ့်လေးပြည့်တဲ့အနေနဲ့ ကျုပ်ဘဝမှာ ဘာမှ မမျှော်လင့်ခဲ့ဖူးလို့ မမျှော်လင့်တဲ့ဘဝမှာ နေထိုင်နေရပုံလေးကို ပြောပြကြည့်ချင်တယ်။ ကျုပ် ဒီကို စရောက်တော့ ကျုပ်နေတဲ့ ဇရပ်လေး (အစက ဇရပ်ဆိုပြီး ဆောက်ထားတာ၊ ကျုပ်ကို ဘုန်းကြီးလာလုပ်ပေးပါလို့ လာပင့်ပြီးတော့မှ